အခန်း (၇၈) ကျောင်းနေဖက်များ (၂)

179 31 0
                                    

ထန်ဂျီ၏ စောစောက စကားများကြောင့် ဖြစ်စေ ချီရှောက်မင်နှင့် အန်ရူမန်ကြောင့် ဖြစ်စေ လွတ်လပ်ခြင်း အသင်းသားများက လျှောက်လည်ရန် စိတ်ဝင်စားမှု လျော့နည်းသွားကြသည်။ သူတို့က ဆည်ဘောင်ပေါ်မှ ဆင်းလာပြီးနောက်တွင် သူတို့က နောက်တစ်နေရာသို့ မသွားတော့ပဲ အနားရှိ စားသောက် ဆိုင် တစ်ဆိုင်သို့ သွားကြလေသည်။

ပိုင်ရှင်မှာ ကျောင်းတော်၏ ဝတ်စုံများကို မြင်သည်နှင့် သူက ကျောင်းသားအဖွဲ့ကို သီးသန့်ခန်းသို့ ခေါ်သွားလေသည်။ ချိုက်ကျွန်းယန်က ပွင့်ပွင့်လင်းလင်း သမားများ ဖြစ်သည့်အတွက် အရက်ရောက်လာသည်နှင့် ချက်ချင်းကောက်ငှဲ့ကာ ခွက်တိုက်လေတော့သည်။

"ငါတို့က ရေစက်ရှိလို့ လာဆုံကြတာ။ ကျောင်းနေဖက်အချင်းချင်း တစ်ခွက် တိုက်ရအောင်"

"ကမ်းပေ့" ခွက်သံများ မြည်သွားသည်။

ကျောင်းသားများ အားလုံးက ခွက်များကို ကုန်အောင် သောက်လိုက်ကြသည်။ သူတို့က အရက်ဝင်သွားသည်နှင့် စကားများ စပြောကြတော့သည်။

ချိုက်ကျွန်းယန်မှာ အသောက်နိုင်ဆုံး ဖြစ်ပြီး သူက တည့်တိုးသမား ဖြစ်သည့်အတွက် ကျောင်းသားများကို အရက်သောက်ပြိုင်ရန် သူက လိုက်ဆွဲတော့သည်။ သုံးလေးယောက် မှောက်သွားသော်လည်း သူက အခြေအနေမပျက်သေးချေ။ ထန်ဂျီက အတင်းမငြင်းလျှင် သူလည်း မှောက်နေလောက်ချေပြီ။

အရက်အိုးကြီး တစ်အိုးကုန်ချိန်တွင် ချိုက်ကျွန်းယန်က ပို၍ပင် ရဲတင်းလာလေသည်။ သူက စားသောက်ဆိုင်၏ အပေါ်ဆုံးထပ်တွင် ရပ်၍ အော်တော့သည်။

"လရောင်လှုံကျောင်းတော်သား လပြည့်မျှော်စင်ထိပ်ကနေ သူ့ရဲ့ ရည်မှန်းချက်ကို ချမယ်။ ဒီနေ့ ကျောင်းတော်သား ဖြစ်တဲ့ ငါက ဓါးကို လက်မှာကိုင်ပြီး ကျင့်ကြံခြင်းလမ်းကို လျှောက်လှမ်းမယ်။ တစ်နေ့ကျရင် ငါ.. ချိုက်ကျွန်းယန်ဆိုတဲ့ နာမည်ကို နှင်းဆီတိမ် တစ်ကမ္ဘာလုံးက သိစေရမယ်။"

"ကောင်းတယ်" ကျောင်းသားများက လက်ခုပ်တီးကြသည်။

"တစ်ခြားလူတစ်ယောက်ရဲ့ စကားတွေကို ကူးချတာမျိုးပါ" ချိုက်ကျွန်းယန် သူ့ခေါင်းကို ခါလိုက်သည်။

တောင့်တမျှော်မှန်း အမတလမ်း (Aspiriring to the Immortal Path)Where stories live. Discover now