အခန်း (၇၂) ဗျူဟာ ပြောင်းခြင်း

196 35 0
                                    

ထန်ဂျီ နိုးလာသော အချိန်တွင် ကောင်းကင်က လင်းထိန်နေပြီ ဖြစ်သည်။ ယိယိလေးမှာ ငိုရ၍ မောပြီးနောက် ထန်ဂျီဘေးတွင် အိပ်ပျော်နေသည်။ ထန်ဂျီက ပစ္စည်းများ ပျံ့ကြဲနေသော မြေပြင်ကို ကြည့်၍ ပြောစရာ စကားမဲ့နေသည်။ ယခုတွင်မူ သူက လက်နက် မန္တာန်အကြောင်းကို သေချာ သိသွားချေပြီ။

သူ၏ လက်ညှိုးတစ်ချက်က ရှိရှိသမျှ အားများကို နှုတ်ယူသွားသည်။ သူက ဝိစာရကျင့်စဉ်ကို သုံးနှစ်ကျင့်ကာ သူ၏ ခန္တာကိုယ်ကို သာမာန်လူများထက် များစွာ သန်မာအောင် လုပ်မထားခဲ့လျှင် ထိုလက်ညှိုးချက်က သူ့အား ဒုက္ခိတ ဖြစ်သွားစေလောက်သည်။

သူ့အနေဖြင့် ဂါထာမှော်လက်နက်လောက် အပေါ်တွင်သာ သုံးလိုက်၍ တော်သေးသည်။ အကယ်၍ အဆင့်မြင့် ပညာရပ် ပစ္စည်းများအပေါ်တွင် သုံးမိပါက သူက သေပင် သေလောက်လေသည်။

ညကား ကုန်လွန်ခဲ့ပြီး ထန်ဂျီကား မူးဝေနေတုန်းပင်။ သူ၏ ခြေလှမ်းများက လေးလံနေသည်။ သူက မိန်းမဒါဇင်ခန့်နှင့် တစ်ညတာ ပျော်ပါးခဲ့သလို ခံစားနေရသည်။

သိုင်းသခင်သည် အားကောင်းသော ခန္တာကိုယ် လိုအပ်ခဲ့သည်မှာ မဆန်းချေ။ သူ၏ လက်ရှိ ခန္တာကိုယ်နှင့် ဆိုလျှင် သူက အနည်းဆုံး ခုနှစ်ရက် ရှစ်ရက်ခန့် ပြန်၍ အနားယူရမည် ဖြစ်သည်။ သို့သော် အဘယ့်ကြောင့် သူက တစ်ခုခု မှားနေသည်ဟု ခံစားနေရပါသနည်း။

သူက ပွစာကြဲနေသော မြေပြင်ကို ကြည့်လိုက်သည်။

'ချီး'

သူက အဆင့်နိမ့် ဂါထာမှော်လက်နက် တစ်ခုကို ဒီတိုင်း ဖျက်ဆီးနိုင်ခဲ့လေသလား ဟု သူက တွေးနေသည်။ ထိုလက်နက်ကို သူကိုယ်တိုင် မသုံးလျှင်တောင် သူက ငွေဖြင့် ရောင်းစားနိုင်လေသည်။ ထန်ဂျီက ယမန်နေ့ညက သူသည် ချီဒင်္ဂါးတစ်ထောင်ဖိုးခန့်ကို ဖျက်ဆီးခဲ့ကြောင်း တွေးမိသွား၍ အလွန်ပင် နှလုံးနာနေလေသည်။

သူက ဓါးအပိုင်းအစများကို စ၍ ရှင်းလင်းနေစဉ် ထိုအမှိုက်ပုံထဲမှ ရွှေရောင် အစတစ်ခုကို တွေ့လိုက်ရသည်။ ထိုသည်မှာ ရွှေမှုန်စလေး တစ်ခုဖြစ်သည်။

တောင့်တမျှော်မှန်း အမတလမ်း (Aspiriring to the Immortal Path)Where stories live. Discover now