အခန်း (၁၀၂) သတင်း

151 29 0
                                    


ဝါးတောအုပ်လေးအတွင်းရှိ ခြံဝန်းအတွင်းတွင် ရှီဖုန်းထန်က ကြိုးကြာဖြူနှင့် စစ်တုရင် ကစားနေလေသည်။ သူတို့နှစ်ယောက်က အပြန်အလှန် အကွက်ရွှေ့နေကြကာ မည်သူက အသာရနေသည်မှန်း ပြော၍ မရချေ။

သတင်းပို့ အဆောင်တစ်ခုက ရှီဖုန်းထန်ဆီ လွင့်ပျံလာသည်။ ရှီဖုန်းထန်က မျက်မှောင်ကြုတ်၍ ဖမ်းယးလိုက်သည်။ သူက စစ်တုရင် ကစားနေစဉ်အတွင်း နှောက်ယှက်ခံရသည်ကို မကြိုက်ချေ။ အထူးသဖြင့် ရှုံးခါနီးတွင် ဖြစ်သည်။

"ဒီလိုအချိန်ကြီး သတင်းပို့လာတာဆိုတာက ကိစ္စကြီးဖြစ်မယ်" ကြိုးကြားဖြူက ပြောလိုက်သည်။

"ဘယ်လောက် ဖြစ်နိုင်မှာမို့လဲ။ ကျောင်းသား တစ်ယောက်က တိုက်ပွဲမှာ ဒဏ်ရာ ရတာမျိုးနဲ့ စည်းကမ်းဖောက်လို့ ကျောင်းထုတ်ဖို့ ဆိုတာလောက်ပဲ နေမှာပေါ့" ရှီဖုန်းထန်က ပြောလိုက်သည်။

သို့သော် သူက စာရွက်ကို ဖြန့်၍ ကြည့်လိုက်သည်။ သူက ဒီတိုင်း သမန်ကာ ရှံကာ ဖတ်၍သာ ပြောလိုက်သည်။

"ကြည့်လေ။ ငါမှန်းတာ မှန်တယ်။ ကျောင်းသား တစ်ယောက်က နတ်ကာကွယ်ခန်းမမှာ စံချိန်တင်တာ ပဲလေ။ ဒီလောက်... ဟမ် စံချိန်သစ် တင်တာလား"

ရှီဖုန်းထန်က ပြောနေရင်းနှင့် အသံက မြင့်တက်သွားသည်။

ထိုအခါမှသာ သူက သတိဝင်လာပြီး စာကို သေချာ ထပ်ဖတ်လိုက်သည်။ ထိုသတင်းက သူ့အား အံ့ဩသွားစေသည်။ နှစ်ပေါင်း ထောင့်ရှစ်ရာအတွင်း နတ်ခန်းမများ၏ စံချိန်သစ်ဆိုသည်မှာ ပေါ့သေးသေး ကိစ္စမဟုတ်ချေ။

ကြိုးကြာဖြူပင်လျှင် ခေါင်းထောင်၍ ကြည့်လာသည်။

"ဘာပြောလိုက်တာ။ တစ်ယောက်ယောက်က နတ်ကာကွယ်ခန်းမရဲ့ စံချိန်ကို ချိုးတယ်လား။ ဘယ်သူလဲ"

"ထန်ဂျီ.." ရှီဖုန်းထန်က လေသံလေးလေးဖြင့် ပြောလိုက်သည်။

"သူက ရှေ့က လူရဲ့ စံချိန်ကို ချိုးတာ မဟုတ်ဘူး။ သူက စံချိန်အသစ်တင်တာ။ ချပ်ဝတ်နက် စစ်သား စက္ကောမရုပ်ကို ဖျက်ဆီးလိုက်တယ်။... ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မလဲ"

တောင့်တမျှော်မှန်း အမတလမ်း (Aspiriring to the Immortal Path)Where stories live. Discover now