အခန်း (၂၄) ရိုက်နှက်ခံရခြင်း

203 33 0
                                    


"သူကို ချစမ်း။ ချစမ်း။ နာနာလေးရိုက်ပစ်"

သမာဓိဥယျာဉ်တွင် ဝေထျန်းချောင်က ပက်လက်ကုလားထိုင်ပေါ်တွင် ထိုင်နေပြီး သစ်ပင်တွင် ချည်ထားခံရသော ထန်ဂျီကို လက်ညှိုးထိုး၍ အော်နေသည်။ ဝေထျန်းချောင်၏ ခေါင်းတွင် ပတ်တီးစည်းထားပြီး သူက မြင်းပေါ်က ပြုတ်ကျစဉ်က ဒါဏ်ရာ ရသွားခြင်း ဖြစ်သည်။ သူက ယခုထက်ထိ နာကျင်နေတုန်း ဖြစ်ပြီး သူက အနာကို သတိရတိုင်း ထန်ဂျီကို ပို၍ပင် စိတ်တိုနေလေသည်။

ရှီမိုက ရေထဲတွင် ကြာမြင့်စွာ စိမ်ထားသော ကြာပွတ်ဖြင့် ထန်ဂျီကို စတင်၍ ရိုက်နှက်လေသည်။ တစ်ချက်ရိုက်လိုက်တိုင်း ထန်ဂျီ၏ ခန္တာကိုယ်တွင် သွေးသံရဲရဲ ဒဏ်ရာတွေက ပေါ်လာလေသည်။ ‌ေ

"ရွှမ်း ရွှမ်း"

ကြာပွတ်ရိုက်သံက သခင်လေး နေထိုင်ရာ အိမ်ယာဝင်းအတွင်းတွင် ပျံလွင့်နေသည်။ ထန်ဂျီ၏ ကိုယ်ပေါ်တွင် ဒဏ်ရာများ ပို၍ ပို၍ များလာသည်။ ရှီမိုသည် ထန်ဂျီ၏ ယခင်က လုပ်ရပ်များ အပေါ်တွင် အညှိုးထားလေသည်။ ထို့ကြောင့် သူက အားကုန် လွှဲလွှဲရိုက်နေပြီး ထန်ဂျီ၏ မျက်နှာကိုပင် ဦးတည်၍ ရိုက်လေသည်။ ထို့ကြောင့် ထန်ဂျီ၏ မျက်နှာမှာ သွေးသံ တရဲရဲ ဖြစ်နေသည်။

သို့သော် ထန်ဂျီက အော်သံ တစ်ချက် မထွက်ပဲ ရှီမိုကိုသာ အေးစက်စွာ ကြည့်နေသည်။

သူ၏ မျက်လုံးများကို ရှီမိုက ကြည့်၍ ကျောထဲတွင်ပင် တစ်ချက်တစ်ချက် စိမ့်သွားလေသည်။

သို့သော် တအောင့် အကြာတွင် ထန်ဂျီမှာ အပင်တွင် ကပ်ချည်ခံထားရသဖြင့် သူ့အနေဖြင့် ကြောက်စရာ မရှိကြောင်း တွေးမိသွားလေသည်။

"ခံနိုင်ရည် ရှိတယ်ပေါ့လေ" သူက သရော်တော်တောဖြင့် ပြောလိုက်သေးသည်။

သူက တစ်ချက်ပြီး တစ်ချက် ဆက်ရိုက်နေသည်။ အချက်များစွာ ရိုက်ပြီးနောက် ရှီမိုက အားပင် သိပ်မကျန်တော့ချေ။ သူက ကျာပွတ်ကို ရှီမန်ဆီကို ပစ်ပေးလိုက်သည်။

"မင့်အလှည့်။ မင်းမောသွားရင် တခြားလူကို ပေးလိုက်။ သခင်လေး မြင်းကို သတ်ရဲမှသော သူက ရိုက်သတ်ခံရသင့်တယ်"

တောင့်တမျှော်မှန်း အမတလမ်း (Aspiriring to the Immortal Path)Where stories live. Discover now