အခန်း (၁၃၇) တစ္ဆေ

136 22 0
                                    


"အင်း" ယိယိက ခေါင်းငြိမ့်သည်။

"သူ့ကိုယ်က အနံ့ တစ်မျိုးရတယ်။ ဒါပေမယ့် ယိယိလည်း မခွဲတတ်ဘူး"

"အဲ့ဒါက အသေကောင် နံ့ပဲ" ထန်ဂျီက ပြောလိုက်သည်။ "အဲ့ဒီ ကောင်မလေးက သေပြီးနေပြီ"

"သေပြီ" ယိယိက ရေရွတ်လိုက်သည်။ "နင်ပြောတာက အဲ့ဒီတစ်ယောက်က တစ္ဆေလား"

"အင်းး သေချာသလောက်ပဲ။ ငါက လရောင်လှုံကျောင်းသား ဖြစ်နေပြီး ခြောက်တတ်တဲ့ တစ္ဆေနဲ့ တွေ့မှတော့ ဒီတိုင်း ကြည့်နေလို့ ပဲရမလဲ။

တစ္ဆေများမှား လေလွင့်နေသော ဝိဉာဉ်များ ဖြစ်သည်။ အသက်ရှင်သည့် သတ္တဝါများ သေသွားချိန်တွင် မပျောက်ကွယ်သွားလိုသည့် သိစိတ်အချို့က ရှိနေသည့်အခါ ဝိဉာဉ်အစိတ်အပိုင်း တစ်ချို့နှင့် ထိုစိတ်က ပေါင်းသွားပြီး စိဝိဉာဉ်(ချီ)စွမ်းအင်နှင့် ပေါင်းစည်းကာ တစ္ဆေ(သရဲ)များ ဖြစ်လာတတ်ကြလေသည်။ (အစွဲမကျွတ်တာမျိုး)

သားရဲနှင့် ရုက္ခစိုးများနှင့် မတူသည်ကား တစ္ဆေများတွင် ခန္တာကိုယ်မရှိချေ။ ထို့ကြောင့် ကျင့်ကြံရန် ခဲရင်းလေသည်။ တစ္ဆေများက သက်ရှိ သတ္တဝါများနှင့် ကပ်တွယ်ပြီး (ဝင်ပူး) ထိုသတ္တဝါများ၏ ယန်စွမ်းအင်ကို စုပ်ယူကာ အသွေးအသားကို စားသုံးတတ်သည်။ (ဖုတ်ဝင်တယ် ဆိုတာမျိုး)

သေဆုံးသူများ၏ မကျွတ်မလွတ် စိတ်မှ ဖြစ်တည်လာသောကြောင့် တစ္ဆေများမှာ အားနည်းသော်လည်း အသိဉာဏ်ရှိလေသည်။ ထိုသည်ကား သားရဲများနှင့် ကွာခြားချက်ပင်။ တစ္ဆေများက လူများကြားတွင် ကျင့်ကြံသူများ ရှိနေသည်ကို သိသဖြင့် သူတို့က အိမ်မွေးတိရိစ္ဆာန်များနှင့် တောကောင်များတွင် တွယ်ကပ်တတ်သည်။

သို့သော် လူများသည် အသိဉာဏ်မြင့် သတ္တဝါဖြစ်၍ တစ္ဆေများအတွက် ပို၍ အကျိုးရှိလေသည်။ ထို့ကြောင့် ရဲတင်းသော တစ္ဆေအချို့က လူများကို ဝင်ပူးကပ်တတ်လေသည်။ ထိုတစ္ဆေမှာ လူကို ကပ်တွယ်ပြီးနောက် ဖုတ်သွင်းကာ ဆက်၍ နေသဖြင့် အတော်လေး ရဲတင်းသော တစ္ဆေပင်။

(ဖုတ်ဝင်တယ်ဆိုတာ တစ္ဆေ/သရဲ/ပြိတ္တာ တစ်ကောင်ကောင်က သေလုမျောပါးလူကို ဝင်ကပ်ပြီး နေတာ။ နောက်တော့ လူက သေသွားပေမယ့် သူက လူအစား ဝင်နေပြီး ဆက်အသက်ရှင်နေတာ)

တောင့်တမျှော်မှန်း အမတလမ်း (Aspiriring to the Immortal Path)Donde viven las historias. Descúbrelo ahora