အခန်း (၃၃) ဂိုဏ်းရွေးခြင်း (၂)

206 34 0
                                    

"ဂိုဏ်းရဲ့ အရင်းအမြစ်တွေအကြောင်း နားလည်ဖို့ဆိုရင် အကောင်းဆုံးနည်းကလည်း သမိုင်းကို ကြည့်ဖို့ပဲ။ ဂိုဏ်းကြီးနဲ့ ဂိုဏ်းငယ်တွေရဲ့ အဓိက ကွာခြားတဲ့ အချက်က သူတို့ရဲ့ ပညာရပ်တွေပဲ။ ဘယ်ဂိုဏ်းက ပညာရပ် ပိုကောင်းလဲ ဆိုတာ သိဖို့က သူတို့ ပြောတာ နားထောင်ရမှာ မဟုတ်ဘူး။ သူတို့ရဲ့ အတိတ်ကို ကြည့်ရမှာ။ ဂိုဏ်းက ဆုတ်ယုတ်သွားပေမယ့် သူတို့ရဲ့ ပညာတွေကတော့ ကျန်နေသေးတာပဲ။ အကယ်၍ ဂိုဏ်းတစ်ခုက သူတို့သမိုင်းမှာ ခရမ်းနန်းတော် အဆင့်တစ်ယောက်ကို မွေးထုတ်နိုင်ခဲ့တယ်ဆိုရင် အဲ့ဒီဂိုဏ်းရဲ့ ပညာရပ်တွေမှာ ပြဿနာ မရှိဘူးဆိုတဲ့ သဘောပဲ။ ဂိုဏ်းက အကြောင်းတစ်ချို့ကြောင့် သူတို့ရဲ့ အဆင့်မြင့် ပညာတွေ ပျောက်ဆုံး ဆုံးရှုံးထားတယ်ဆိုရင်တောင် အဆင့်နိမ့်ပညာတွေမှာ ပြဿနာမရှိဘူး။ အဲ့ဒီတော့ နောက်ပိုင်းမှာ မတူတဲ့ ကျင့်စဉ်ကို ကျင့်လို့ရတယ်။ ဒါပေမယ့်လည်း သူတို့က ခရမ်းနန်းတော်အဆင့်ကို တစ်ခါမှ မွေးမထုတ်နိုင်ခဲ့ဘူးဆိုရင် ဂရုစိုက်ဖို့ လိုတယ်"

ထိုအရာများကို ပြောရင်း ထန်ဂျီက နောက်ထပ် စာရွက် တစ်ခု ထုတ်လိုက်ပြန်သည်။

"ဒီမှာ ရေးထားတဲ့ ဒေါသဓါးဂိုဏ်းကိုကြည့်။ သူတို့က တစ်ခါတုန်းက ဒေဝဟဒယအဆင့်တွေ အများကြီး မွေးထုတ်ဖူးတယ်။ ဒါပေမယ့် သူတို့ ခရမ်းနန်းတော်အဆင့် တစ်ယောက်မှ မရှိခဲ့ဖူးဘူး။ သူတို့ဂိုဏ်းက ပါရမီရှင်တွေဟာ ဒေဝဟဒယအဆင့်မှာပဲ ရပ်တန့်သွားကြတယ်။ ဘယ်သူမှ မကျော်ဖြတ်နိုင်သလို တစ်ချို့က အဆင့်တက်ဖို့ ကြိုးစားရင်း သေသွားကြတယ်။ အဲ့ဒါက ဂိုဏ်းရဲ့ ပညာရပ်တွေမှာ ပြဿနာရှိတယ်လို့ ဆိုတာပဲ။ မင်းက အဲ့ဒီပညာရပ်တွေကို ကျင့်ကြံရင် အစကပြန်ပြီး ကျင့်ကြံချင်ရင်တောင် မရတော့ဘူး။ ဒါက သူတို့ ကံမကောင်းဘူး ဆိုချင် ဆိုလို့ ရပေမယ့် ငါတို့က ဖြစ်လာမှ စိတ်မကောင်းတာထက် စာရင် လုံခြုံတဲ့ လမ်းကို ရွေးရမယ်"

ရှုမိသားစုက ထိုအတွက် ဥပမာပင်။ မိသားစု၏ ကျင့်စဉ်က အကန့်အသတ်ရှိသဖြင့် အုတ်မြစ်တွင် ပြဿနာရှိနေကာ မည်မျှ ပါရမီကောင်းပစေ ဒေဝဟဒယအဆင့်ကို မကျော်နိုင်ချေ။

တောင့်တမျှော်မှန်း အမတလမ်း (Aspiriring to the Immortal Path)Where stories live. Discover now