အခန်း (၁၁၈) ဖမ်းခြင်း (၂)

143 22 0
                                    


လူတိုင်းက ချိုက်ကျွန်းယန်ကို အံ့ဩစွာ ကြည့်လိုက်သည်။ သူက ဓါးကို အမဲရောင်ဝတ်လူဆီ ညွှန်ထားရင်း ပါးစပ်က သွေးများ စီးကျနေလေသည်။

"ကျွန်းယန် ဘာလုပ်နေတာလဲ" ထန်ဂျီက မေးလိုက်သည်။

"ဘာလုပ်နေတာလဲ... ငါက ချတာလေ။ ကျင့်ကြံသူတစ်ယောက် အနေနဲ့ ကြုံလာသမျှ ကို ရင်ဆိုင်ဖြေရှင်းရမယ်။ သေမှာကို မကြောက်ရဘူး။ ငါက ရဲဘော်ရဲဘက်ကို စွန့်ခွာပြီး အန္တရာယ်ကို ရင်မဆိုင်ချင်မှတော့ ငါက ဘယ်လိုလုပ် သူရဲကောင်း ဖြစ်တော့မလဲ" ချိုက်ကျွန်းယန်က ပြောသည်။

ထန်ဂျီက ဆွံ့အသွားသည်။ ချိုက်ကျွန်းယန်က ဓါးကို ဝှေ့ယမ်း၍ သူ၏ ရေလှိုင်းဓါးသိုင်းကို ထုတ်သုံးလိုက်သည်။ ဓါးရောင်များက ဖြာကျသွားသည်။

"ကျွန်းယန် ရပ်လိုက်" ထန်ဂျီက ထိတ်လန့်တကြား အော်သည်။

"သေချင်နေတာလား" အဝေးမှ ကောဖေက သူလက်ကို လှုပ်ရှားလိုက်ရာ ချိုက်ကျွန်းယန်၏ ဓါးက ရပ်သွားသည်။ သူက လှုပ်ရှား၍ မရတော့ချေ။

"ဒုက္ခလွန်မြောက် အဆင့်" ရှူမင်ယန်က ဘေးမှ အော်လိုက်သည်။

ကောဖေက သူ၏ စွမ်းအင်ကို အပြင်ထုတ်ကာ ထိန်းချုပ်နိုင်သည်။ ထိုသည်က ဒုက္ခလွန်မြောက် အဆင့်များသာ လုပ်နိုင်သော အရာဖြစ်လေသည်။ လောက၏ ချီစွမ်းအားကို ကိုယ်ထဲတွင် ဖြစ်တည်စေခြင်းက ကျင့်ကြံသူ ဖြစ်လာလျှင် လုပ်နိုင်သော်လည်း အပြင်ကို ထုတ်လွှတ်လျှင်ကား ကွာခြားမှုများ ရှိလေသည်။

အနီးနှင့် အဝေး စွမ်းရည်လည်း ရှိသေးသည်။

ချိုက်ကျွန်းယန်က အော်သည်။

"သူက ဒုက္ခလွန်မြောက် အဆင့် ဖြစ်တော့ရော ဘာဖြစ်လဲ။ အား... ပျက်စမ်း" သူ၏ ကိုယ်က အကြောများ ထောင်၍ ချီအလင်းများ လက်လာကာ ကောဖေ၏ ဖိအားအောက်မှ စ၍ လှုပ်ရှားလာလေသည်။

ကောဖေပင်လျှင် အံ့ဩသွားသည်။

ချိုက်ကျွန်းယန်က ချီစမ်းရည် အဆင့်သာ ရှိသေးပြီး သူက ဒုက္ခလွန်မြောက်အဆင့်၏ ဖိအားကို ခံနိုင်လေသည်။ သူတို့က အဆင့်ကြီး တစ်ဆင့် လုံးလုံးကွာလေသည်။ သို့သော် သူက လှုပ်နိုင်သေးသဖြင့် ကောဖေက တုန်လှုပ်သွားသည်။

တောင့်တမျှော်မှန်း အမတလမ်း (Aspiriring to the Immortal Path)Nơi câu chuyện tồn tại. Hãy khám phá bây giờ