အခန်း (၁၅၀) စည်းချင်း (၂)

127 19 0
                                    


ချီရှောက်မင်က တုံ့သွားသည်။ သို့သော် ဓါးမော့စွမ်းအင်က သူ့ဆီ တိုးဝင်လာလေသည်။ ချီရှောက်မင်က ချက်ချင်းပင် ကိုယ်ကို လိမ်၍ ရှောင်လိုက်သည်။

သို့သော် ချီရှောက်မင် အရှောင်တွင် ထန်ဂျီက ရှေ့တိုးလာ၍ စွမ်းအင်အပ်တစ်ခုကို သူ့လက်မောင်းဆီ ပစ်လိုက်သည်။

သူက ငွေတိမ်အပ်ကို မသုံးသည်မှာ ယခုက သေရေးရှင်ရေး တိုက်ပွဲ မဟုတ်၍ ဖြစ်သည်။

သူက ရွှေအပ်ကို သုံးလျှင် ချီရှောက်မင်က လက်ပင် ပြတ်လောက်ချေပြီ။

ချီရှောက်မင်က တစ်ချက် ညီးလိုက်ပြီးနောက် နောက်ထပ် ကြယ်ကြွေဓါးချက်ကို ထုတ်လိုက်ပြန်သည်။

"အသုံးမဝင်ဘူး" ထန်ဂျီက ပြန်အော်လိုက်ကာ လေလှီးဓါးချက်ဖြင့် ယခင်ကလိုပင် တားလိုက်ပြန်သည်။

သူက ချီရှောက်မင်လောက် ပညာရပ် မများသလို ချီရှောက်မင်လို မြန်မြန် မထုတ်နိုင်သော်ငြား သူ၏ လေလှီးဓါးချက်တွင် ရှိသမျှအားသွန်၍ ထုတ်နိုင်လေသည်။

သူ၏ ပြင်းလှသော ခွန်အားနှင့် လေလှီး ဓါးချက်မှာ လာသမျှ တိုက်ချက်ကို ခုတ်ဖြတ်နိုင်လေသည်။ ချီရှောက်မင်၏ ရိပ်မြန်နှင့် အေးစက်ပုံရိပ် နှစ်ခုပေါင်းကိုသာ မတားနိုင်ခြင်းပင်။

ဘုန်း... ဘုန်း... ဘုန်း

သူတို့နှစ်ယောက်က ဆက်တိုက် တိုက်ခိုက်နေသည်။ ချီရှောက်မင်က သူ၏ တိုက်ချက်များက အသုံးမဝင်သည်ကို သိလာသည်။ ရေခဲတောင် လက်ဝါးမှ အေးစက်မှုမှာ ထန်ဂျီအရှိန်ကို မလျှော့ချနိုင်ချေ။ ရေခဲအက်သံများက တညံညံ ထွက်နေသည်။

ထန်ဂျီက တောင်ပေါ်မှ ဆင်းလာသည့် ကျားရဲသို့ပင်။ သူ၏ ဓါးမော့ကို တစ်ချက်ပြီး တစ်ချက် လွှဲခုတ်နေသည်။ ထန်ဂျီ၏ ခုတ်ချက်များမှာ ရိုးရှင်း၍ တည့်တိုးကျသော်လည်း ချီရှောက်မင်က မတားနိုင်ချေ။

အေးစက်သော ရေခဲများမှာ မရှိသလို ဖြစ်နေကာ ကြယ်ကြွေခုတ်ချက်မှာလဲ အရာမရောက်ချေ။ သူက လေလျှောက်ပညာဖြင့် အရှိန်ကုန် တင်၍ လှုပ်ရှားသော်လည်း မထူးခြားချေ။ ထန်ဂျီက လာသမျှ တိုက်ချက်တိုင်းကို မရှောင်ပဲ တိုက်ရိုက်ပြန်၍ တိုက်ခိုက်နေသည်။

တောင့်တမျှော်မှန်း အမတလမ်း (Aspiriring to the Immortal Path)Where stories live. Discover now