အခန်း (၆၆) စက္ကောမရုပ်

182 31 0
                                    

နောက်ထပ် ရက်များအတွင်း ထန်ဂျီက အခြားကျောင်းသားများလို မဟုတ်ဘဲ ပညာရပ် ထုတ်လွှတ်မှု အချိန် တိုအောင်သာ ထပ်ကာ ထပ်ကာ လေ့ကျင့်နေသည်။

ကျောင်းသား တစ်ယောက်ပြီး တစ်ယောက်က ချီစမ်းရည် အဆင့်ကို ဝင်ရောက်သွားကြကာ အဆင့်တက် ကျင့်ကြံနေကြပြီ ဖြစ်သည်။ သို့သော် ထန်ဂျီက အလျင်မလိုချေ။ သူက အဏ္ဏဝါအလင်းကာကိုသာ ထပ်ကာ ထပ်ကာ လေ့ကျင့်နေသည်။ သူ၏ ထုတ်လွှတ်မှု အချိန်က တစ်ဖြည်းဖြည်း လျော့ကျသွားရာ နှစ်စက္ကန့်သာ ကြာတော့သည်။ ယနေ့တွင် ထန်ဂျီက သူ့အခန်းထဲတွင် လေ့ကျင့်နေစဉ် အပြင်မှ သူ့နာမည်ကို ခေါ်သံကြားလိုက်ရလေသည်။

သူက အပြင်ကို ထွက်လာသော အခါ ကျောင်းသား တစ်ယောက်ကို တွေ့လိုက်ရလေသည်။

"အိုး အစ်ကိုလီပဲ။ ဘယ်ကိစ္စကြောင့်များ အစ်ကိုလီက ရောက်လာတာပါလိမ့်"

အစ်ကိုလီ၏ နာမည်မှာ လီကျန်းဖြစ်ပြီး သူက ဆဋ္ဌမနှစ် ကျောင်းသား ဖြစ်လေသည်။ သူက ချီရေကန် အဆင့်ဖြစ်ပြီး ဝူရှင်းထက်မူ အများကြီး သန်မာလေသည်။ လီကျန်းက ထန်ဂျီကဲ့သို့ ကျောင်းသား ဖြစ်သည်။ သူက နောက်တစ်ဆင့်သို့ တက်ရန် အလျင်စလို မကြိုးစားပဲ တိုက်ရည်ခိုက်ရည်နှင့် ပညာရပ်များကို ကောင်းမွန်စွာ လေ့ကျင့်တတ်လေသည်။ ထို့ကြောင့် သူက တိုက်ခိုက်ရည် ကောင်းကာ ကျောင်းတော်၏ တာဝန်များကို ထမ်းဆောင်၍ အကျိုးပြု အမှတ်များရှာကာ အထောက်အပံ့များ ဝယ်ယူနိုင်ပြီး ကျင့်ကြံဆင့်ကို တိုးမြင့်နိုင်လေသည်။

ထိုသည်က ပါရမီ သိပ်မရှိသော ကျောင်းသားများအတွက် အကောင်းဆုံး လမ်းကြောင်း ဖြစ်လေသည်။ သို့သော် အန္တရာယ်တော့ များလေသည်။ လွန်ခဲ့သော ရပ်အနည်းငယ်က လီကျန်းသည် တိုက်ပွဲကွင်းပြင်တွင် လူအချို့နှင့် တိုက်ခဲ့ကာ ပွဲဆက် အနိုင်ရခဲ့လေသည်။ ထန်ဂျီက သူနှင့် တစ်ကြိမ်တွေ့ခဲ့ဖူးလေသည်။

ထန်ဂျီထွက်လာသည်ကို တွေ့သောအခါ လီကျန်းက ပြုံးရင်း ပြောလိုက်သည်။

"မကြာခင် စာမေးပွဲကြီးလာတော့မယ်ဆိုတာ မင်းလည်း သိတာပဲ။ ငါက နှစ်တိုင်း ကျနေတာ။ ငါ့အနေနဲ့ အချိန်ကို အဲ့ဒီလို ဆက်မဖြုန်းနိုင်တော့ဘူး။ မင်းက စာပေအတန်းမှာ ပါရမီပါတဲ့ ကျောင်းသားလို့ ငါကြားထားတယ်။ ငါ့ကို နည်းနည်းလောက် ညွှန်ပြပေးပါလား"

တောင့်တမျှော်မှန်း အမတလမ်း (Aspiriring to the Immortal Path)Where stories live. Discover now