အခန်း (၁၂၁) ဝိဉာဉ်ရှာခြင်း

143 25 0
                                    


ဝါးတော အပြင်ဘက်တွင် ကျိုးရှိလျန်က အစီအရင်ချိုးဖောက်ခြင်းကို အာရုံ လုံးလုံး စိုက်နေလေသည်။ သူက လက်ထဲတွင် ချီမျှင်တန်းများစွာကို ကိုင်ထားပြီး ထိုအမျှင်များက နေရာမျိုးစုံးကို လှည့်ပတ်သွားကာ အစီအရင် လည်ပတ်မှုကို တားဆီးနေလေသည်။

သူ၏ ထိန်းချုပ်မှုအောင်တွင် အစီအရင်က တဖြည်းဖြည်း ပြောင်းလဲလာသည်။ ရပ်တံခါးထဲမှ မီးခိုးများ ထွက်လာပြီး ရပ်တန့်သွားတော့မည့် အတိုင်း ဖြစ်လာသည်။ ကျိုးရှိလျန်က တစ်ချက် ရယ်လိုက်သည်။

"သိမ်းငှက်ခန်းမက ဒီအစီအရင်ကို စီရင်တုန်းက စီရင်တဲ့သူက ဒီမှာ မရှိတာ သေချာတယ်။ ထိန်းချုပ်တ့ သူမရှိတဲ့ အစီအရင်က အစောင့်မရှိတဲ့ မြို့လို့ပဲ။ ဒီလို အစီအရင်လေးနဲ့ ငါ့ကိုများ တားနိုင်မယ်ထင်လား"

သူက လက်ကို အစီအရင် ရှိရာဆီ တွန်းလွှတ်လိုက်သည်။ အစီအရင်ပေါ်တွင် လက်ရာကြီး ထင်လာလေသည်။ ရုတ်တရက် အစီအရင်ထဲမှ ပုံရိပ်များ ခုန်ထွက်လာလေသည်။ ထိုထဲမှ တစ်ယောက်မှာ လျှင်မြန်လှပြီး ကျိုးရှိလျန်ဆီ တိုးဝင်လာလေသည်။

ကျိုးရှိလျန်က ရုတ်တရက်လန့်သွားသည်။ သူက တစ်ချက် ကြည့်ရုံဖြင့် ထုလူမှာ ဒုက္ခလွန်မြောက် အဆင့်မှန်း တန်းသိလိုက်သည်။ သူက ချက်ချင်း ရှောင်ရန် စဉ်းစားလိုက်သည်။ သူက နာကျင်မှုကို အံတုပြီး အစီအရင်ကို ဖိထားသော လက်ကို ရုတ်၍ ဘေးသို့ ယမ်းလိုက်သည်။ ဖုန်းဖုန်းဖုန်း ဆိုသည်အသံများ ထွက်လာပြီး လက်ဝါးရိပ်နှင့် ဓါးရိပ်တို့က ထိကာ ပေါက်ကွဲသွားသည်။ ကျိုးရှိလျန်က နောက်သို့ ဆုတ်သွားသည်။

သူက တိုက်ခိုက်မှုကို ခုခံနိုင်ခဲ့သော်လည်း သူဖျက်လက်စ အစီအရင်မှာ အနှောင့်အယှက် ကင်းသွားသဖြင့် ပြန်၍ တည်ငြိမ်သွားလေသည်။

"ခွေးသား" ကျိုးရှိလျန်က အလွန်ဒေါသထွက်၍ သွေးပင် အန်ချင်သွားသည်။ ရပ်တံခါးက အလင်းရောင်များ ပြန်ထွက်လာပြီး တည်ငြိမ်သွားကာ ကြယ်လေပြင်းများ ပြန်ထွက်လာပြီးနောက် ကျိုးရှိလျန်ကို နောက်ဆုတ်သွားစေသည်။ (ကြယ်လေ/ကြယ်စင်စုလေ ဆိုတာက ဒီစာစဉ်အရ ပြင်းထန် အဖျက်စွမ်းအားပြင်းပြီး ကြယ်ရောင်တောက်တဲ့လေ။ ကြည့်ရတာ နှင်းဆီတိမ်ကမ္ဘာကို အာကာသထဲ ထွက်ဖို့/ထွက်ရပ်ပေါက်ဖို့ ကာရံထားတာလဲ အဲ့ဒီလေမျိုး ဖြစ်မယ်။ ရှေ့မှာပါတယ်)

တောင့်တမျှော်မှန်း အမတလမ်း (Aspiriring to the Immortal Path)Where stories live. Discover now