အခန်း (၁၀၉) ကျားဆီမှ သားရေတောင်းခြင်း (၁)

143 23 0
                                    


ကျားရဲမှာ လက်ကြီးဖြင့် ဖိနှိပ်ခံထားရလေသော်လည်း ထန်ဂျီကို မကျေနပ်မှုများစွာဖြင့် ကြည့်နေသည်။ ထန်ဂှီက ကျားကို ကြည့်ရင်း စိတ်ကို ဖြေလျော့လိုက်ရင်း အေးဆေးစွာ ပြောသည်။ "ကျုပ်ကို ဒီလို ကြည့်မနေနဲ့ ကျုပ်က ခင်ဗျားကို သတ်ဖို့ ရည်ရွယ်ချက် မရှိဘူး။ ကျုပ်လိုချင်တာက တခြား။ အဲ့ဒါက ပစ္စည်းလား လျှို့ဝှက် ပညာလား မသေချာပေမယ့် လျှို့ဝှက်ပညာ ဖြစ်မှာတော့ သေချာတယ်။ ခင်ဗျားက ကျုပ်ကို အဲ့ဒါ ပေးချင်သ၍ ကျုပ်က လွှတ်ပေးမှာ" 'ဝေါင်း' ကျားရဲက ထန်ဂျီကို ကြည့်ရင်း ဟိန်းလိုက်သည်။ ထန်ဂျီက ရယ်လိုက်သည်။"ခင်ဗျားက ကျုပ်ကို မယုံဘူးဆိုတာ သိတယ်။ ဒါပေမယ့် စဉ်းစားကြည့်။ ကျွန်တော်က ဒီကိုလာဖို့ ချီဒင်္ဂါး ထောင်ချီရင်းထားရတာ။ ခင်ဗျားကို ရောင်းရင်တောင် ကျုပ်က အရင်းမကျေဘူး။ ကျုပ်က ဒီလောက်လေး ရဖို့ ဒီလောက် ရင်းမယ် ထင်နေတာလား" ထန်ဂျီက စကားကို ခဏရပ်လိုက်ပြီးမှ ဆက်ပြောသည်။ "ကျုပ်လိုချင်တာ ခင်ဗျားမဟုတ်ဘူး။ အဲ့ဒါကြောင့်ပဲ ခုစကားပြောနေတာ။ တုံးချင်ယောင် ဆောင်မနေနဲ့။ ခင်ဗျားက လူစကားနားလည်တယ်ဆိုတာ ကျုပ်သိတယ်။ ကျုပ်က အချိန်ကုန်ခံ ငွေကုန်ခံပြီး ငတုံးကျားနဲ့ စကားပြောဖို့ မဟုတ်ဘူး။ ဒါက အရမ်းလျှို့ဝှက်ချက်ကြီး မဟုတ်တော့ သိပ်ဟန်ဆောင်မနေနဲ့" ကျား၏ မျက်လုံးများက နောက်ဆုံးတွင် ပြောင်းလဲသွားသည်။ သူက လက်ဖြင့် မြေပြင်ပေါ်တွင် စာရေးလိုက်သည်။ "မင်းက ဘာသိထားလို့လဲ"ထန်ဂျီက စာလုံးများကို ကြည့်ကာ ပြုံးလိုက်သည်။ "အများကြီးပဲ.. ဒါပေမယ့် အစတုန်းကတော့ ကျုပ်က သံသယပဲဝင်တာ။ ဒါပေမယ့် ခင်ဗျားနဲ့ ခဏခဏတွေ့ပြီးနော်က်မှာတော့ ကျုပ်က သေချာသွားတယ်"ကျားက မည်မျှပင် ဖုံးကွယ်စေကာမူ မူရင်းရှိသည့် ဉာဏ်ရည်သည် မကြာခဏ တွေ့ဆုံပါများလာပြီး ပြေးတမ်းလိုက်တမ်း မကြာခဏ ကစားရသဖြင့် ထန်ဂျီက သေချာလာခြင်းပင်။ "လရောင်လှုံဂိုဏ်းက မပြောရင် ဘယ်သူက မင်းကို ပြောတာလဲ""လရောင်လှုံဂိုဏ်းမှာတောင် ထိပ်ပိုင်းတွေကပဲ ဒီအကြောင်းသိတာ။ ဟုတ်တယ်မလား။ ကျုပ်လို ကျောင်းသား ပေါက်စလေးက ဘယ်လိုလုပ်သိမလဲ။ ဒါပေမယ့် လရောင်လှုံကျောင်းက ကျုပ်ကို ဒီလို နားလည်ဖို့ ပြောစရာ မလိုပါဘူး။ ကျွန်တော်သိဖို့က အကြောင်း ပြချက်တွေ အများကြီး ရှိပါတယ်" "အကြောင်းပြချက် အများကြီး""ဟုတ်တယ်.... ပထမတစ်ချက်က လရောင်လှုံဂိုဏ်းရဲ့ လုပ်ရပ်ပဲ။ ဘာလို့များ လရောင်လှုံဂိုဏ်းက ခင်ဗျားတို့ မျိုးဆက် အဆက်ဆက်ကို အကျဉ်းချမလဲ။ ခင်ဗျားတို့ မျိုးဆက်ကို အပြစ်ပေးဖို့လား။ ဒါက အဓိပ္ပါယ်မရှိဘူး။ လူတွေက အမုန်းတရားကြောင့် ဒါမျိုး လုပ်နိုင်ပေမယ့် အဖွဲ့အစည်းကြီးတွေအနေနဲ့တော့ လုပ်မှာ မဟုတ်ဘူး။ ဒီလို ပျင်းစရာကောင်းတဲ့ ကိစ္စမျိုးကို နှစ်ထောင်ချီပြီး လုပ်မှာကို မဟုတ်ဘူး။ သူတို့ ဒီလို လုပ်တာက လက်စားခြေဖို့ ဆိုတာထက် ဒါကပဲ လျှို့ဝှက် ရတနာကို ပြန်ရဖို့ နည်းလမ်းမလို့ပဲ။ သွေးမျိုးဆက် အမွေ...! ဒါပေမယ့် ဒါက ကွဲပြားတဲ့ သွေးမျိုးဆက် အမွေပဲ။ တခြားသားရဲတွေရဲ့ သွေးမျိုးဆက်က အင်အား၊ စွမ်းရည်နဲ့ သက်ဆိုင်တယ်။ ဒါပေမယ့် ခင်ဗျားတို့ သွေးမျိုးဆက်က မှတ်ဉာဏ်နဲ့ ဉာဏ်ရည်ပဲ။ အဲ့ဒီ အမွေခံနဲ့ဆိုရင် ခင်ဗျားက စိတ်ဖွင့် အဆင့် မရောက်ခင်ကို ဉာဏ်ရည်က ကောင်းကောင်း ရှိနေပြီ။ အဲ့ဒီတော့ ရတနာနဲ့ ပတ်သက်တဲ့ လျှို့ဝှက်ချက်က ခင်ဗျားတို့ သွေးမျိုးဆက်မှာ တည်နေတာ။ ဒါကြောင့်မလို့ လရောင်လှုံဂိုဏ်းက မျိုးဆက် တစ်ဆက်ပြီး တစ်ဆက် ခင်ဗျားတို့ကို သတ်နေတာ။ ဒါပေမယ့် မျိုးသုဉ်းသွားဖို့လည်း ခွင့်မပြုဘူး။ သူတို့က ခင်ဗျားတို့ မျိုးဆက်ထဲမှာ သူရဲဘောကြောင်တဲ့ တစ်ကောင် ပါလာပီး ရတနာကို လက်လွှဲပေးဖို့ မျှော်လင့်နေတာ။ စိတ်ကူးကတော့ စိတ်ကူးပေါ့လေ....."ဒုတိယကတော့ မှတ်တမ်းတွေပဲ။ ကျုပ်က လရောင်လှုံကျောင်းရဲ့ မှတ်တမ်းတွေကို ကြည့်ပြီးသွားပြီ။ အထူးသဖြင့် ကျားဟိန်းသံတောင်ကြားရဲ့ ကျားရဲ အမဲလိုက်ပွဲ မှတ်တမ်းတွေပဲ။ ကျောင်းတော်သားတွေက ကျားဟိန်းသံ တောင်ကြားကို တက်ပြီး မကြာခဏ အမဲလိုက်ကြတယ်။ သူတို့က လူတွေဟာ ဉာဏ်ရည်မှာ ကျားရဲထက် သာတယ်လို့ ထင်ကြပြီး ထောင်ချောက်မျိုးစုံနဲ့ လုပ်ကြတယ်။ ဒါပေမယ့် မှတ်တမ်းတွေမှာ ဉာဏ်ကစားတဲ့ လှည့်ကွက်အားလုံးက ကျရှုံးတာပဲ။ အောင်မြင်တဲ့ လူတွေအားလုံးက ရိုးရှင်းပြီး သတ္တိကြောင့် နိုင်တာချည်းပဲ။ သူတို့က ခွန်အား၊ သွေးချွေးနဲ့ ရင်းနှီးပြီးတော့မှ နိုင်ကြတာ" ကျားရဲက စ၍ ရယ်လိုက်သည်။ ကျားက ရယ်သည် ဆိုသော်လည်း အတော်လေး ကိုးလိုးကန့်လန့်နိုင်သည့် အသံမျိုး ဖြစ်သည်။ "ဒါပေမယ့် ခင်ဗျားတို့ ကျားတစ်ကောင်မှ အဆုံးသတ်မကောင်းဘူး"ကျားရဲက တိုးတိတ်စွာ ဟောက်လိုက်ပြီး ခေါင်းက ငုံ့သွားသည်။ သူတို့အနေဖြင့် ကျောင်းသားမည်မျှ သတ်ခဲ့သည် ဆိုခြင်းက အရေးမပါချေ။ ကျောင်းသားမှာ များလွန်းလှပြီး ကျားရဲမျိုးဆက် အဆက်ဆက်က အသတ်ခံနေရသည်သာ။ ထန်ဂျီက သက်ပြင်းချလိုက်သည်။ "ခင်ဗျားတို့က ဘယ်လို ရတနာမျိုး ဝှက်ထားလဲ ဘာလို့ မျိုးဆက် အဆက်ဆက် ဒီလောက် အနစ်နာခံနေရလဲ ကျုပ်မသိဘူး။ ကျုပ်နဲ့လည်း မဆိုင်ဘူး။ အဲ့ဒါကိုလဲ ကျုပ်က လိုချင်တာ မဟုတ်ဘူး" ကျားရဲ၏ မျက်လုံးက အလင်းရောင် တစ်ချက် တောက်ပသွားပြီး နောက်ထပ် စာတစ်ကြောင်း ရေးလိုက်သည်။ "မင်းက ဘာလိုချင်တာလဲ""ကျုပ်လိုချင်တာလား" ထန်ဂျီက ရယ်လိုက်သည်။ "ပထမဆုံး ကျားရဲက ရတနာကို ခိုးတော့ လရောင်လှုံဂိုဏ်းက ပြန်မိသွားတယ်။ ရတနာကိုတော့ မတွေ့တော့ဘူး။ ဒါကြောင့်မလို့ ကျားက အကျဉ်းချခံရပြီး သားစဉ်မြေးဆက်လည်း ဆက်ပြီး ဖမ်းထားခံရတယ်။ ဒါပေမယ့် အဲ့ဒီမှာ ထူးဆန်းတာ တစ်ခု ကျုပ်က သတိထားမိတယ်။ ဘာလို့များ လရောင်လှုံဂိုဏ်းက ဝိဉာဉ်ရှာ ဂါထာကို မသုံးခဲ့သလဲ.... "ပြီးတာ့ ကျုပ်ကို သားရဲတွေက လူတွေနဲ့ မတူဘူးလို့ ပြောဖို့ မကြိုးစားနဲ့။ သားရဲတွေက စိတ်ဖွင့်အဆင့်ရောက်ရင် လူယောင်ဖန်ဆင်းနိုင်တယ်။ ပြီးတော့ စိတ်က ပုံစံမဲ ဖြစ်ပြီးတော့ ဝိဉာဉ်ရှာ ပညာက ချီစွမ်းအင်နဲ့ ပုံစံမဲစိတ်ကို ပုံစံ တည်ဆောက်ပြီး ရှာတာ။ ကျုပ်က ဝိဉာဉ်ရှာပညာကို ကြုံဖူးတော့ ဒါကို သိတယ်။ ဒါကြောင့်မလို့ ယုတ္တိကျကျ ပြောရရင် ဝိဉာဉ်ရှိရင် တွေးနိုင်တယ် တွေးနိုင်ရင် ဝိဉာဉ်ရှာလို့ ရတယ်။ ကျားရဲက ဉာဏ်ရည်မြင့်ပြီး ဝိဉာဉ်ရှိတယ်။ အဲ့ဒါဆို ဘာလို့ ရှာလို့မရတာလဲ...."အဲ့ဒီမှာ လရောင်လှုံဂိုဏ်းအနေနဲ့ ဝိဉာဉ်ရှာ ပညာကို သုံးလို့ မရတာ အကြောင်း တစ်ခုပဲ ရှိမယ်။ အဲ့ဒါက ကျားရဲမှာ ဝိဉာဉ်ရှာ ပညာကို ခုခံနိုင်တဲ့ လျှို့ဝှက်ချက် ရှိလို့ပဲ....ဝိဉာဉ်ရှာ ပညာက စိတ်အပေါ်အသုံးချတာ။ ကျားရဲက ဝိဉာဉ်ရှာတာကို ခုခံနိုင်မှတော့ မှတ်ဉာဏ်တွေကတစ်ဆင့် အမွေလွှဲတာက မဖြစ်နိုင်စရာ မရှိတော့ဘူး။ ဒါက ခင်ဗျားက ဉာဏ်ရည်မြင့်တယ် ဆိုတာကို ကျုပ်ယူဆတဲ့ တတိယ အခက်ပဲ။ ပြီးတော့ အဲ့ဒါကမှ ကျုပ်လိုချင်တဲ့ဟာပဲ... ကျုပ်က အဲ့ဒီဟာကြောင့် ခင်ဗျားဆီလာတာပဲ" လှံတစ်ချောင်း ရှိလျှင် လှံကိုကာဖို့ ဒိုင်းဆိုတာ ရှိလာသည်ပင်။ ဝိဉာဉ်ရှာ ပညာတည်ရှိနေ၍ ဝိဉာဉ်ရှာခြင်းကို ခုခံနိုင်သည့် ပညာရှိသည်ပင်။ ထိုသည်က သိပ်ကြီးသော လျှို့ဝှက်ချက် မဟုတ်ချေ။ အဓိကဂိုဏ်းများတွင် ဝိဉာဉ်ရှာခြင်းကို တန်ပြန်ရန် နည်းလမ်းများစွာ ရှိလေသည်။ သို့သော် ထိနည်းလမ်းများမှာ လွှဲပြောင်းခြင်း အမွှေလွှဲခြင်းမ လုပ်ချေ။ ထိုသည်က ထိပ်ပိုင်း လူများမှသာ တိုက်ရိုက် ချပေးတတ်လေသည်။ ထို့ကြောင့်ပင် လရောင်လှုံဂိုဏ်းတွင် ဝိဉာဉ်ရှာခြင်းကို ခုခံနိုင်သည့် ပညာရှိသော်လည်း ထန်ဂျီက သင်ယူရန် မျှော်လင့်ချက် မရှိခြင်းပင်။ သူ၏ တစ်ခုတည်းသော မျှော်လင့်ချက်မှာ ကျားပင်။ ကျားတွင် ထိုပညာရှိလေသည်။ ထို့ကြောင့်ပင် လရောင်လှုံဂိုဏ်းက ကျားရဲ၏ မျိုးဆက် အဆက်ဆက် အကျဉ်းချထားခြင်းပင်။ သို‌သော် ကျားရဲမျိုးဆက် အဆက်ဆက်က နှစ်ပရိစ္ဆေဒ ကြာပြီ ဖြစ်သော်လည်း အရှုံးမပေးချေ။ လျှို့ဝှက်ချက်ကို လုံးဝ ထိန်းသိမ်းထားသည်။ ထို့ကြောင့်ပင်လရောင်လှုံဂိုဏ်းက မအောင်မြင်သေးခြင်းပင်။ထိုသည်က ရတနာသည် ပျောက်ကွယ်သွား၍ မပေးအပ်နိုင်တော့ခြင်းလား သို့မဟုတ် ရတနာက တန်ဖိုးကြီးလွန်း၍ ကျားမျိုးဆက် အဆက်ဆက်က အသက်ပေး၍ ကာကွယ်ခြင်းလား။ ထန်ဂျီက မသိချေ။ မသိလည်း မသိချင်ပေ။ သူလိုသည်က ဝိဉာဉ်ရှာခြင်းကို ခုခံနိုင်သည့် ပညာပင်။ "ခင်ဗျားက အဲ့ဒါကို ပေးမယ်ဆိုရင် ကျုပ်က ခင်ဗျားကို မသတ်ဘူး" ထန်ဂျီက ပြောလိုက်သည်။ ကျားရဲက ထန်ဂျီကို ကြည့်နေသည်။ မျက်လုံးထဲတွင် သံသယ အရိပ်များ ရှိနေသည်။ သူက မြေပေါ်တွင် ရေးလိုက်ပြန်သည်။ "ဘာလို့လဲ" ထန်ဂျီက တစ်ချက် ပြုံးလိုက်သည်။ "ဘာလို့လဲ ဆိုတော့ ကျုပ်ကလည်း ရတနာတစ်ခု ရထားတယ်။ အဲ့ဒါကလည်း ခင်ဗျားတို့ ဘိုးဘေး ခိုးခဲ့တဲ့ ရတနာလိုပဲ။ တစ်ယောက်ယောက်က လိုချင်တယ် ကျုပ်က မပေးချင်ဘူး" ထန်ဂျီက ကျားနှင့် သူအား ဘဝတူ ဖြစ်ကြောင်း အေးဆေးစွာ ပြောလိုက်သည်။ ကျားရဲ မျိုးဆက် အဆက်ဆက်က လူများ၏ နှိပ်စက်ခြင်း ခံခဲ့ရသည်။ ထို့ကြောင့် သူတို့က လူများကို အရိုးထိအောင် မုန်းလေသည်။ သေခြင်းနှင့် ခြိမ်းခြောက်သည်က အသုံးမဝင်ချေ။ ထိုသည်က အသုံးဝင်ပါက လရောင်လှုံဂိုဏ်းက သူတို့ လိုချင်သည့် ရတနာကို ရနေသည်မှာ ကြာလှချေပြီ။ သို့သော် ထန်ဂျီက ကြိုးစားရဲသည်မှာ သူလိုချင်သည်က မတူချေ။ သူကလည်း မတူချေ။ သူနှင့် ကျားရဲ၏ အခြေအနေက ဆင်တူလေသည်။ ထိုသည်က သူသည် အိမ်တော်ထိန်းချင်၏ ကိုယ်ချင်းစာမှုကို ရသည်နှင့် တူပေသည်။ သူတို့ နှစ်ယောက်လုံးက ဝူအိမ်ရှေ့တွင် ငတ်ပြတ် လဲကျခဲ့ဖူးလေသည်။ ဘဝတူများသည်က အချင်းချင်း နားလည်ကာ ဖေးမတတ်ကြသည်။ ဒုက္ခတူသော လူတိုင်းက အချင်းချင်း ကိုယ်ချင်းစာတတ်လေသည်။ ထို့ကြောင့် ထန်ဂျီက သူ့ကိုယ်သူ လရောင်လှုံဂိုဏ်း မဟုတ်ဆိုသည်ကို ပြခြင်း ဖြစ်သည်။ ထင်သည့်အတိုင်းပင် ကျားက သိလိုသွားသည်။ သူက စာထပ်ရေးလိုက်သည်။"ငါက မယုံဘူး။ မင်းတို့ လူတွေက ကောက်ကျစ်တယ်" "ကျုပ်က ခင်ဗျားကို မလိမ်ဘူး" ထန်ဂျီက အရာတစ်ခု ထုတ်ယူလိုက်သည်။ ထိုသည်က သိုင်းသခင် ကြေးမှုံပင်။ "ဒါကိုကြည့် ဒီပေါ်က စာလုံးကို ကြည့်။ ဒီထဲမှာ ရှိနေတဲ့ စွမ်းအင်ကို ခံစားကြည့်" သူက သိုင်းသခင်ကြေးမှုံကို ကျား၏ မျက်နှာနားသို့ တိုးပြလိုက်သည်။ ကြေးမှုံပေါ်မှ စာလုံးကို ကျားမြင်အောင် ပြလိုက်သည်။ ကြေးမှုံမှ ထွက်လာသည့် စွမ်းအင်က ကျားအား ဖိနှိပ်သွားသည်။ ထန်ဂျီက ကြေးမှုံကို သိမ်းလိုက်သည်။"ခင်ဗျားက ဘိုးဘေးတွေရဲ့ မှတ်ဉာဏ်ကို ဆက်ခံထားတော့ လရောင်လှုံဂိုဏ်းမှာ ဒီရတနာမျိုး မရှိတာ သိမှာ ပါ။ ဒီရတနာက လွန်ခဲ့တဲ့ နှစ်သောင်းချီက အမွေအနှစ်ပဲ။ ဒါက ရတနာသိုက် တစ်ခုကို ဖွင့်ဖို့ သော့ပဲ။ လူအတော်များများက လိုချင်ကြတယ်..." ကျားရဲက ထန်ဂျီကိုကို ကြည့်ရင်း စာရေးလိုက်ပြန်သည်။ "ဘာလို့ သူတို့က မင်းကို မဖမ်းသေးတာလဲ""ဘာလို့လဲဆိုတော့ ကျုပ်မှာ အဲ့ဒါရှိတယ်လို့ သူတို့က သေချာ မသိသေးတာပဲ။ ဒါပေမယ့် သူတို့က သံသယ ဝင်နေတယ်။ ကျွန်တော် ဘယ်သူလဲ သိသွားဖို့ အချိန်က သိပ်မကျန်လောက်ဘူး။ အဲ့ဒီအခါကျရင် သူတို့က ကျုပ်ကို ဖမ်းပြီး စစ် ဝိဉာဉ်ရှာမှာပဲ""မင်းက ပြေးလို့ ရတာပဲ""ကျုပ်က မပြေးဘူး။ ပြေးတာနဲ့ ပေါ်မှာပဲ။ ကျုပ်က မျိုးဆက် အဆင့်ဆင့် ဉာဏ်ရည် လက်ဆင့်ကမ်းနိုင်တဲ့ သားရဲ မဟုတ်ဘူး။ ပြီးတော့ သားရဲတိုင်းကလည်း ဒီလို လုပ်နိုင်တာ မဟုတ်ဘူး။ လူတွေက စွမ်းရည် အမွေဆက်ခံဖို့ဆိုတာ သင်ကြားခြင်းကနေပဲ ရတာ။ ကျုပ်က သင်ကြားမှုကို မရရင် အမတလှေကားကို ဘယ်လို တက်နိုင်မလဲ" "မင်းက အကျဉ်းချခံရပြီး နှိပ်စက်ခံရမှာ""ကျုပ်က ပြင်ဆင်ထားရင် ဒါမျိုး မဖြစ်ဘူး။ ဆန့်ကျင့်ဘက်အနေနဲ့ ကျုပ်က အဲ့ဒီကနေ အကျိုးအမြတ်တောင် ရအောင် လုပ်လို့ ရတယ်......"ထန်ဂျီက သူ့ဇာတ်လမ်းကို အသေးစိတ် ပြောပြတော့သည်။ သူက မည်သည့် အရာကိုမျှ ထိန်ချိန် မထားချေ။ သူက ရှုမုယန် အကြောင်း ဝေအိမ်တော်မှ သူ့အကြောင်း သူ၏ အစီအစဉ်များ သူက နတ်ခေါင်းနန်းတော်နှင့် လရောင်လှုံဂိုဏ်း၏ သံသယကြား မည်သို့ အမြတ်ထုတ်ကြောင်း စသဖြင့် စသဖြင့် ပြောလေသည်။ သူက စိတ်ပါစွာ ရိုးသားစွာ ခံစားချက် ပါပါကို ပြောလေသည်။ ထိုသည်က မသေခင် ဘဝအကြောင်းနှင့် သူ့အမှားများအကြောင်း ဝန်ခံနေသော အဘိုးကြီးကဲ့သို့ပင်။ သူ၏ လေသံမှာ ခံစားချက်များ ပြည့်နေပြီး မနှေးမမြန် ပြောနေသည်။ သူ၏ လေသံနှင့် ပြောပုံ ဆိုပုံက ကျားရဲအား ခံစားချက်ကို နားလည်စေလေသည်။ သူ၏ အကူအညီမဲ့မှု အမုန်းတရား စသဖြင့် စသဖြင့် ပြောသည်။ ထန်ဂျီက သူဘယ်သူ့မှ မပြောပဲ ထားသည့် ကိစ္စများကို ရေတံခွန်ကျသကဲ့သို့ တရစပ် အိတ်သွန်ဖာမှောက် ပြောနေသည်။ သူက သူ၏ မဟာဆန္ဒ ဖြစ်သော နတ်ခေါင်းနန်းတော်ကို ဖျက်ဆီးရန် အကြောင်း ပြောသည်။ ထိုသည်က ကျားရဲကို သူ့ဘိုးဘေးများ ကျိန်ဆိုခဲ့သည့် အရာကို အမှတ်ရစေသည်။ သူက ကျောင်းရှန်းနှင့် တိုက်ပွဲအကြောင်း ပြောသည်။ ထိုသည်က ကျားရဲကို ကျောင်းသားများနှင့် တိုက်ပွဲအကြောင်း အမှတ်ရစေသည်။ သူက မကြာမီ ကြုံရမည့် ကိစ္စရပ်အကြောင်းကို ပြောသည်။ ကျားရဲက သူသည် ဤတောင်ပေါ်တွင် မကြာမီ သေရမည့် အကြောင်းကို သတိရသွားစေသည်။ ကျားတစ်ကောင်နှင့် လူတစ်ယောက်က အစီအရင်ထဲတွင် ထိုင်ကာ စကားပြောနေသည်။ လူကပြောသည်။ ကျားရဲက တွေးသည်။ နောက်ဆုံးတွင် ထန်ဂျီက သူ့အကြောင်း အားလုံး ပြောဿ ပြီးသွားသည်။ "ဒါက ကျုပ်ဇာတ်လမ်းပဲ။ ဒါကပဲ ဘာကြောင့် ခင်ဗျားဆီလာတာလဲပဲ။ ကျုပ်က လူဆိုပေမယ့် ခင်ဗျားလိုပဲ တစ်နေ့နေ့မှာ ကျုပ်က အကျဉ်းသား ဖြစ်ကောင်း ဖြစ်လာမှာ။ ဒါက လရောင်လှုံဂိုဏ်း ဒါမှမဟုတ် နတ်ခေါင်းနန်းတော် ဖြစ်မှာပဲ။ကျုပ်က ခင်ဗျားတို့လိုတော့ မျိုးရိုးစဉ်ဆက် အကျဉ်းချခံရမှာ မဟုတ်ဘူး။ သူတို့က ကျုပ်ကို ဝိဉာဉ်ရှာပြီး သူတို့ လိုချင်တာ သိသွားမယ်။ ဒါကြောင့် ကျုပ်က ဝိဉာဉ်ရှာခြင်းကို ခုခံဖို့ နည်းလမ်းလိုတယ် ဒါမှသာ ကျုပ်အနေနဲ့ သေလမ်းကို ရှောင်နိုင်မှာ..."ကျုပ်က သေမှာကို မကြောက်ဘူး ဒါပေမယ့် အသက်ရှင်မှ အများကြီး လုပ်နိုင်မှာ။ ဒါကြောင့်မလို့ ကျုပ်က အဲ့ဒီလူတွေကို ဆန့်ကျင်ဖို့ ခင်ဗျားဆီက ပညာကို လိုတာ။ နတ်ခေါင်းနန်းတော်ကော ခင်ဗျားမုန်းတဲ့ လရောင်လှုံဂိုဏ်းရော။ ခင်ဗျားက သူတို့ကို မုန်းရင် အဲ့ဒီ ပညာကို ကျုပ်ကို သင်ပေး.."

တောင့်တမျှော်မှန်း အမတလမ်း (Aspiriring to the Immortal Path)Where stories live. Discover now