အခန်း (၁၃၆) အရူးများ

119 20 0
                                    


စွမ်းအင် ပေါက်ကွဲမှုက အရပ်မျက်နှာ အားလုံးတွင် ပျံ့နှံ့သွားပြီး ကျောက်စိမ်းဓါး ဂိုဏ်းသားများက လောင်ကျွမ်းကုန်သည်။ သူတို့က ချက်ချင်း အငွေ့ပျံမတတ်ပင်။ သူတို့၏ ပစ္စည်းများမှာလဲ အရည်ပျော်ကုန်သည်။

ကောင်းကင် ပျက်သုဉ်း ဂိုဏ်းသားများပင် မလွတ်ချေ။ သူတို့က အနီးကပ် တိုက်ပွဲ ဆင်နွယ်နေခြင်း ဖြစ်၍ တုပိုင်ရှောင်းက ကြို၍ ပြောခဲ့သော်ငြား မလွတ်သည့်သူက မလွတ်ချေ။

ထို့ကြောင့် ကောင်းကင်ဖျက်ဆီး မိုးကြိုးပုလဲက ကျောက်စိမ်းဓါးဂိုဏ်းသားများကို လောင်ကျွမ်းသွားသလို ကောင်းကင်ပျက်သုဉ်း ဂိုဏ်းသားများကိုပါ ဖျက်ဆီးသွားသည်။ မီးတောက်များနှင့် ဖျက်ဆီးပြင်း လေက တိုက်ခိုက်နေသေးသည်။

"ကမ္ဘာကာရံ ကြယ်မီးလေလား" ထန်ဂျီက အဝေးမှ တိုက်ပွဲကို ကြည့်ရင်း ရေရွတ်မိသည်။ (သူတို့ကမ္ဘာကို ကာရံထားတဲ့ အကာအကွယ်ကို ရွှေကြယ်မီးလေလို့ ခေါ်တယ်။ ဝိဇ္ဇာအဆင့်ရောက်မှ ဖြတ်လို့ရတယ်)

ထိုမိုးကြိုးပုလဲတွင် နှင်းဆီတိမ်ကမ္ဘာကို ကာရံထားသည့် ရွေကြယ်မီးလေ၏ စွမ်းအားများ ပါဝင်နေလေသည်။

သူက ကျားသားရဲနှင့် ရင်ဆိုင်ရန် လုပ်စဉ်က အစီအရင် စီရင်ရန် ထိုရွှေကြယ်မီးလေး နည်းနည်းကို ဝယ်ခဲ့ဖူးသည်။ ထို့သည်က အတော်လေး ဈေးကြီးလေသည်။ ယခုမူ ထိုပုလဲတွင် ထိုကြယ်မီးလေ များစွာ ပါလေသည်။

သို့သာ် ယခုကြယ်မီးလေမှာ ပို၍ ပြင်းထန် ကြမ်းတမ်းလေသည်။ ထိုကြောင့်ပင် ကောင်းကင်ဖျက်ဆီး မိုးကြိုးပုလဲမှာ နာမည် ကြီးခြင်း ဖြစ်လေသည်။ ထို့ကြောင့်ပင် ထိုပုလဲက ရှားပါးခြင်းပင်။

သို့သော် ထိုပုလဲတွင် ပါဝင်သော ရွှေကြယ်မီးလေက တစ်ကယ့် အစစ်နှင့် စာလျှင်တော့ အားနည်းသေးသည်။ ထိုမီးတောက်လေများမှာ အရာအားလုံးကို ဝါးမြိုသည့် မစ္ဆာနှင့် တူသော်ငြား အရာအားလုံးကို ပြာချဖြစ်သော်ငြား အဖိုးကြီးက တောင့်ခံနေနိုင်လေသည်။

ထိုပြင်းထန်သော မီးတောက်များကြားတွင် အဖိုးကြီးက လက်ဟန်များကို ဆက်တိုက်ထုတ်ရင်း အလင်းကာများ ထုတ်လွှတ်နေသည်။ သူ၏ ပတ်လည်တွင် အလင်းကာက အရောင်အမျိုးမျိုး ပြောင်းနေသည်။

တောင့်တမျှော်မှန်း အမတလမ်း (Aspiriring to the Immortal Path)Where stories live. Discover now