အခန်း (၁၇၃) သစ္စာဖောက်ခြင်း

94 12 0
                                    


အကယ်၍ ထန်ဂျီသာ ဆိုလျှင် ပင်ကျင်းယူကို မေ့အောင် ဆော်လိုက်မည် ဖြစ်သည်။ သို့သော် ယခုက ဝေထျန်းချောင် ဖြစ်သည်။ သူက အရုပ် ရှိသော်လည်း အနီးကပ် တိုက်ရန် အတွက်မူ သူ၏ တစ္ဆေပုဆိန်သာ ရှိသည်။

သူက အဝတ်တွေ ချွတ်စဉ်က လက်နက်များကိုပင် ပုံချထားခဲ့သည်။ သူက ရန်သူနှင့် နီးလာသော်လည်း သူ့တွင် သုံးစရာ မရှိချေ။

ရုတ်တရက် သူက လုပ်မိလုပ်ရာဖြင့် လက်နှစ်ဖက်ဖြင့် ပင်ကျင်းယူကို ဖမ်း၍ ဖက်ချုပ်သည်။

ပင်ကျင်းယူက ထိုသို့ တိုက်ခိုက်မှုမျိုး မမျှော်လင့်ထားချေ။ သူမက အဖက်ခံလိုက်ရသည်။ သူတို့နှစ်ယောက်က လဲကျသွားကာ ဝေထျန်းချောင်၏ ကိုယ်ကြီးက သူမအပေါ် ပိနေသည်။

ပင်ကျင်းယူက ရှက်လည်းရှက် ဒေါသလည်း ထွက်သွားသည်။ သူမက ထိုသောက်ကောင်အာင်း အပိုင်းပိုင်း ခုတ်ချင်သွားလေသည်။

သူမက သတိဝင်လာသည်နှင့် လေဆင့်ခေါ် ပညာဖြင့် ဝေထျန်းချောင်ကို လွင့်အောင် လုပ်ရန် ပြင်လိုက်သည်။

ဝေထျန်းချောင်အနေဖြင့် သူမကို ဤသို့ ချုပ်ထားရန် မလွယ်ချေ။ ထို့ကြောင့် သူက သူမအား အခွင့်အရေး မပေးနိုင်ချေ။ သူက ခေါင်းကို ငုံကာ ပင်ကျင်းယူ၏ ရင်ဘတ်သို့ တိုးဝင်လိုက်သည်။

ပင်ကျင်းယူဆီမှ ညီးသံ တစ်ချက် ထွက်လာသည်။ သူမက ဂါထာထုတ်ရန် ပျက်သွားသည်။

"သောက်ရှက်မရှိတဲ့ကောင်"

သူမက ဒူးဖြင့် ဝေထျန်းချောင် ဆီးခုံကို တိုက်သည်။ ဝေထျန်းချောင်က နာလွန်း၍ ရှုံ့မဲ့သွားသည်။

သို့သော် သူက သူမအား မလွှတ်ပေးချေ။ မဟုတ်လျှင် သူက အတော်လေး အဆော်ခံရမည် သေချာလေသည်။

သူက ပို၍ပင် တင်းတင်း ဖက်လိုက်သည်။

ပင်ကျင်းယူက လက်ဟန် တစ်ခု ထပ်၍ လုပ်ပြန်သည်။ ဝေထျန်းချောင်က လန့်သွားကာ ဒူးဖြင့် တိုက်လိုက်သည်။

သို့သော် သူ့ဒူးက ပင်ကျင်းယူ ဗိုက်ကို မထိပဲ ခွကြားသို့ ဝင်သွားသည်။

တောင့်တမျှော်မှန်း အမတလမ်း (Aspiriring to the Immortal Path)Onde histórias criam vida. Descubra agora