အခန်း (၄၀) အစေခံကျောင်းသား နေရာ ရွေးခြင်း (၁)

190 35 0
                                    

ဝက်သတ်သကဲ့သို့ အော်သံများက ဝေထျန်းချောင် နဂါးတံခါးဖွင့်စဉ်တွင် ကြားနေရပြီး လူတိုင်းကို ကြောက်လန့်စေသည်။ ထိုအချိန်တွင် သခင်မ၏ စိုးရိမ်တကြီး အော်သံများပင် လူများက ကြားရလေသည်။

"အော်မနေနဲ့။ နင့်စွမ်းအားကို စုထားလေ။ တွန်းထား တွန်းထား။ ငါ့သားက သတ္တိကောင်းပါတယ်။ ပွင့်တော့မယ် ပွင့်တော့မယ်..."

ထိုသည်က တစ်ယောက်ယောက် ကလေးမွေးနေသည့် အသံနှင့်ပင် တူသေးသည်။

ထန်ဂျီက မနေနိုင်ပဲ ပြုံးမိသည်။ အခြားအစေခံများက ထန်ဂျီ၏ အပြုံးမှာ ကိုယ့်ကိုကိုယ် စိတ်ချနေ၍ ပြုံးသည်ဟု ထင်လိုက်ကြသည်။ ရှီမိုက ထန်ဂျီကိုကြည့်၍ အသံမထွက်ပဲ လှမ်းပြောသည်။

'မင်းက သေချာနေပြီလို့ တွေးမနေနဲ့'ဟု ပြောကြောင်း ထန်ဂျီက သိသည်။ သူက ရယ်သာ ရယ်နေလိုက်သည်။

အော်သံများက တဖြည်းဖြည်းစဲသွားသည်။ ထန်ဂျီက နဂါးတံခါးဖွင့်ခြင်း ပြီးသွားပြီ ဖြစ်ကြောင်း သိလိုက်သည်။ တအောင့်ကြာပြီးနောက် သခင်မနှင့် ချီဆရာသခင်လုတို့က အခန်းထဲမှ ထွက်လာသည်။ လျှောက်လာရင်းဖြင့် ဆရာသခင်လုက ပြောလိုက်သည်။

"ဂုဏ်ယူပါတယ် သခင်နဲ့ သခင်မ။ နဂါးတံခါးလေးလွှာဆိုတာ မဆိုးတဲ့ ပါရမီထဲပါပါတယ်"

'ပါရမီကတော့ မဆိုးပါဘူး စိတ်ဓါတ်က အတော်ပျော့တာ' ထန်ဂျီက စိတ်ထဲတွင် တွေးနေသည်။ ဝေထျန်းချောင်၏ အော်သံအရ သူသည် သူ၏ အလားအလာအားလုံးကို မထုတ်နိုင်ခဲ့ကြောင်း ထန်ဂျီသိသည်။ သို့မဟုတ်ပါက သူက အနည်းဆုံး ငါးလွှာအထိ ဖွင့်နိုင်လောက်သည်။ သို့မဟုတ် ခြောက်လွှာ ခုနှစ်လွှာထိပင် ရောက်နိုင်လေသည်။

"ဘယ်လိုပဲဖြစ်ဖြစ် သူက အလယ်အလတ်ပါရမီပဲ ရှိတာပဲ။ ထျန်းကျီထွက်စာရင် ကောင်းတယ်ဆိုပေမယ့် ဝေအိမ်တော်ရဲ့ သားတွေက သမီးတွေထက်ကို နိမ့်နေသေးတယ်" ကျန်းရှုဖန်က သူ့သား၏ အလယ်အလတ်အဆင့်ရှိ ပါရမီဆိုသည်ထက် သားနှင့် သမီးများကိုသာ နှိုင်း၍ ပြောလိုက်သည်။

သူမ၏သမီး ဝေချင်းအာမှာ ခြောက်လွှာဖွင့်နိုင်ပြီး ဆန္ဒခုနှစ်မျိုး စွမ်းအင်သွေးကြောရှိကာ ဆန္ဒတစ်ထောင် ဂိုဏ်းနှင့် အလွန်သင့်တော်လေသည်။ ဝေချင်းစုန်၏ သမီး ဝေတိမှာ နဂါးတံခါး ငါးလွှာဖွင့်နိုင်သည်။ သို့သော် ပထမသခင်လေး ဝေထျန်းကျီမှာ နဂါးတံခါး နှစ်ချပ်သာ ဖွင့်နိုင်၍ လရောင်လှုံကျောင်းတော်ကို တက်ရောက်နိုင်ခဲ့သော်လည်း သူက သိပ်မတိုးတက်ပဲ ယခုမှ ချီပင်လယ်အဆင့်သာ ရှိနေသေးသည်။ ကံမကောင်းပါက သူက ချီပင်လယ်အဆင့်၌ပင် တစ်သက်လုံး တစ်နေတော့မည် ဖြစ်သည်။

တောင့်တမျှော်မှန်း အမတလမ်း (Aspiriring to the Immortal Path)Where stories live. Discover now