အခန်း (၉၁) ပျံနေသော ငန်းဆီမှ အတောင်နှုတ်ခြင်း

168 31 2
                                    

ယနေ့တွင် ထန်ဂျီက နတ်ကာကွယ်ခန်းမသို့ ထပ်ရောက်လာသည်။ သူက အခန်းရှေ့ရှိ သင်ပုံးပေါ်မှ ကန်ချင်းဖုန်း၏ စံချိန်ကို တစ်ဖန် ထပ်ကြည့်နေပြန်သည်။

သူက ရုတ်တရက် ထိုစံချိန်ကို ချိုးရန် ကြိုးစားမည်ဟု စိတ်ကူး တစ်ခုရသွားသည်။ လက်ရှိတွင် သူက ထုမဲ့ရွှေခန္တာနှင့် အဏ္ဏဝါအလင်းကာကို သုံးလျှင် အမှတ်တစ်ရာ ရနိုင်မည်ဟု ယုံကြည်လေသည်။ သို့သော် အရုပ်ဆယ်ရုပ်၏ အရိုက်အနှက်ကို မည်မျှ ခံနိုင်မည်ကိုမူ မသေချာချေ။ သူက ၃၅ စက္ကန့်ထက် ပိုနိုင်လေမည်လား။

သူ၏ စိတ်ထဲတွင် အသံတစ်ခုက သူ၏ ခွန်အားကို အပြည့်အဝမဖော်ထုတ်ရန် ပြောနေသည်။ ထိုသည်က သူ့အတွက် အန္တရာယ်များ မြန်မြန် ပို၍ နီးကပ်လာနိုင်လေသည်။ သို့သော် နောက် အသံတစ်ခုက သူ၏ လက်ရှိအလားအလာမှာ ကုန်သွားပြီဖြစ်၍ ခွဲဖြာကျင့်စဉ်ကို ထပ်ကျင့်ရန် အထောက်အပံ့များ ပိုလိုပြီး ပိုတိုးတက်ရန် လိုသည်ဟု ပြောနေသည်။

ထို့ပြင် သူက နည်းနည်းလေးဖြစ်ဖြစ် တိုးတက်ရန် ထပ်လိုသေးသည်။ မည်မျှပင် တိုးတက်သည်ဖြစ်စေ ထိုသည်က သူ့အတွက် အာမခံချက်ပင်။ ထိုသို့ လုပ်ရန်မှာ သူက အရင်ဆုံး အမှတ်တစ်ရာ ရအောင်လုပ်၍ ဆုရရန် လိုလေသည်။

နောက်ဆုံးတွင် ထန်ဂျီက အဏ္ဏဝါအလင်းကာကို သုံး၍ မည်မျှ အမြင့်ဆုံး အမှတ်ရမည် စမ်းကြည့်ရန် ဆုံးဖြတ်လိုက်သည်။ သူက လတ်တလောတွင် ထုမဲ့ရွှေခန္တာကို မသုံးရန် စိတ်ကူးထားသည်။ ထို့နောက် သူက နတ်ခုခံ ခန်းမထဲသို့ ဝင်သွားလိုက်သည်။

အဏ္ဏဝါအလင်းကာကို သုံးစွဲလိုက်သဖြင့် သူက ယခင်ထက်ပို၍ ခံနိုင်လာသည်။ နောက်ဆုံးတွင် ဆယ်ခုမြောက် အရုပ်က အသက်ဝင်လာသည်။ သို့သော် ယခင်နှင့် မတူစွာ ဆယ်ခုမြောက် အရုပ် ထွက်လာသည်နှင့် အခြားအရုပ်များက နောက်ဆုတ်သွားသည်။

ဒဿမမြောက် အရုပ်က သူ၏ လက်သီးကို ဖြည်းညှင်းစွာ မြှောက်လိုက်သည်။ ထိုလက်သီးက ဘာမှ ထူးဆန်းသည့်ပုံ မရချေ။

သို့သော လက်သီးချက် ထွက်လာသည်နှင့် ထန်ဂျီက အလွန်ပြင်းထန်သော ဖိအား ခံလိုက်ရပြီး ပြေးရန်ပင် အင်အားမရှိချေ။ သူက အလွန်ပင် လန့်သွားသည်။ ထိုလက်သီးက လျင်မြန်စွာ ဝင်လာပြီး သူ၏ အဏ္ဏဝါအလင်းကာကို ဖောက်ထွက်သွားသည်ကို မြင်လိုက်ရသည်။

တောင့်တမျှော်မှန်း အမတလမ်း (Aspiriring to the Immortal Path)Where stories live. Discover now