အခန်း (၆၁) ရှာဖွေခြင်း

179 31 0
                                    

"အဖေ၊ အမေ ဒီစာက အဖေနဲ့ အမေဆီ ရောက်မယ်လို့ မျှော်လင့်ပါတယ်။ ဒီနေ့ ကျွန်တော်က အစ်ကိုဝူရှင်းနဲ့ တွေ့တယ်။ အစ်ကိုလဲ ကျန်းကျန်းမာမာရှိပြီးတော့ အဖေနဲ့ အမေ့ကို လွမ်းနေရှာတယ်။ ဒါပေမယ့် ခုသူက ကျင့်ကြံခြင်းမှာ အရေးကြီးနေတဲ့ အချိန်ရောက်နေတော့ အဖေနဲ့ အမေ့အကြောင်းကို ကျွန်တော့်ဆီကပဲ မေးနိုင်ရှာတယ်။ သူက အဖေနဲ့ အမေ့ကို အတော်စိတ်ပူနေတယ်။ ကျွန်တော်တို့က ခုမှ တွေ့ပေမယ့် အဆင်ပြေကြပါတယ်။ သူက ကျွန်တော့်ကို ဂရိုစိုက်ပြီး တစ်ချို့ဟာတွေတောင် လမ်းညွှန်ပေးပါသေးတယ်.."

စာရေးပြီးနောက် ထန်ဂျီက က တစ်ခေါက် ပြန်ဖတ်လိုက်သည်။ သူက သက်ပြင်းချ၍ စာကို စာအိတ်ထဲ ထည့်ပိတ်လိုက်သည်။ သူက အနားရှိ အမြှုတေသန့်စင်ဆေး ပုလင်းကို မြင်သောအခါ စိတ်ထဲတွင် မချင့်မရဲ ထပ်ဖြစ်လာသည်။

ဝူရှင်း၏ မယုံရမှုကြောင့် သူက လတ်တလောတွင် ဝူလင်မယားအား ဆေးမပို့နိုင်သေးချေ။ သူ့အနေဖြင့် ဆေးပြန်ပို့ရမည့် အစီအစဉ်ကို စဉ်းစား၍ မရချေ။

သူကပို၍ပင် မချင့်မရဲ ဖြစ်လာကာ နံရံကို လက်သီးဖြင့် ထိုးလိုက်သည်။

"ကြည့်ရတာ ငါက စောင့်နေရမယ့် ပုံပဲ။ သူတို့ စောစော လှုပ်ရှားလာပါစေလို့ပဲ ဆုတောင်းရမှာပဲ"

သူကသူ့လက်သီးကို ငုံ့ကြည့်လိုက်သည်။

သူက လေပြင်းဓါး၏ အင်အားကို မသိခဲ့ချေ။ သူသိသည်က ဝူရှင်းကို ဂါထာ ထုတ်လွှတ်ရန် အချိန် မပေးဖို့ပင်။ ထို့ကြောင့် သူက မရှောင်ပဲ တိုက်ခဲ့ခြင်း ဖြစ်သည်။ သူမျှော်လင့်မထားသည်မှာ လေပြင်းဓါးကြောင့် ရသည့် ဒဏ်ရာက ဤမျှ သေးနေမည်ကိုပင်။

အချိန်များစွာ မကြာမီပင် သူ၏ ဒဏ်ရာက လုံးဝကျက်လုနီး ဖြစ်နေသည်။

လေပြင်းဓါးမှာ တန်ခိုးကြီး ပညာမဟုတ်သော်လည်း သေးငယ်သော အင်အား မဟုတ်ချေ။ သူက လေပြင်းဓါး၏ ဒဏ်ကို ခံနိုင်မှတော့ သူ့အနေဖြင့် လေပြင်းဓါးထက် အားနည်းသော ပညာရပ်များကို ခံနိုင်သည်ဆိုသည့် သဘောပင်။

ထန်ဂျီက သူ့ခန္တာကိုယ်၏ သန်မာမှုကို ပညာရပ်များဖြင့် စမ်းသပ်ရန် လိုသည်ဟု တွေးမိသည်။ သူ့အနေဖြင့် ထိုသို့ စမ်းထားပါ အနာဂတ် တိုက်ပွဲများတွင် အသုံးဝင်မည် ဖြစ်သည်။ သို့သော် လောကတွင် များပြားလှသော ပညာရပ်များ ရှိနေသဖြင့် သူ့က စမ်းသပ်ရန် မလွယ်သေးချေ။

တောင့်တမျှော်မှန်း အမတလမ်း (Aspiriring to the Immortal Path)Where stories live. Discover now