အခန်း (၁၄၁) မိန်းမကြမ်း (၂)

112 19 3
                                    


"ဒီလို မကောင်းတဲ့ ပညာတွေ သင်လို့ ဘာမှ အကျိုးမရှိဘူး။ မီးရှို့လိုက်မယ်" ထန်ဂျီက ပြောသည်။

"ဒါက အကုန်လုံး မကောင်းတာတော့ မဟုတ်ဘူး" ရှုမြောင်ရန်က စာအုပ်ကို လှန်ရင်း ပြောလိုက်သည်။

"ဒီထဲမှာ တစ်ချို့ ပညာတွေက လူ့အသက်ကို မစတေးပဲ သုံးလို့ရတာတွေ ရှိတယ်။ ဒီမှာ ဒီလို တစ္ဆေထိန်း ပညာလိုပေါ့။ နင်က တစ္ဆေတွေကို အမိန့်ပေးလို့ရတယ်။ နင်လုပ်ဖို့လိုတာက တစ္ဆေကို ဖမ်းဖို့...."

"တစ္ဆေဆီ ရဖို့လည်း တစ္ဆေဆီ တည်ပြီးသား တစ္ဆေကို ဖမ်းဖို့ပဲလေ။ ဒါပေမယ့် တစ္ဆေမွေးဂိုဏ်းက ဘာလုပ်ခဲ့လဲ" ထန်ဂျီက ဖြတ်ပြောလိုက်သည်။

ရှုမြောင်ရန်က ကြောင်သွားသည်။

"ပြီးတော့ တစ္ဆေထိန်းပညာက တခြားလူကို မထိခိုက်ပေမယ့် ဒါက တစ္ဆေဂိုဏ်းရဲ့ ပညာပဲ။ နင်က အဲ့ဒီပညာကို သုံးလိုကတာနဲ့ နင့်ကို တစ္ဆေဂိုဏ်းဝင်လို့ လူတွေက တံဆိပ်ကပ်သွားမှာ။ အဲ့ဒါဆို တခြားလူတွေနဲ့ ရန်သူဖြစ်ပြီ။ နင့်အနေနဲ့ ဘာမှ မမှားဘူးလို့ ယူဆရင်တောင် တစ်လောကလုံးကို လိုက်ရှင်းပြနေမှာလား"

"ဒါက အဓိပ္ပါယ်ရှိတယ်။ ဒီတော့...." ရှုမြောင်ရန်က ခေါင်းညိတ်သည်။ သူမက ရုတ်တရက် စာအုပ်ကို ထန်ဂျီဆီ ပစ်ပေးလိုက်သည်။

"နင်လုပ်လိုက်"

ထန်ဂျီက စာအုပ်ကို ကိုင်၍ ဟိုလှန် ဒီလှန် ကြည့်လိုက်သည်။ သူက တစ္ဆေကျမ်းထဲရှိ ပညာများမှာ အတော်လေး နက်နဲ ကျယ်ပြန့်ကြောင်း သတိထားမိလိုက်သည်။ ထိုသည်ကား တစ္ဆေလမ်းစဉ်၏ တန်ဖိုးရှိသော ကျမ်းတစ်ခု ဖြစ်သည်။ ထိုသည်က အလွန်ရှားပါးသော အရာပင်။ ထို့ကြောင့် သူက မီးရှို့ရန် ချီတုံ ချတုံ ဖြစ်သွားသည်။

"ဒါပေမယ့် ဒီတစ္ဆေကျမ်းက အတော်လေး အဖိုးတန်တယ်။ မီးရှို့လိုက်တာက အတော်လေး ဖြုန်းတီးရာ ကျပြန်ရော"

ရှုမြောင်ရန်က နှုတ်ခမ်းကို မဲ့လိုက်ကာ ထန်ဂျီကို လက်ညှိုးထိုး၍ ရယ်လေသည်။

"ကြည့်အုံး ကြည့်အုံး ဟားဟား။ နင်ခု ဘာပြောလိုက်တယ်"

"ငါက သင်မယ်လို့ မပြောပါဘူး။ ငါက ဒါကို သိမ်းထားရင် အသုံးဝင်မယ် ထင်တယ်လို့ ပြောတာပါ" ထန်ဂျီက ပြောရင်း တစ္ဆေကျမ်းကို သိုလှောင်အိတ်ထဲ သိမ်းလိုက်သည်။ သူက ချီဒင်္ဂါးများနှင့် ဆေးများကို ရှုမြောင်ရန်ကို ပေးလိုက်သည်။

တောင့်တမျှော်မှန်း အမတလမ်း (Aspiriring to the Immortal Path)Where stories live. Discover now