အခန်း (၁၄၈) ချီရှောက်မင်မှ စိန်ခေါ်ခြင်း

121 19 0
                                    


လက်သီးက ထန်ဂျီမျက်နှာကို ထိသွားချိန်တွင် ယန်ယုဟောင်က သူအမှားလုပ်မိပြီ ဖြစ်ကြောင်း သိလိုက်သည်။

'ချီးးးး'

သူက ယနေ့တွင် တိုက်တိုက်ဆိုင်ဆိုင် ရောက်လာခြင်း မဟုတ်ချေ။ အခြားသူများနှင့် တိုင်ပင်၍ လာခဲ့ခြင်း ဖြစ်သည်။ သူက ထန်ဂျီကို ရန်စရန် လာခြင်း ဖြစ်သည်။

သူတို့တွေးသည်မှာ ထန်ဂျီကျ ဘာမျှ မပြောပဲ ငြိမ်နေ သို့မဟုတ် လက်ပါခြင်းဖြင့် အမှတ်များ ဖြတ်ခံရဟူ၍ပင်။ ထို့နောက် ထန်ဂျီက အမြှီးကုပ်၍ ပြေးမည်ဟုပင်။

သို့သော် ထန်ဂျီက ဘာမျှ မဖြစ်သည့်အပြင် သူက ယန်ယုဟောင်အား ပြန်၍ ရန်စကာ သူ့အား တိုက်ခိုက်စေလိုက်လေသည်။ စောင့်ကြည့် ကျောင်းသားများက ဂရုမထားချေ။ သူတို့ ဂရုစိုက်သည်ကား မည်သူ့ဆီက အမှတ် ဖြတ်ရမည် ဆိုသည်ပင်။

စောင့်ကြည့် ကျောင်းသား တစ်ယောက်က ချက်ချင်း ပြေးထွက်လာပြီး အော်သည်။

"ကျောင်းမှာ တိုက်ခိုက်တာကို..."

သူက စကားမဆုံးမီပင် ထန်ဂျီက ယန်ယုဟောင်၏ ဗိုက်ကို ကန်လိုက်သည်။

ထိုကန်ချက်က ပြင်းလှ၍ ယန်ယုဟောင်က ဖားဖိုကြီးဆီ လွင့်သွားလေသည်။

ဘုန်း

ယန်ယုဟောင် ကိုယ်ပေါ်တွင် မီးဖွားများ ကျသွားကာ အဝတ်ကို လောင်တော့သည်။ ယန်ယုဟောင်က အော်ဟစ်၍ အဝတ်ကို ချွတ်ပစ်သည်။ သို့သော် သူ့ကိုယ် အစိတ်အပိုင်း အချို့က လောင်ပြီးနေပြီ ဖြစ်သည်။

ဒဏ်ရာက ပျောက်မည် ဖြစ်သော်လည်း အရှက်ရမှုကတော့ စွဲနေချေတော့မည်။ ထို့ပြင် သူက အဝတ်များကို ချွတ်ပစ်ရာ ဝက်ကိုယ်လုံးတီးပုံ ဖြစ်နေလေသည်။ သူက အော်သည်။

"စောင့်ကြည့်အစ်ကို သူက ကျွန်တော့်ကို ကန်တယ်။ ကန်တယ်"

ဘေးမှ ကြည့်နေသော ကျောင်းသားများက ဘာလုပ်ရမည် မသိချေ။ စောင့်ကြည့် ကျောင်းသားကပင် ထန်ဂျီကို ကြည့်နေသည်။

ထန်ဂျီက ဖြေးညှင်းစွာ ပြောလိုက်သည်။

"ကျောင်းသား စည်းကမ်းတွေအရ စမတိုက်တဲ့သူက စောင့်ကြည့်ကျောင်းသားက လာပြီး မရပ်ခိုင်းမချင်း ကာကွယ်ခွင့် ရှိတယ်။ ဒါပေမယ့် ကာကွယ်တာက သူများကို ဒဏ်ရဦ ရစေလို့ မရဘူး"

တောင့်တမျှော်မှန်း အမတလမ်း (Aspiriring to the Immortal Path)Where stories live. Discover now