အခန်း (၂၀) ဝေသခင်လေး

214 30 0
                                    


ထိုနေ့ညတွင်ပင် အိမ်တော်ထိန်း ချင်ယွမ်က သတင်းကောင်းနှင့် ရောက်လာခဲ့သည်။ ထန်ဂျီက အလုပ်ရခဲ့သည် ဆိုသဖြင့် ဝူလင်မယားမှာ ပျော်လွန်းသဖြင့် ညပင် အိပ်မပျော်ကြချေ။

နောက်တစ်နေ့မနက်တွင် ဝေအိမ်တော်မှ လူတစ်ဦးက ထန်ဂျီကို ဝေအိမ်တော်သို့ ခေါ်ဆောင် သွားကြလေသည်။ ထန်ဂျီက ဝေသခင်မကြီးနှင့် ထပ်မတွေ့ရတော့ပဲ နူဟူသော အမည်ရသည့် အဖိုးကြီး တစ်ယောက်၏ ဦးဆောင်မှုဖြင့် ဝေအိမ်တော်အတွင်း ဝင်ရောက်လာခဲ့ရသည်။

ရေကန်များ၊ နန်းဆောင်များ၊ ရိပ်သာများ၊ တောင်ကုန်း အတုများ၊ သစ်မွှေးသား တံတားများကို ဖြတ်ပြီးနောက် သူတို့က သမာဓိ ဥယျဉ်ကို ရောက်လာကြသည်။ အနီရောင်နှင့် အစိမ်းရောင်များ ဖြန့်ကျက် တည်ရှိသေည့် ပန်းခင်းဆီ ရောက်သောအခါ ထန်ဂျီက ထိုနေရာသည် သူအလုပ်လုပ်ရမည့် နေရာမှန်း သိလိုက်သည်။

အကြီးအကဲ နူက ထန်ဂျီကို ပန်းများအား မည်သို့ ဂရုစိုက်ရမည် ဆိုသည်နှင့် မည်သို့ ပေါင်းသင် ရမည်ကို ညွှန်ကြားသည်။ ထန်ဂျီက အိတ်ထံမှ မှတ်စုစာအုပ်ကို ထုတ်၍ ညွှန်ကြားချက်များကို လိုက်မှတ်နေသည်ကို မြင်သောအခါ ထိုအဖိုးကြီးက အတော်လေး ကျေနပ်သွားသည်။

ဝေအိမ်တော်သို့ လာသည့် ကောင်လေး အတော်တော်များများသည် အစေခံကျောင်းတော်သား ဖြစ်ရေးကိုသာ ရည်ရွယ်၍ လာကြသူများသည်။ ထို့ကြောင့် သူတို့အများစုက သင့်တင့်သော လမ်းကြောင်းကို သိပ်စိတ်မဝင်စားကြချေ။ သူတို့၏ စိတ်ဝင်စားမှုကား အလုပ်မည်သို့ လုပ်ရမည်ဆိုသည့် နေရာတွင် မရှိတတ်ကြချေ။

ထန်ဂျီက အာရုံစိုက်သည်ကို မြင်သဖြင့် ထန်ဂျီသည် တစ်ကယ့်အလုပ်များနှင့် သူ့ရည်မှန်းချက်အကြောင်း ကွဲပြားသည့် လူငယ်ဟု၍ ထိုအဖိုးအိုက မြင်သွားကာ ထန်ဂျီကို အတော်သဘောကျသွားသည်။

အဖိုးနူက ပန်းများအကြောင်း ပြောပြီးသွားသည့်နောက်တွင် ထန်ဂျီကို "ပန်းစိုက်တာက သိပ်တော့ ခက်တဲ့ အလုပ်မဟုတ်ပါဘူး။ မင်းက မှန်ကန်တဲ့ နည်းလမ်းတွေကို လုပ်ရုံပဲ။ တကယ့် သော့ချက်က မင်းဘယ်လောက် ဂရိုစိုက်သလဲဆိုတာပဲ။ မင်းက ဒီမှာ အသစ်ဆိုတော့ မသိတာရှိရင် ငါ့လာမေးလို့ ရတယ်။ ငါက ဟိုဘက်က အိမ်လေးမှာ နေတယ်။ ဒါပေမယ့် မင်းကငါ့ကို တစ်လထက် ပိုပြီး မေးခွန်းတွေ မေးရင်တော့ ငါမဖြေတော့ဘူး" ဟု ပြောလိုက်သည်။

တောင့်တမျှော်မှန်း အမတလမ်း (Aspiriring to the Immortal Path)Where stories live. Discover now