အခန်း (၁၈၃) သေသင့်တယ်

171 17 0
                                    


ထန်ဂျီက လီယုကို ကြောင်ကြည့်နေရင် မေးလိုက်သည်။

"ဘာလို့လဲ"

"ဘာလို့လဲ... ဘာလို့လဲဆိုတော့ မင်းကို ငါက သဘောကျလို့လေ။ ကောင်လေး မင်းက သတ္တိရှိပြီး လုပ်ရဲ ကိုင်ရဲတယ်။ တစ်ကယ့်ကောင်။ ငါက မင်းကို နောက်ဆုံး တစ်ခါ တွေ့တည်းက သဘောကျနေတာ။ ခုဆို ပိုတောင် သဘောကျသေးတယ်။ ပြီးတော့ မင်းက ပဋိကစိတ်အာရုံ ဝင်စားပြီးတာတောင် ခုထိ နေနိုင်တုန်း။ မင်းက အရိုးမာ သလို တစ်ကယ်ကို ကျောက်ရိုင်းတုံးပဲ။ ငါက တောက်ပြောင်လာအောင် သွေးပေးမယ်။ လူတွေ ပြောကြသလိုပေါ့ သူများ အမဲလိုက်တာ မြင်ပြီး ငါလည်း အမဲလိုက်ချင်လာသလိုပဲ" လီယုက ထန်ဂျီ ပါးစပ်ထဲ အသားတုံးကို ထိုးထည့်လိုက်သည်။

"ဘာတွေ တုံ့နှေးနေတာလဲ။ မြန်မြန်စားလိုက်။ အချိန်ကြာလေး စွမ်းအင် လျော့လေပဲ။ အချိန်မဖြုန်းနဲ့။ ဒီအဖိုးကြီးက ဒီအသားပဲ့သွားလို့ လဝက်လောက်တောင် ပြန်အနားယူရမှာ"

လီယု၏ လဝက်ဆိုသည့် ကျင့်ကြံမှုမှာ ထန်ဂျီ တစ်နှစ် နှစ်နှစ် ကျင့်စာလောက် အနည်းဆုံး ရှိမည် ဖြစ်သည်။ ရွှေငါးကြင်း အသားက ထန်ဂျီပါးစပ်ထဲ ဝင်လာသည်နှင့် စွမ်းအင်များအဖြစ် ပျော်ကျကာ သူ့ကိုယ်ထဲ စိမ့်ဝင်သွားသည်။ ထန်ဂျီက အရသာ ကောင်းလွန်း၍ ညီးပင် ညီးမိသည်။

"ဇိမ်ခံမနေနဲ့ မြန်မြန်ကျင့်"

"ဟုတ်ကဲ့"

သူက ချက်ချင်းပင် တင်ပလ္လင်ခွေ ထိုင်လိုက်ကာ စ၍ လေ့ကျင့်တော့သည်။

ခွဲဖြာကျင့်စဉ်မှာ ဆေးရည်စိမ်၍ စွမ်းအင် စုပ်ယူခြင်း ဖြစ်သည်။ သို့သော် သူက ပဋိကစိတ်အာရုံ ဝင်စားပြီးနောက်တွင် တစ်ကိုယ်လုံးက ဗလာသဘော ဖြစ်သွားသဖြင့် ရှိသမျှ စွမ်းအား အမျိုးမျိုးကို စုပ်ယူနိုင်လေသည်။ အသားမှ စွမ်းအင်များက ချက်ချင်းပင် ထန်ဂျီကိုယ်ထဲတွင် ပြည့်လာသည်။ ထန်ဂျီက ပင်ပန်းမှုကို မခံစားရတော့ပဲ ချက်ချင်းပင် အင်အားများ ပြည့်လာလေသည်။

"အင် ဒီကောင်လေးက လရောင်လှုံကျောင်းက ကျင့်စဉ်ကို ကျင့်တာ မဟုတ်ဘူးလား" လီယုက ကြည့်ရင်း ပြောသည်။

Dostali jste se na konec publikovaných kapitol.

⏰ Poslední aktualizace: Dec 06, 2022 ⏰

Přidej si tento příběh do své knihovny, abys byl/a informován/a o nových kapitolách!

တောင့်တမျှော်မှန်း အမတလမ်း (Aspiriring to the Immortal Path)Kde žijí příběhy. Začni objevovat