အခန်း (၁၇၈) ဝူဝမ်စာလုံး

85 12 0
                                    


လင်းဆိုသော လူ၏ သူငယ်ချင်းများက လန့်ဖျန့်သွားသည်။

"အသက်စမ်းရည် ပညာလား။ ညီအစ်ကိုလင်း မလုပ်နဲ့"

"ဘာလို့လဲ။ ကျင့်ကြံသူအနေနဲ့ ငါက နှလုံးသား ဆန္ဒအတိုင်း လုပ်ဖို့ လိုတယ် မဟုတ်ဘူးလား။ ပြီးတော့ ခုက ဆောင်းဦးရာသီလေ။ အရာရာတိုင်းက အိပ်နေတဲ့ ရာသီ။ ငါက ခုလို လုပ်တာက ပန်းတွေ ပွင့်စေလို့ ငါတို့ခရီးအတွက် ကောင်းတဲ့အပြင် ဖုန်ရှန်းမြို့လဲ အလှတိုးစေတယ်မလား။ သူတို့ကို သာယာမှု တစ်ခု ပေးတာလေ။ ဒါက ကောင်းတဲ့ဟာပဲ ညီအစ်ကိုချန်း တားဖို့ မလိုပါဘူး" လင်းဆိုသည့် လူငယ်က မကျေနပ်သည့် ပုံစံဖြင့် ပြောလိုက်သည်။

"မှန်တယ်။ မှန်တယ်။ ညီအစ်ကိုလင်း မှန်တယ်" ကျန်သူများက ဝိုင်းထောက်ခံကြလေသည်။ ကြည့်ရသည်မှာ အဖွဲ့ဝင်များက ထိုကောင်လေးကို ကြောက်ပုံပင်။

"အဓိပ္ပါယ်မရှိတာတွေ" ပန်းကန်လုံး တစ်လုံးက ခုံပေါ်ဆောင့်ကျသွားပြီး အရက်များ ဖိတ်သွားသည်။

ပြောလိုက်သူမှာ မုတ်ဆိတ်မွှေးနှင့်လူပင်။

"အိုး" လူငယ်အဖွဲ့က လှည့်ကြည့်လိုက်သည်။

"ခင်ဗျားက ကျုပ်ကို ပြောတာလား" လင်းဆိုသည့် လူငယ်က ပြောလိုက်သည်။

"ဒါပေါ့။ အပင်တွေကို သဘာဝအတိုင်း မဟုတ်ပဲ ကြီးထွားစေတယ် ခဏတော့ သာယာစေတာပေါ့။ ဒါပေမယ့် အဲ့ဒီပန်းတွေက ဘယ်လိုလုပ် ဆက်ရှင်တော့မလဲ။ ဒီနေ့ပြီးရင် နောက်ထပ် သုံးလမကြာဘူး မက်မုန်တောက အကုန်သေကုန်မှာ"

"သေတော့လဲ သေပေါ့။ ဒါတွေက အပင်ပဲလေ။ အဲ့ဒါက ခင်ဗျားနဲ့ ဆိုင်လို့လား။ ကျုပ်က နည်းနည်းပါးပါး လျော်လိုက် ပြီးတာပဲမလား" ထိုလူငယ်က ပြောလိုက်သည်။

ထိုလင်းမျိုးနွယ် လူငယ်မှာ အင်အားကြီး မိသားစုမှ ဖြစ်ပုံရပြီး မောက်မာလေသည်။

သူ့မျက်လုံးထဲတွင် မက်မုံတောမှာ အပင်သာဖြစ်၍ အဘယ့်ကြောင့် ဂရုထားနေရမည်နည်းဟုသာ တွေးသည်။ သူက အမြဲလိုလို လုပ်ချင်ရာ လုပ်လာသူပင်။

တောင့်တမျှော်မှန်း အမတလမ်း (Aspiriring to the Immortal Path)Where stories live. Discover now