အခန်း (၃၉) ခွဲခွာခြင်း

192 35 0
                                    

ထန်ဂျီက သက်ပြင်းသာ ချလိုက်သည်။ "နင်ရဲ့ ရည်မှန်းချက်ကြောင့်တော့ ငါက တစ်ခါမှ အထင်မသေးပါဘူး"

ရှိယူက အံ့ဩသွားသည်။ "နင်တစ်ကယ်ပြောတာလား"

"ဟုတ်တယ်" ထန်ဂျီက ပြန်ပြောသည်။

"လူတိုင်းမှာ ကိုယ့်အနာဂတ်အတွက် စဉ်းစားဖို့ အခွင့်အရေးရှိတာပဲ။ နင့်အနေနဲ့ အမှားလုပ်ခဲ့တယ်လို့ ငါမထင်ပါဘူး။ ငါ့ဇာတိမှာ ပြောကြတဲ့ ဆိုရိုးရှိတယ် ထက်မြက်တဲ့ ယောက်ျားဆိုတာ မိန်းမတွေရဲ့ ပစ္စည်း မက်မှုကို မကြောက်ဘူးတဲ့။ မိန်းမတွေ လောကမှာ ပိုပြီး အခက်အခဲ ကြုံရတယ်။ ဘယ်လို ရည်မှန်းချက်မျိုး မဆို အားထည့်ပြီး ကြိုးစားရင် ရနိုင်တာပဲ။ ဒါကြောင့်မလို့ မိန်းမတွေက ပိုကောင်းတဲ့ အနာဂတ်ကို မျှော်မှန်းတာ မမှားဘူး"

ကမ္ဘာမြေမှ ရောက်လာခဲ့သည့် ထန်ဂျီအတွက် မိန်းမများ၏ ပစ္စည်းမက်မှုနှင့် အသားကျနေချေပြီ။ သူ့အမြင်တွင် ပစ္စည်းမက်သော မိန်းမဆိုသည်မှာ မရှိချေ။ ကွဲပြားသော အမြင်များသာ ဖြစ်လေသည်။ ယောက်ျားများသည်လည်း ကြွယ်ဝမှုနှင့် အာဏနောက် လိုက်ကြသည်သာ။ အမျိုးသမီးများ ပစ္စည်းမက်သည်မှာ မထူးဆန်းချေ။

ရှီယူက သူမ၏ လိုဘရှိပြီး ထန်ဂျီလည်း ဝေအိမ်တော်မှ လိုချင်တာ ရှိလေသည်။ သူတို့က သူတို့ လိုချင်သည်နောက် လိုက်နေခြင်းသာ။ သူတို့က အချင်းချင်းတောင် အကူအညီ ပေးဖြစ်သေးသည်။ ထို့ကြောင့် အချင်းချင်း အပစ်တင်စရာ မရှိချေ။

"ဒါဆို နင်က ငါ့ကို ဘာလို့ တစ်ခါမှ အာရုံမစိုက်ရတာလဲ" ရှီယူက မနေနိုင်ပဲ မေးလိုက်သည်။

"ဘာလို့လဲဆိုတော့ ငါက နင်လိုချင်တဲ့သူမှ မဟုတ်ပဲ" ထန်ဂျီက ဖြေလိုက်သည်။ "အစ်မက ကျွန်တော့်ကို ကောင်းကောင်း ဆက်ဆံတယ်။ ကျွန်တော်က အဲ့ဒါကို မှတ်ထားတယ်။ အနာဂတ်ကျလို့ ကျွန်တော်က အောင်မြင်ခဲ့ရင် အစ်မရဲ့ ကြင်နာမှုကို မမေ့မလျော့ ကျေးဇူးပြန်ဆပ်မှာပါ။ ဒါပေမယ့် ကျွန်တော်ကိုယ်တိုင်တော့ မပါဘူးပေါ့။ ဘာလို့ဆိုရင် နင်လိုချင်တာလဲ ဒါမှ မဟုတ်တာ"

မိန်းမတစ်ယောက် တစ်ခုခုကို လိုချင်သည် ဆိုသည်မှာ သဘာဝပေ။ သို့သော် သူမက ကြွယ်ဝမှုကို လိုချင်ခြင်းသာ ဖြစ်သဖြင့် ကြွယ်ဝမှု ရလျှင် အဆင်ပြေလေသည်။ အဘယ့်ကြောင့် လက်ထပ်ရမည်နည်း။

တောင့်တမျှော်မှန်း အမတလမ်း (Aspiriring to the Immortal Path)Where stories live. Discover now