အခန်း (၆၂) ရှီဖုန်းထန်

176 31 0
                                    

"သူခိုးဗျို့"

ဆုံဆည်းရာ ဥယျာဉ်အတွင်း ကျယ်လောင်သော အသံတစ်ခုက ညလေပြေအတွင်း ပျံ့လွင့်သွားသည်။

ထိုအသံက ကျောင်းသားများစွာ၏ အာရုံကို ဆွဲဆောင်သွားသည်။ အချို့သူများက အသံမည်သည့်နေရာမှ လာသည်ကို သိသဖြင့် ချက်ချင်း ရောက်လာကြလေသည်။

တစ်ခဏအတွင်းပင် ကျောင်းသား များစွာက ထန်ဂျီ၏ ကြောင့်ကြမဲ့ ခြံဝန်းရှေ့တွင် စုပြုံသွားသည်။ စောင့်ကြည့်ကျောင်းသား တစ်စုက လူအုပ်ကို ဖြတ်၍ ရောက်လာချိန်တွင် ထန်ဂျီကို ခြံဝန်းရှေ့တွင် တွေ့လိုက်ကြသည်။

"ဘာဖြစ်တာတုန်း။ မင်းက ဘာလို့ အော်တာလဲ" စောင့်ကြည့်ကျောင်းသား တစ်ယောက်က မေးသည်။

ထန်ဂျီက ထိုကျောင်းသား၏ အမေးကို ဖြေသည်။

"စီနီယာအစ်ကို၊ သူခိုးတစ်ယောက်က ကျွန်တော့်အိမ်ကို ဝင်သွားပါတယ်။ သူတို့က တစ်ခုခုကို ခိုးချင်ပုံ ရတယ်။"

လူအုပ်အတွင်းမှ အသံမျိုးစုံ ထွက်လာသည်။

လရောင်လှုံကျောင်းတော်မှာ သူတော်စင် တိုင်းပြည်တွင် အမြင့်ဆုံး ကျောင်းတော် ဖြစ်သည်။ မသေမျိုး ဆရာသခင်များက အုပ်ချုပ်ပြီး ခွင့်မပြုပါက ကြွက်တစ်ကောင်ပင် မဝင်နိုင်ချေ။ သူခိုးဝင်သည် ဆိုသည့် ကိစ္စမျိုးမှာ မဖြစ်သည်မှာ ကြာလှချေပြီ။ သို့သော် ယနေ့တွင် တစ်ခု တွေ့နေရချေပြီ။ ထိုကိစ္စမှာ ချက်ချင်းဆိုသလိုပင် လူပြောများသည့် ကိစ္စ ဖြစ်ချေတော့မည်။

စောင့်ကြည့် ကျောင်းသားများက ကြောင်သွားကြသည်။ တစ်ယောက်က မေးလိုက်သည်။

"ဘယ်သူလည်း မြင်လိုက်လား"

"ကျွန်တော် ရောက်ချိန်မှာ အတော်မှောင်နေတော့ သေချာ မမြင်လိုက်ရပါဘူး" ထန်ဂျီက ဖြေသည်။

"တစ်ခုခု ပျောက်သွားသေးလား။"

"မပျောက်ဘူး။ အခန်းထဲက ပစ္စည်းတွေ အားလုံးက နေရာ တကျပါပဲ"

"ဒါဆို မင်းက ဘာလို့ သူခိုးလို့ အော်သေးတုန်း" ထိုကျောင်းသား က ပြောသည်။

တောင့်တမျှော်မှန်း အမတလမ်း (Aspiriring to the Immortal Path)Where stories live. Discover now