အခန်း (၁၂၀) တိုက်ခိုက်မှု

142 28 0
                                    


လရောင်လှုံဂိုဏ်းက ရောက်လာချေပြီ။ သူတို့က မိုးကြိုး လျှပ်စီးကဲ့သို့ လာခဲ့ကြသည်။

သတိပေးသံများ အော်သံများ ကြားတွင် အဖြူရောင်ဝတ် လူတစ်စုက ဝါးတောအုပ်ကြားတွင် ပေါ်လာသည်။

သူတို့ပေါ်လာသည်နှင့် သူတို့က ဝါးတောအုပ်ထဲတွင် လျှင်မြန်စွာ လှုပ်ရှားသွားပြီး ငွေရောင် အရိပ်များကို ချန်ထားခဲ့သည်။ သူတို့က လူဒါဇင်ကျော်ခန့်သာ ဖြစ်သော်လည်း တပ်ထောင်တာ ဗိုလ်ထုကဲ့သို့ပင်။

အစောင့်ကျနေသော သိမ်းငှက်ခန်းမ တပည့်များက အဖြူရောင် လူရိပ်များကို တားမည်ကြံစဉ်တွင် အရိပ်များက သူတို့အား ဖြတ်သွားသည်။ သွေးများ ဖျာခနဲ ဖျာခနဲနှင့် တစ်ယောက်ပြီး တစ်ယောက်က လဲကျသွားလေသည်။

ဝါးတောအုပ်က တုန်ခါသွားပြီးနောက် မိုးပြာရောင် အလင်းများက မိုးရွာသကဲ့သို့ ကျဆင်းလာလေသည်။ ထိုသည်ကား ဝါးရွက်များဖြစ်လေသည်။

"က" (အက)

တိုးညှင်းသော အော်သံ တစ်ခုနှင့်အတူ ထိုအဖြူရောင် လူဒါဇင်ခန့်က အေးစက်သော ဓါးမော့လှိုင်းများကို ထုတ်လွှတ်လိုက်ကြသည်။ ထိုဓါးအလင်းများက သူတို့ပေါ် ကျဆင်းလာသော မိုးပြာရောင် မိုးစက်များကို ပြတ်တောက်သွားစေသည်။

သို့သော် နောက်ထပ် ဝါးတောအုပ်အတွင်းမှ ဝါးချွန်များက လှံများကဲ့သို့ ပစ်ဝင်လာပြန်သည်။

"ပိုင်း" (ခုတ်ပိုင်း)

ဝှစ်

အဝိုင်းသဏ္ဍာန် ဓါးအရိပ်များက ဖြောင့်တန်းသွားပြီးနောက် ဓါးရောင်များက လေထဲတွင် ပိုင်းဖြတ်သွားသည်။ မြစိမ်းရောင် ဝါးချွန်လှံများက ပိုင်းပြတ်ကိုပြန်း လေပေါ်တက်သွားသည်။

ဝါးများကို ဖြတ်တောက်ရင်း ထိုလူစုက တက်လာလေသည်။ မြေပြင်မှ ကျောက်တုံးများက ကြွတက်လာပြီး သဲမုန်တိုင်း တိုက်သကဲ့သို့ ထိုလူစုဆီ ဝင်လာပြန်သည်။

"ခါ" (တုန်ခါ/ခါချ)

အဖြူရောင် လူအားလုံးက လက်ဝါးများကို ဖြောင်းခနဲ တစ်ပြိုင်တည်း တီးလိုက်ကြသည်။ လက်ခုပ်သံလှိုင်းများ ထွက်လာပြီးတော့ တိုးဝင်လာသော ကျောက်တုံးများကို နောက်ပြန် ဆုတ်သွားစေသည်။

တောင့်တမျှော်မှန်း အမတလမ်း (Aspiriring to the Immortal Path)Where stories live. Discover now