အခန်း (၇၆) စာမေးပွဲ ပြီးနောက်

171 32 0
                                    

မဟုတ်တရုတ် စွပ်စွဲခြင်း။ ထန်ဂျီက ဘာဖြစ်နေသည်ကို သိလိုက်သည်။

ယူရှောင်ဖုန်းက အော်ချိန်တွင် ခန်းစောင့် ကျောင်းသား တစ်ယောက်က ထန်ဂျီနားတွင် ကျနေသော စာရွက်ကို ကြည့်ရင်း ရှောက်လာလေသည်။

ထန်ဂျီက သူ့လို လူတစ်ယောက် ခိုးချစရာ မလိုကြောင်း ရှင်းပြ၍ ရနိုင်ကြောင်း သိသော်လည်း စာမေးပွဲနေရာတွင် အသံမထွက်ရဆိုသည်ကို သတိရသွားသည်။ သူက ရှင်းပြလိုပါက အပြင်ထွက်ပြီးမှ ရှင်းပြရမည်။ ထိုသို့ ထွက်သွားပါက ပြန်ဝင်၍ မရတော့ချေ။ သူက အမှတ် ဆုံးမည်ဖြစ်သလို စာမေးပွဲလည်း ဖြေရမည် မဟုတ်တော့ချေ။

စာမေးပွဲ ကျသည်မှာ ပြဿနာမဟုတ်ချေ။ ပြဿနာက ကိုးလွှာကို တက်ခွင့် ဆုံးရှုံးခြင်းပင်။ ထန်ဂျီက ရုတ်တရက် ပေါ်လာသော စိတ်ကူးဖြင့် စာရွက်ကို ကောက်ကာ နှာခေါင်းနား ကပ်၍ နှာညှစ်လိုက်သည်။ ထိုလုပ်ရပ်က ခန်းစောင့် ကျောင်းသားနှင့် ယူရှောင်ဖုန်းကို ကြောင်သွားစေသည်။

ထန်ဂျီက ထိုစာရွက်ကို ဘေးနားသို့ ပစ်လိုက်ပြီး ယူရှောင်ဖုန်းအော်သည်မှာ သူ့ကို မဟုတ်သလိုဖြင့် စာဆက်ဖြေနေသည်။ ခန်းစောင့် ကျောင်းသားက စာရွက်လုံးကို ကြည့်လိုက် ထန်ဂျီ၏ အဖြေစာရွက်ကို ကြည့်လိုက်ဖြင့် "မင်းက ပြတ်သားသားပဲ" ဟု ပြောကာ ထွက်သွားလေသည်။

ထန်ဂျီက ယူရှောင်ဖုန်းကို လှည့်ကြည့်လိုက်သည်။ သူတို့မျက်လုံးများက ဆုံသွားပြီး မီးများ တောက်သွားသည်။ ယူရှောင်ဖုန်းက နှာခေါင်းရှုံ့လိုက်ကာ စာဆက်ဖြေနေသည်။ ထန်ဂျီက စိတ်ထဲတွင် မကျေနပ်ချေ။

ယူရှောင်ဖုန်းက ယခုလို လုပ်ချင်းမှာ စိတ်ကူးပေါက်၍လား ယခင်တည်းက စီစဉ်ထား၍လား အခြားသူ ခိုင်း၍လား မသိချေ။ သို့သော် သူ့ကို တိုက်ခိုက်ခဲ့မှတော့ သူက ပြန်လုပ်လျှင် မလွန်ချေ။

သူက အခြားသူများကို ရန်စချင်မှတော့ ပြန်၍ တိုက်ခံရချင်းကို ခံစားခိုင်းရမည်။ ထန်ဂျီက စိတ်ကူး တစ်ခုရသွားပြီး အဖြေများကို အေးဆေးစွာ ပြန်ဖြေနေသည်။

သူက မေးခွန်း အတော်များများ ဖြေပြီးနောက် ဝေထျန်းချောင်ဘက် မျက်နှာ မူ၍ ချောင်း ခပ်ဖွဖွ ဆိုးလိုက်သည်။

တောင့်တမျှော်မှန်း အမတလမ်း (Aspiriring to the Immortal Path)Where stories live. Discover now