အခန်း (၃၅) အတင်းအဖျင်းများ

186 31 0
                                    

"ဘာဖြစ်တာလဲ" ဝေတိငိုနေသည်ကို တွေ့သဖြင့် ထန်ဂျီက သူမဆီ လျှောက်သွား လိုက်လေသည်။ သို့သော် သူက ခြေလှမ်းအနည်းငယ်ပင် လှမ်းရသေးချိန်တွင် ဝေတိက နောက်ဆုတ်လိုက်ကာ အော်လိုက်သည်။

"မလာနဲ့"

"ဘာဖြစ်တာလဲ။ စတုတ္ထသခင်မလေး။ ကျွန်တော် ထန်ဂျီလေ"

"ငါသိတယ်။ အနားမလာနဲ့။ မဟုတ်ရင် ငါက တစ်ခါ သူများတွေကို ပြန်ရှင်းပြနေရအုံးမယ်" ဝေတိက ရှိုက်ရင်း ပြောသည်။

ထန်ဂျီက နားမလည်ချေ။ သူက ရပ်နေရင်းဖြင့်သာ လှမ်း၍ ပြောနိုင်လေသည်။

"ဘာတွေ ဖြစ်နေတာတုန်။ ရှုခင်းသာ ဆင်တာက မကောင်းလို့ သခင်မက ပြောလို့လား"

ဝေတိက ခေါင်းကို ခါလိုက်သည်။ "မဟုတ်ဘူး အဲ့ဒီဟာက ကောင်းတယ်။ ဒါပေမယ်..."

သူမက မျက်နှာများ ရဲနေရင်း ရှင်းပြလေသည်။

ဝေတိ၏ ရှုခင်းသာ ဆင်ယူမှုက ကျေနပ်စရာအဆင့်ထက်ပင် ပိုပြီး ဧည့်သည်တိုင်းက ချီးကျူးလေသည်။ ဝေတိက သူ၏ အရည်အချင်းကို ပြနိုင်ပြီး သူ့အဖေကပင် သူမကို ချီးကျူးလေသည်။

သို့သော် အပင်မြင့်ပါက လေတိုက်ခံရတတ်လေသည်။ ဝေတိ၏ အရည်အချင်းပြသမှုက အချို့သော မနာလိုသူများ၏ ကောလဟလထုတ်လွှင့်ခြင်းကို ခံရလေသည်။ သူမသည် အစေခံကောင်လေး တစ်ယောက်နှင့် မရှင်းမရှင်း ဖြစ်နေသည် ဟူ၏။

ထန်ဂျီက သူမအား ဂိုဏ်းရွေးပေးစဉ်ကတည်းက ထန်ဂျီအပေါ် ဝေတိက အမြင်ကောင်း ရှိကာ အစေခံကဲ့သို့ မဆက်ဆံချေ။ သူတို့က အလှဆင်ခြင်း အလုပ်တွင်လည်း များစွာ တိုင်ပင် စကားပြောခဲ့ရပြီး နီးနီးကပ်ကပ် ရှိကာ လူတိုင်းကာ ထိုမြင်ကွင်းကို မြင်လေသည်။ သို့သော် သူတို့အနေဖြင့် ထိုသည်ကို ဘာမျှ မမှတ်ယူခဲ့ကြပေ။ သခင်မကြီး၏ မွေးနေ့ အောင်မြင်ရေးက အဓိက မဟုတ်ပါလား။

သို့သော် ကောလဟလများ စတင် ပြန့်နှံ့လာသည်နှင့် သူတို့နှစ်ဦး၏ ပူးပေါင်းဆောင်ရွက်မှုက သင်္ကာမကင်း ဖြစ်စရာကောင်းလာလေသည်။ သူတို့က ထန်ဂျီတို့နှစ်ယောက် နောက်ကွယ်တွင် အတင်းအဖျင်းများ စ၍ ပြောလာကြသည်။

တောင့်တမျှော်မှန်း အမတလမ်း (Aspiriring to the Immortal Path)Where stories live. Discover now