အခန်း (၈၄) နတ်ကာကွယ် ခန်းမ

176 33 0
                                    

နောက်နှစ်ရက်အတွင်း ထန်ဂျီက အချက်အလက်များစုခြင်း သုံးသပ်ခြင်းများကို ဝေထျန်းချောင်အတွက် လုပ်ပေးနေသည်။ ထို့ပြင် ဝေထန်းချောင်အတွက် မြူနှင်းခြေလှမ်းနှင့် အရိပ်စစ်သည် ပညာရပ်များကို ရွေးချယ်ပေးသည်။

မြူနှင်း ခြေလှမ်းမှာ အရှောင်အတိမ်း ကိုယ်ဖော့ပညာဖြစ်ပြီး အရိပ်စစ်သည်မှာ အရိပ်စစ်သည်များကို ဆင့်ခေါ်၍ တိုက်ပွဲတွင် အသုံးချနိုင်ခြင်း ဖြစ်သည်။ အဆင့်နိမ့် ပညာများတွင် ထိုနှစ်ခုက အတော်လေး လက်တွေ့ကျ အသုံးဝင်လေသည်။

ထန်ဂျီက ဝေထျန်းချောင်ကို ဆင့်ခေါ်သူလမ်းစဉ်ရောက်ရန် တွန်းပို့နေသည်။ ဝေထျန်းချာင်က ဘာမျှ မလုပ်ပဲ ခိုင်းရတာ သဘောကျသည်နှင့် အံကိုက်ပင်။ ထို့ကြောင့်ပင် အရိပ်စစ်သည် ပညာကို ရွေးချယ်ပေးခြင်း ဖြစ်သည်။

ဝေထျန်းချာင်အတွက် ထန်ဂျီ၏ ဗျူဟာမှာ ရိုးရိုးပင်။ မြူနှင်းခြေလှမ်းဖြင့် ရှောင်၊ အရိပ်စစ်သားများနှင့် နှောက်ယှက်၍ အရုပ်ဖြင့် တိုက်ခိုက်ရန်ပင်။

ချီပညာသင် အဆင့်တွင် ပညာရပ် ရွေးချယ်ရမှုမှာ ဘောင်ကျဉ်းသည်။ အများစုမှာ ထန်ဂျီနှင့် ကျောင်းရှန်းကဲ့သို့ သိုင်းပညာအခြေပြု ပညာများဖြစ်ပြီး အနီးကပ် တိုက်ပွဲတွင် အသုံးဝင်လေသည်။

ချီပင်လယ်အဆင့်နှင့် အထက်တွင်မူ ချီရည်စက်က တစ်သောင်းအထက် ရှိလာပြီ ဖြစ်၍ ပညာရပ်များစွာ သုံးနိုင်လာသည်။ စတင်၍ ပျံသန်းခြင်းကို ထိုအဆင့်တွင် လုပ်နိုင်ချေပြီ။

ဝေထျန်းချာင်၏ လက်ရှိ ပစ်မှတ်မှာ အဆင့်ငါးအတွင်း ဝင်ရန် ကြိုးစားနေသည့် ကျောင်းသားများ ဖြစ်သည်။ သူက ထိုအဆင့်ကို ကျော်လွန်နိုင်ပါက ဝေထျန်းချာင်မှာ တိုးတက်သွားမည် ဖြစ်လေသည်။ ထို့ပြင် အကူအညီများသုံး၍ တိုက်ပွဲဝင်ခြင်းသည် ချီကုန်ခမ်းမှု နည်းသောကြောင့် ရေရှည် တိုက်ပွဲများတွင် အသုံးဝင်လေသည်။

ဝေထျန်းချာင်က ထိုပညာများတွင် ကျွမ်းကျင်လာ၍ အဝေးတိုက် ပညာ တစ်ခုနှစ်ခု ထပ်၍ တတ်လာပါက သူသည် စစ်သည်တော်နှင့် တိုက်ခိုက်သော မှော်ဆရာကဲ့သို့ ဖြစ်လာမည်သာ။ ဝေထျန်းချောင်က နောက်ရက်များတွင် ခါသီးသော လေ့ကျင့်ရေးများ လုပ်ရတော့မည် ဖြစ်သည်။ သူက မည်သည့်ပြိုင်ဘက်နှင့် တိုက်ခိုက်ရပစေ အခြေခံတော့ ရှိရမည်သာ။

တောင့်တမျှော်မှန်း အမတလမ်း (Aspiriring to the Immortal Path)Where stories live. Discover now