အခန်း (၇၀) လက်စသပ်ခြင်း

178 31 0
                                    

ကျောင်းရှန်းက သွေးအိုင်ထဲတွင် လဲ၍ ညီးတွားနေသည်။

ဆေး၏ အစွမ်းက ကုန်သွားပြီးနောက် သူ့ကိုယ်က ယခင်လို ပြန်၍ အားနည်းသွားပြန်သည်။ သူက သူ့ရှေ့ရှိ ကြေးမှုံကို စိုက်ကြည့်နေသည်။

"ကိုးနဝင်းသိုင်းသခင် ကြေးမှုံ... နတ်ခေါင်းနန်းတော်က အသည်းအသန် ရှာနေတဲ့ ပစ္စည်းက ဒီမှာ ရှိနေမယ်လို့ ငါမထင်ခဲ့ဘူး..." ကျောင်းရှန်းက စကားပြောရင်း ချောင်းများဆိုးလာသည်။ သူက နာနာကျင်ကျင် ရယ်သည်။

"ထန်ဂျီ မင်းက ရဲတင်းပြီး ရက်စက်တဲ့ ကောင်ပဲ။ မင်းက မိုပြာအလင်းဓါးနဲ့ ကြေးမှုံကို လူတွေရဲ့ မျက်စေ့ရှေ့ ပန်းအိုးထဲမှာပဲ ဖွက်ထားတာပေါ့"

"ငါက ဒီရောက်နေမှတော့ ဘာလို့ ပစ္စည်းတွေကို ငါနဲ့ အတူမထားရမှာတုန်း" ထန်ဂျီက မောမော ပန်းပန်း လေဖြင့် ပြောလိုက်သည်။

သူသုံးလိုက်သော တိုက်ကွက်က သူ၏ ချီစွမ်းအင်များ အားလုံးကို ကုန်ခမ်းသွားစေသည်။ အကယ်၍ ထိုတိုက်ခိုက်မှုသာ မအောင်မြင်ခဲ့ပါက သူက အရှုံးပေးရတော့မည် ဖြစ်သည်။

ချီသိုလှောင်နယ်မြေတွင် ဘာမှ မကျန်တော့ခြင်းက သူ့ကို မသက်မသာ ဖြစ်စေသလို ဝိဉာဉ်မှ နေ၍ ဆာလောင်မှုကိုလည်း ခံစားနေရသည်။ သူက ဓါးအားပြု ကိုင်၍ လက်တစ်ဖက်ဖြင့် ချီဖြည့်ဆေးကို သောက်လိုက်သည်။

"နတ်ခေါင်းနန်းတော်က သာမာန် စစ်သားလေး တစ်ယောက်ကတောင် အတော်လေး ပြဿနာ ပေးနိုင်တာပဲ"

မိုးပြာ အလင်းဓါးဖြင့် တိုက်ခိုက်မှုမှာ သူ၏ နောက်ဆုံး ဝှက်ဖဲဖြစ်သည်။ သူက ရေပြင်ညီဓါးသိုင်းကို သင်ယူခဲ့ရခြင်းမှာ သူ၏ ကျင့်ကြံဆင့်ဖြင့် ထိုဓါးကို အနည်းငယ် အစွမ်းထုတ်၍ အသုံးပြုနိုင်မည့် တစ်ခုတည်းသော နည်းလမ်း ဖြစ်၍ ဖြစ်သည်။

ထိုတိုက်ခိုက်မှုမှာ အတော်လေး ပြင်းထန်သည်။ သူက ရှိရှိသမျှ အားအင်များ ကုန်ခမ်းသွားသည်။ မလိုအပ်ပါက ထန်ဂျီက သုံးခဲ့မည် မဟုတ်ချေ။

သူက ယခင်က ထိုဓါးကို သုံးစရာမလိုဟု ယူဆခဲ့သည်။ သို့သော် ကျောင်းရှန်းက အတော်လေး ကိုင်ရ တွယ်ရခက်က ပြဿနာ အတော်ပေးလေသည်။

တောင့်တမျှော်မှန်း အမတလမ်း (Aspiriring to the Immortal Path)Where stories live. Discover now