အခန်း (၅၂) ပထမဆုံး အတန်း (၂)

180 31 0
                                    

အတန်းက နောက်ဆုံးတွင် ပြီးသွားသည်။ ဝေထျန်းချောင်က ကြောင်တောင်တောင်နှင့် ပင်ပန်းနေသည်။ သို့သော် ထန်ဂျီက သူ့အား ဆွဲ၍ အခန်းထဲမှ မြန်မြန် ထွက်လာသည်.

ဝေထျန်းချောင်က သူ့အား မေးရန် ပြင်သော်လည်း ထန်ဂျီက စကားမပြောရန်သာ လက်ပြသည်။ သူက စာသင်ခန်းထဲတွင် သင်ခန်းစာရခဲ့ပြီး ဖြစ်၍ ထပ်မမေးချေ။ ရှီမန်နှင့် သူက ထန်ဂျီနောက်သို့ လိုက်ခဲ့သည်။ သူတို့ အခန်းပြင် ရောက်ရောက်ချင်း ထန်ဂျီက သူ၏ လက်ကို ဆွဲ၍ "ပြေးကြမယ်"ဟု ပြောသည်။

"ပေးရမယ်။ ဘာလို့လဲ"

"စားဖို့" ထန်ဂျီက ထို့သို့ ပြောရင်း ပြေးထွက်သွားသည်။

စားဖို့လား။

ရှီမန်နှင့် ဝေထန်းချောင်က အိပ်မက်က နိုးသွားသလို ခံစားလိုက်ရသည်။ သူတို့က စ၍ ပြေးတော့သည်။

သခင်လေးနှင့် အစေခံနှစ်ယောက် ပြေးသွားသည်ကို အခြားလူများက မြင်၍ ကြောင်နေကြသည်။ ထို့နောက် သူတို့က "စားရန်" ဆိုသည်ကို သဘောပေါက်သွားသည်။

ထို့နောက် အခြားကျောင်းသားများသည်လည်း စ၍ပြေးကြသည်။ ဝေထျန်းချောင်တို့အဖွဲ့က ရောက်၍ စီပြီးသွားသည်။ သူတို့က မောနေရင်းဖြင့် ပြတင်းမှ တစ်ဆင့် အစားအသောက်များကို ယူလိုက်ကြသည်။ ချီအစားအစာများမှာ အလွန်မှ အနံ့မွှေး၍ လှပနေသည်။

"ငါက နောက်ဆုံးတော့ ကောင်းတာ တစ်ခုခု စားရတော့မယ်" ဝေထျန်းချောင်က အစားဗန်းကို သယ်ရင်း ထိုင်လိုက်ကာ စ၍ စားတော့သည်။

ထန်ဂျီက ဘာမျှ မပြောပဲ ဒီတိုင်းထိုင်နေသည်။ သူက မစားချေ။

"မင်းက ဘာလို့ မစားတာလဲ" ဝေထျန်းချောင်က မေးလိုက်သည်။

"ခဏနေရင် သိရမယ်" ထန်ဂျီက ပြောသည်။

တအောင့်အကြာတွင် ရသာတစ်ထောင်ဆိုင်က တန်းစီသူများနှင့် ပြည့်သွားလေပြီ။ ထန်ဂျီက ဆိုင်းဘုတ်တစ်ခု ထောင်လိုက်ပြန်သည်။

"ချီအစားအစာ ရောင်းမည်...တစ်ပွဲလုံးကို ချီဒင်္ဂါး ၃၅ ပြား"

"မင်းက မင်းနေ့လည်စာကိုပါ ရောင်းအုံးမှာလား" ဝေထျန်းချောင်က မျက်လုံးပြူးသွားသည်။

တောင့်တမျှော်မှန်း အမတလမ်း (Aspiriring to the Immortal Path)Tahanan ng mga kuwento. Tumuklas ngayon