အခန်း (၆) ဝိစာရ ကျင့်စဉ်

286 39 1
                                    


ရှုမုယန်က အိပ်ယာမှနိုးလာသော အခါ စားပွဲပေါ်တွင် ရေတစ်ခွက်နှင့်အတူ ငွေနားရွက်မှုနှင့် ကြာစေ့တို့ဖြင့် ပြုတ်ထားသည့် ဆန်ပြုတ် တစ်ပန်းကန်ကို တွေ့လိုက်ရသည်။ တည်ခိုခန်းက ထိုသို့ လုပ်ပေးမည် မဟုတ်ဘဲ ထန်ဂျီသာ ပြင်ဆင်ထားခြင်း ဖြစ်ရမည်။

ထိုကဲ့သို့ အာဟာရမျိုးကား ရှုမုယန်လို အဆင့်မျိုးအတွက် ဘာအကျိုးမျှ မပေးသော်လည်း စေတနာကောင်းဖြင့် လုပ်ပေးထားသည့်အတွက်မူ ရှုမုယန်က စိတ်ထဲမှ အမှတ်ပေးမိသည်။ ထို့အပြင် ဆန်ပြုတ်မှာ အရသာကောင်းမွန်လေသည်။

နံနက်စာ စားပြီးနောက် ထန်ဂျီက ရှုမုယန်ဆီလာ၍ ဘာဆက်လုပ်ရန် အစီအစဉ် ရှိသနည်းဟု လာမေးသည်။

ထိုမေးခွန်းက ရှုမုယန်အတွက် အဖြေရကျပ်လေသည်။

သူ့အနေဖြင့် ဘာဆက်လုပ်ရန်ဆိုသည့် ရည်ရွယ်ချက် တိတိကျကျ မရှိချေ။ လေသယ်ဆောင်ရာ အတိုင်းသွားဖို့သာ။

အန်းယန်စီရင်စုသည် အရှေ့စူးစူးတွင် တည်ရှိပြီး ဆက်သွားလျှင် အဆုံးမဲ့ ပင်လယ်သာ ကျန်တော့သည်။ ကျွန်းတွေပေါ်အထိ ပြေးရလေမည်လား။ ရှုမုယန် စဉ်းစားလိုက်သည်။

ရှုမုယန်က တွေဝေနေသည်ကို မြင်သဖြင့် ထန်ဂျီက အကြံပေးစကားကို စပြောသည်။

"တစ်ကယ်လို့ ဆရာသခင်ရှုက ဘယ်သွားမယ်လို့ ရည်မှန်းမထားရင် ကျွန်တော့်မှာ အကြံတစ်ခုတော့ ရှိတယ်။ အိမ်တစ်လုံးလောက် ဝယ်နေရအောင်လေ။ အေးအေးချမ်းချမ်း ရှိတဲ့ နေရာမှာ ဒါဆိုရင် ဆရာသခင်လည်း ရောဂါ အေးအေး ကုလို့ ရတာပေါ့။

"အိမ်ဝယ်မယ်"

"ဟုတ်ကဲ့။ ပိုက်ဆံအကြောင်းတော့ မတွေးနဲ့ ရတယ်။ ကျွန်တော့်မှာ အိမ်ခပ်သေးသေး တစ်လုံးလောက် ဝယ်ဖို့တော့ ပိုက်ဆံလောက်ပါတယ်။"

"ဒါပေမယ့် အဲ့ဒါက မင်းပိုက်ဆံတွေလေ"

"အဲ့ဒီယူလာတဲ့ မြင်းတွေက ဆရာသခင် သတ်ထားတဲ့ ဓါးပြတွေရဲ့ မြင်းတွေလေ။ ဆိုတော့ ငွေက ဆရာသခင်ရှုရဲ့ ငွေတွေပဲပေါ့" ထန်ဂျီက မလျော့မတင်းသော လေသံဖြင့် ပြောသည်။ ထန်ဂျီတွင် အစပိုင်းက စိတ်ဝိဉာဉ် ဆရာသခင်ဟု ရှုမုယန်ကို ခေါ်ခဲ့သော်လည်း ယခုတွင် ဆရာသခင်ဟုသာ‌ ခေါ်တော့သည်။ ရှုမုယန်ကလည်း ဂရုမပြုချေ။

တောင့်တမျှော်မှန်း အမတလမ်း (Aspiriring to the Immortal Path)Where stories live. Discover now