အခန်း (၁၁၆) စကားစမြည်

152 23 0
                                    


"ကုချန်ချင်း"

ထန်ဂျီက ရေရွတ်လိုက်သည်။ သူမျက်နှာတွင် မရေမရာဟန်များ ပေါ်နေသည်။ သူက ကုချန်ချင်းကို ပြန်ကြည့်ရင်း ခေါင်းခါသည်။

"တောင်းပန်ပါတယ်။ ကျွန်တော်က ခင်ဗျားကို မသိဘူးထင်တယ်"

ထန်ဂျီ၏ မျက်နှာတွင် ပုံမှန်မဟုတ်သော အမူအရာမရှိချေ။ ထိုသည်က ကုချန်ချင်းကို စိတ်ပျက်သွားစေသည်။ သို့သော် သူက စိတ်မလျှော့ချေ။

"ဒီက ညီလေးက အစ်ကို့ကို မသိတာ မထူးဆန်းပါဘူး။ အစ်ကိုက နတ်ခေါင်းနန်းတော် ကျောင်းသား ဖလှယ်ရေး အစီအစဉ် အဖွဲ့ခေါင်းဆောင်ပါ"

"အိုး ခေါင်းဆောင် ကုပေါ့" ထန်ဂျီ၏ မျက်နှာတွင် တစ်ဖက်လူ၏ ဆိုလိုရင်းကို မသိသောလည်း အလိုက်အထိုက် ပြောနေသည့် အမူအယာ ရှိနေသည်။ သူ့အနေဖြင့် ကုချန်ချင်းအား မသိယောင်ဆောင်လို့ ရသော်လည်း နတ်ခေါင်းနန်းတော်အား မသိယောင် ဆောင်၍ မရချေ။

ကုချန်ချင်းက မလိမ်ချေ။ သူက သိမ်းငှက်ခန်းမ၏ ဒုတိယ စွန်ရဲသခင် ဖြစ်သလို ကျောင်းသားဖလှယ် အစီအစဉ်၏ စီမံသူလည်း ဖြစ်လေသည်။ သူ့အသက်အရ သူက ကျောင်းတော်သို့ ဝင်၍ မရသဖြင့် တပည့်များကိုသာ လွှတ်ရလေသည်။ ထိုသည်က သူ့အတွက် အခက်ခဲဆုံး အတားအစီးပင်။ သို့သော် ယနေ့တွင် သူက ထန်ဂျီကို ကိုယ်တိုင် မြင်ရချေပြီ။

ထန်ဂျီကို ကြည့်ရင်း ကုချန်ချင်းက ရယ်၍ ပြောသည်။

"မင်းက ငါ့ကို မသိတာ ဘာမှ မဖြစ်ပါဘူး။ ဒါပေမယ့် ငါက မင်းအကြောင်းတွေ အများကြီး ကြားတယ်။ ပထမဆုံး ကျောင်းဝင်တဲ့ နေ့မှာပဲ လူတိုင်းကို မင်းက ကြေငြာချက် ပြုပြီး အံ့ဩစေတယ်။ စာမေးပွဲမှာ ပထမနေရာ ယူတယ်။ နတ်ဘုံလွှာ ဓါးကျမ်းက အမွေရတယ်။ ပြီးတော့ မင်းက နတ်ကာကွယ်ခန်းမမှာ စံချိန်သစ်တင်တယ်။ မင်းရဲ့ နာမည်က ချီရှောက်မင်နဲ့ အန်ရူမန်တို့ကိုတောင် မှီလပြီး နာမည် ကျော်လာတယ်။ ဒီနေ့ ငါက နတ်ခေါင်းနန်းတော်က ကျောင်းသားတွေကို လစာပေးဖို့ လာရင်း မင်းကိုတွေ့လိုက်တယ် ပြောလို့ လာကြည့်တာ။ ညီလေးထန်ကို တွေ့ရဖို့ အခွင့်အရေးကို လက်လွှတ်မခံချင်လို့လေ။ ငါက မင်းဒီမှာဆိုတော့ ဒီလာလိုက်တာ။ အနှောက်အယှက် မဖြစ်ဘူးမလား"

တောင့်တမျှော်မှန်း အမတလမ်း (Aspiriring to the Immortal Path)حيث تعيش القصص. اكتشف الآن