အခန်း (၁၇၄) ချန်ညီအစ်ကို

90 11 0
                                    


အငိုက်မိသွားသော ပင်ကျင်းယူက မရှောင်နိုင်ချေ။ သူမက သွေးတစ်လုတ် အန်လိုက်သည်။ တစ်ချိန်တည်းတွင်ပင် လီယိကျင်းနှင့် လျန်ရှန်းရှင်တို့က ဘယ်ညာမှ ဝင်တိုက်ကာ လက်နှစ်ဖက်ကို ဖမ်းချုပ်သည်။ ယန်ကျီယွမ်က ပင်ကျင်းယူ ရင်ဘတ်ကို ကုတ်ဆွဲလိုက်သည်။ ချီစွမ်းအင်မျှင်များက သေးငယ်သော သိုလှောင်အိတ် တစ်လုံးကို ဆွဲထုတ်လာသည်။

ရုတ်တရက် အဖြစ်အပျက်က လျူဟုန်ယန်တို့ကို ကြောင်သွားစေသည်။

"ယန်ကျီယွမ်...." ပင်ကျင်းယူက ဒေါသတကြီး အော်သည်။

"တောင်းပန်တယ်" ယန်ကျီယွမ်က အေးစက်စွာ ပြောသည်။ "မဟာတာအိုက သနားညှာတာမှုနဲ့ မရနိုင်ဘူး"

"မင်းတို့ သုံးယောက်က ဘာလုပ်နေတာလဲ။ မင်းက တိုက်ခါ ခိုက်ခါ နီးကိုတောင် အချင်းချင်း ညှာတာဖို့ ဘာညာ ပြောလိုက်သေးတယ်လား" ချိုက်ကျွန်းယန်က ဝင်ပြောသည်။

"ငါ့ဖင်ကြီးပါလား ချိုက်ကျွန်းယန်။ ငတုံး။ ငါတို့က တိုက်ခါ ခိုက်ခါနီးကို အဲ့လို မပြောရဘူး ဘယ်သူပြောလဲ။ အမွေခံတပည့် နေရာက တစ်နေရာတည်း ရှိတာ။ အချင်းချင်း နောက်ကျော ဓါးနဲ့ ထိုးတာ ရှိမှာပဲ။ ငါတို့က အချင်းချင်း ညှာနေရမလား။ မင်းက လာနောက် နေတာလား။ မင်းလို ငတုံးနဲ့ ပင်ကျင်းယူပဲ ဒါမျိုးကို ယုံလိမ့်မယ်"

ချိုက်ကျွန်းယန်က ထပ်၍ ကြောင်သွားပြန်သည်။ ထိုအချိန်တွင် ယန်ကျီယွမ်က ရုတ်တရက် ထပြောသည်။

"အဓိက အကြောင်း ပြန်ပြောရအောင်။ ငါတို့က အချင်းချင်း ထိခိုက်အောင် မလုပ်ဘူး ဆိုရင် ဒေါသမထွက်ရဘူးလေ။ ငါက ခု ဒေါသမထွက်ဘူး။ ညီမလေး ကျင်းယူအနေနဲ့ ငါကို ခေါင်းပေးမယ်ဆိုရင် ငါတို့က သူငယ်ချင်း ဆက်ဖြစ်နေလို့ ရတာပဲလေ။ မျက်နှာ ပျက်စရာ မရှိဘူး"

"ယန်ကျီယွမ်။ သောက်ရှက်မရှိတဲ့ကောင်" ပင်ကျင်းယူက အော်သည်။

"ငါက အချင်းချင်း ညှာတာရမယ် ပြောတာ ငါ့ကို မဟုတ်ဘူး။ နင်တို့ကို ပြောတာ။ ငတုံးတွေ" ယန်ကျီယွမ်က ပြောပြော ဆိုဆို သိုလှောင်အိတ်ကို ဆွဲထုတ်သည်။ ချိုက်ကျွန်းယန်က ဒေါသထွက်သွားသည်။

တောင့်တမျှော်မှန်း အမတလမ်း (Aspiriring to the Immortal Path)Where stories live. Discover now