အခန်း (၄၁) အစေခံ ကျောင်းသားနေရာ ရွေးချယ်ခြင်း (၂)

180 34 0
                                    

ဂျီကျိချန် ထွက်သွား၍ ဝေသခင်မလေးကို ထန်ဂျီက ဂိုဏ်းရွေးပေးသည့် ညတုန်းက ဖြစ်သည်။

ထန်ဂျီ၏ အိမ်လေးထဲတွင် ထန်ဂျီက ဝေတိကို ပြောနေသည်။

"ကျွန်တော်က စတုတ္ထသခင်မလေးဆီက အကူအညီကို တစ်ကယ်လိုနေတာပါ"

"ဘာလဲ"

"ဒါက ဒီလို။ သခင်မလေးနဲ့ ခုစကားမပြောခင်ကို ကျွန်တော်က တစ်ခါတုန်းက မသေမျိုး တစ်ယောက်နဲ့ ဆုံဖူးတယ်ဆိုတာ ဦးလေးချင်ကိုလည်း ပြောပြပြီးပါပြီ"

"ငါသိတယ်လေ။ ဒါကြောင့်နင်က ကျင့်ကြံခြင်း လောကအကြောင်း သိနေတာမလား"

"ပြဿနာ အဲ့ဒီမသေမျိုးသခင်က ကျွန်တော့်ကို ကျင့်ကြံခြင်းလောက အကြောင်းပြောပြခဲ့တာအပြင် တခြားလုပ်ပေးခဲ့သေးတယ်"

"လုပ်ပေးခဲ့တာလဲ"

"ကျွန်တော့်ရဲ့ နဂါးတံခါးကို ဖွင့်ပေးခဲ့တာ" ထန်ဂျီက ပြောလိုက်သည်။

အိမ်တော်ထိန်းချင်နှင့် ဝေတိက ကြောင်သွားသည်။ ဝေတိက "နင့်နဂါးတံခါးက ဖွင့်ပြီးသွားပြီ။ ဘယ်နှစ်လွှာလဲ"

"ငါးလွှာ" ထန်ဂျီက ပြောလိုက်သည်။

နဂါးတံခါး ငါးလွှာ။ ဝေတိနှင့် အိမ်တော်ထိန်းချင်တို့က တံတွေးမြိုချလိုက်သည်။

ငါးလွှာဆိုသည်မှာ အလယ်အလတ်သာ ဖြစ်သည်။

သို့သော် ဒေဝဟဒယအဆင့်ဆိုသည်မှာလည်း ကျင့်ကြံခြင်း အဆင့်များတွင် အလယ်အလတ်သာ သို့သော သစ္စာမြင်ပုဂ္ဂိုလ်တစ်ယောက်ကို မည်သူမျှ မထေမဲ့မြင် မပြုရဲချေ။

ကျင့်ကြံသူအများစုအတွက် နဂါးတံခါးငါးလွှာဆိုသည်မှာ အတော်လေး ဖွင့်ရန် ခက်ခဲလေသည်။ ဂျီကျိချန်လို ဂုဏ်မောက်သည့် သခင်လေးပင် လေးလွှာသာရှိသည်။

အရှေ့တွင် သခင်လေး သုံးယောက်နှင့် အစေခံခြောက်ယောက်ကို ကျောင်းတော်သို့ ပို့ပြီး ဖြစ်သော်လည်း မည်သူမျှ နဂါးတံခါး ငါးလွှာမရှိချေ။ အမြင့်ဆုံးမှ လေးခုသာ။ ထန်ဂျီက အလယ်အလတ်သာ ဆိုသော်လည်း ဤနေရာတွင်မူ ထိပ်တန်းပင်။

အိမ်တော်ထိန်းချင်က ထန်ဂျီဝင် နဂါးတံခါးငါးလွှာရှိသည် ဆိုသည်ကို ကြားသည်နှင့် စိတ်လှုပ်ရှားသွားသော်လည်း သူက ချက်ချင်းပင် ပြန်၍ ထန်ဂျီ၏ စိတ်ပူမှုကို နားလည်သွားသည်။ အစေခံကျောင်းသားများက ကျောင်းတော်သို့ မဝင်ရောက်မီတွင် အိမ်တော်၏ ချီဆရာသခင်များက နဂါးတံခါး ဖွင့်ပေးကြသည်။

တောင့်တမျှော်မှန်း အမတလမ်း (Aspiriring to the Immortal Path)Where stories live. Discover now