အခန်း (၁၇၅) ဝေဒနာ ခုနှစ်ပါး မရဏ

102 15 0
                                    


(ဝေဒနာ ဆိုတာ ပါဠိအရ ခံစားမှုပါ။ ပျော်တာ၊ ဝမ်းနည်းတာ၊ သောက၊ နာကျင်တာ အကုန်လုံးက ဝေဒနာပါ)

သက်တံသဏ္ဍာန်ခုနှစ်ရောင်ခြယ် အလင်းတန်းများက ညကောင်းကင်တွင် တလက်လက်ထနေကာ လူတိုင်း၏ မျက်နှာက လန့်ဖြန့်နေသည်။

ပင်းကျင်းယူလက်ထဲမှ သေးသွယ်သော ဓါးက တဖြည်းဖြည်းကြီးလာကာ ကြီးမားသော ခုနှစ်ရောင်ခြယ်ဓါးကြီး ဖြစ်လာသည်။

ပင်ကျင်းယူက ဓါးပေါ်တွင် ရပ်နေကာ ကြီးကျယ်ခမ်းနားသော အမူအယာဖြင့် ငုံ့ကြည့်နေသည်။

ပကတိဝေဒနာခုနှစ်ပါးဓါး....

"ဆန္ဒတစ်ထောင်ဂိုဏ်း.. နင်က ဆန္ဒတစ်ထောင်ဂိုဏ်းကပဲ" ချန်နိုင်ရှင်းက ရုတ်တရက် အော်ကာ မယုံနိုင်သော မျက်လုံးများဖြင့် ကြည့်နေသည်။

ဆန္ဒတစ်ထောင်ဂိုဏ်းမှ တပည့်က လရောင်လှုံကျောင်းတွင် လာတက်သည်မှာ မထူးဆန်းချေ။

အန်ရူမန်သည်လည်း ထိုဂိုဏ်းကပင်။

သို့သော် ပြဿနာက သူလျှိုအဖြစ် လာခြင်းပင်။

ထိုသည်က အတော်ကြီးသော ပြဿနာပင်။

လရောင်လှုံဂိုဏ်းနှင့် ဆန္ဒတစ်ထောင် ဂိုဏ်းမှာ အတော်လေး ရင်းနှီးသော ဆက်ဆံရေး ရှိသည်။

ရန်သူအချင်းချင်း သူလျှိုလွှတ်သည်ကား မထူးဆန်းသော်သလို သူလျှိုမိ၍လည်း သိပ်ပြဿနာ မရှိချေ။ ရန်သူက မလုပ်မှသာ ထူးဆန်းနေမည် ဖြစ်သည်။ သို့သော် မိတ်ဆွေချင်းချင်း သူလျှိုထားသည်ကား မတူချေ။ ထိုသည်ကား ရင်းနှီးမှုကို ပျက်ပြားစေသည်။ ထိုသည်ကား စစ်ပွဲပင် ဖြစ်နိုင်သည်။

ပင်ကျင်းယူက သိုလှောင်အိတ် ထုတ်မပေးချင်သည်မှာ မထူးဆန်းချေ။ ပေါ်သွားခြင်း၏ အကျိုးဆက်ကား မသေးချေ။

ယန်ကျီယွမ်တို့အဖွဲ့၏ သစ္စာဖောက်မှုကြောင့် သူမ၏ ကြိုးစားမှုက အရာမထင်ချေ။ သူမက လေထဲတွင် ရပ်နေရင်း ဓါးမှ ရောင်ချည်များက တိုးလာသည်။ သူမမျက်လုံးမှ သတ်ဖြတ်လိုစိတ်များ တောက်ပလာသည်။

"နင်တို့အားလုံး... သေရမယ်"

သူမလေသံက အေးစက်နေကာ ချန်ညီအကိုနားထဲသို့ ဆူးခနဲ ဝင်သွားသည်။

တောင့်တမျှော်မှန်း အမတလမ်း (Aspiriring to the Immortal Path)Where stories live. Discover now