အခန်း (၅၈) အသင်းထောင်ခြင်း

190 33 0
                                    

ယနေ့တွင် ထန်ဂျီက သူ၏ ဓါးသိုင်းကို ကျင့်နေသည်။

သူက ဆယ့်နှစ်ကွက်လုံးကို‌ လေ့ကျင့်ပြီးချိန်တွင် သူက အပြင်ဘက်မှ လက်ခုပ်သံကို ကြားလိုက်ရသည်။

သူက လှည့်ကြည့်လိုက်ရာ ရှူမင်းယန်နှင့် လျူဟုန်ယန်တို့ကို တွေ့လိုက်ရပြီး သူတို့နှင့် အတူ အခြား ယောက်ျားတစ်ယောက်နှင့် မိန်းမတစ်ယောက်လည်း ပါလာသည်။ ယောက်ျားလေး၏ မျက်နှာမှာ ထန်ဂျီနှင့် တူသယောင်ယောင် ရှိသော်လည်း ထိုသူက အရပ်ပိုရှည်ကာ ကျောတွင် ဓါးတစ်လက် လွယ်ထားလေသည်။

အမျိုးသမီးမှာ ရေပြာရောင် ဝတ်ရုံနှင့် ဖြစ်သည်။ လျူဟုန်ယန်ကဲ့သို့ပင် ဝတ်ရုံအောက်တွင် ကျောင်းဝတ်စုံကို ဝတ်ဆင်ထားသည်။ သူမက ဆံပင်ကို စည်းထားပြီး ကျောက်စိမ်း ဆံထိုးတစ်ခု ထိုးထားလေသည်။ သူမက သေးသွယ်လှပသော ပုံစံရှိပြီး လျူဟုန်ယန်ကဲ့သို့ မာမာထန်ထန် မရှိပဲ ပို၍ ဆွဲဆောင်မှု ရှိလေသည်။

သူတို့က ဝင်လာ၍ လျူဟုန်ယန် လက်ခုပ်တီးရင်း ပြောလိုက်သည်။

"ကျွန်မက အစ်ကို ထန် ဓါးသိုင်းကျင့်တာ တစ်ခါမှ မမြင်ဖူးဘူး"

"သခင်လေးရှူနဲ့ အမျိုးသမီးလျူပါလား။ ဒါက သေမျိုးသိုင်းပါ။ ဘာမှ မဟုတ်တာလေးပါ" ထန်ဂျီက ဓါးကို ချထားလိုက်ပြီး သူတို့ကို စကားလှမ်းပြောလိုက်သည်။ သူက ဓါးသယ်လာသည့် အမျိုးသားနှင့် အပြာဝတ် အမျိုးသမီးကို ကြည့်၍ "သူတို့က..."

လျူဟုန်ယန်က ပြုံးလိုက်သည်။

"ငါတို့က မဖိတ်ဘဲလာတာကို ခွင့်လွှတ်ပေး။ ဒီနှစ်ယောက်က ကျောင်းမှာ ခင်တဲ့ သူငယ်ချင်းတွေပဲ။ ချိုက်ကျွန်းယန် နဲ့ ပင်ကျင်းယူ။"

ထန်ဂျီက သူ၏ မျက်ခုံးများကို ပင့်လိုက်သည် "နာမည်ကျော်လူကြီးမင်း နှစ်ယောက်နဲ့ လကြတ်ညရဲ့ ပန်းနှစ်ပွင့်ထဲက ချိုက်ကျွန်းယန်နဲ့ ပင်ကျင်းယူလား"

အပြာဝတ်ရုံဝတ် အမျိုးသမီးက အံ့ဩသွားသည်။ "အိုး သခင်လေးထန်က ကျွန်မတို့ကို သိတာလား။"

လူကြီးမင်း နှစ်ယောက်ဆိုသည်မှာ ရှူမင်ယန်နှင့်ခ ချိုက်ကျွန်းယန်ကို ညွှန်းဆိုပြီး ထိုသည်က သူတို့၏ ရည်မှန်းချက်နှင့် နာမည်များအရ ခေါ်ဝေါ်ခြင်းဖြစ်သည်။ ရှူမင်ယန်မှာ ငြိမ်းချမ်းမှုကို လိုလားပြီး သူ၏ စာအုပ်ကို လက်ထဲမှ မချချေ။ ချိုက်ကျွန်းယန်မှာ သူရဲကောင်း စိတ်ဓါတ်ရှိလိုပြီး ကမ္ဘာအနှံ့ခြေဆန့်လိုကာ လက်ထဲမှ ဓါးကို မချချေ။

တောင့်တမျှော်မှန်း အမတလမ်း (Aspiriring to the Immortal Path)Nơi câu chuyện tồn tại. Hãy khám phá bây giờ