အခန်း (၇၃) ကြိုးကြာဖြူ

168 38 0
                                    

ထိုညနေတွင် ထန်ဂျီက ကျန်းစာတိုက်သို့ သွား၍ ပညာရပ်တစ်ခု ထုတ်ယူလေသည်။ သူက ချီစမ်းရည်အဆင့်သို့ ရောက်နေသည်မှ ကြာလှပြီ ဖြစ်သော်လည်း ယခုမှ အသစ်ထုတ်ယူရခြင်း ဖြစ်သည်။ သူက သတ်စရာရှိသည့် သူကို သတ်ပြီး ဖြစ်သည်။ ထို့ကြောင့် သူကနောက်တစ်ဆင့်အတွက် ကျင့်ကြံရတော့မည် ဖြစ်သည်။

သူက ယခုတစ်ကြိတွင်လည်း ဂါထာပညာရပ် နှစ်ခုကို ထုတ်ယူခဲ့သည်။ တစ်ခုမှာ အဏ္ဏဝါအလင်းကာ၏ နောက်တစ်ဆင့် ပညာ ဖြစ်သည်။ ထိုပညာကို သူက ဒုက္ခလွန်မြောက် အဆင့်ထိ ကျင့်ကြံနိုင်လေသည်။

သူက အဏ္ဏဝါအလင်းကာ ပထမပိုင်းကို လေ့ကျင့်ပြီး ဖြစ်သဖြင့် အဆုံးထိ ကျင့်ကြံရပေမည်။ သူ့အနေဖြင့် အုတ်မြစ်ချပြီးသား ပညာကို လက်လွှတ်ရန် မသင့်ပေ။ အခြားပညာရပ်မှာ စွမ်းအင်အပ် ဂါထာဖြစ်သည်။

စွမ်းအင်အပ် ပညာမှာ ကျောင်းရှန်း သုံးခဲ့သည့် စွမ်းအင်ဒိုင်းကာ ပညာနှင့် ပင်စည် တစ်ခုတည်းမှ လာသည့် ပညာဖြစ်သည်။ အဆင့်နိမ့် ဂါထာပညာများတွင် အတော်လေး ကောင်းသော ပညာဖြစ်သည်။ သို့သော် သူ၏ ကျင့်စဉ်နှင့်ဆိုလျှင် ထိုသည်က ကောင်းသော ရွေးချယ်မှုတော့ မဟုတ်ချေ။

စွမ်းအင်အပ် ပညာမှာ ထုတ်လွှတ်ရန် မြန်သော်လည်း ချပ်ဝတ်ဖောက်ရာတွင် သိပ်အသုံးမဝင်ချေ။ အကယ်၍ ဝေထျန်းချောင်က သူ၏ ရွေးချယ်မှုကို သိပါက နောက်တစ်ကြိမ် ဗျစ်တောက် ဗျစ်တောက် လုပ်အုံးမည်သာ။ သူက သူ၏ လမ်းစဉ်နှင့် မကိုက်သော ပညာကို ရွေးသည်ဟု ဆိုအုံးမည် ဖြစ်သည်။

မည်သို့ပင်ဆိုစေ ထိုသည်က သူ၏ လမ်းစဉ်နှင့် သုံးပုံတစ်ပုံတော့ ကိုက်ညီလေသည်။ ထန်ဂျီက ထိုပညာကို ရွေးရသည်မှာ ထိုပညာ၏ အားသာချက် တစ်ခုကြောင့် ဖြစ်သည်။ ထိုပညာက ပစ္စည်းတစ်ခုကို ချီစွမ်းအင်များနှင့် ပတ်၍ ပစ်နိုင်လေသည်။

သူက ခရမ်းမီးတောက်ဓါးကို ဖျက်ဆီးကာ ရွှေမှုန်တစ်ခုရခဲ့လေသည်။ သို့သော် သူက မည်သို့ သုံးရမည် ကို သေချာ မသိသေးချေ။ သို့သော် သူသိသည်မှာ ထိုအရာမျာ အလွန်မှာ၍ ထိုပညာဖြင့် စွမ်းအင်ပတ်ကာ ပစ်လျှင် အတော်အသုံးဝင်ပေမည်။

တောင့်တမျှော်မှန်း အမတလမ်း (Aspiriring to the Immortal Path)Where stories live. Discover now