အခန်း (၂၆) အပါးတော်မြဲနေရာအား ငြင်းခြင်း

206 33 0
                                    


ရက်အနည်းငယ်နားပြီးနောက် ထန်ဂျီက ပြန်ကောင်းလာခဲ့သည်။ သူက ထို မသေမျိုး ဆေးတစ်ဗူးလုံးကို စားလိုက်သည်လေ။ အလွဲသုံးစား လုပ်ခြင်းဆိုသည်မှာ သေးရာမှ ကြီးလာတတ်သည်မျိုးပင်။ ထန်ဂျီက သစ်ပင်ရုပ်လုံးဖော်ရန် နန်းကြိုးဝယ်ခြင်းမှ အနည်းငယ် အလွဲသုံးစား လုပ်ခြင်းကဲ့သို့ သေးငယ်သော အလုပ်များကို ပျင်းလာခဲ့ပြီ ဖြစ်၍ ထိုသို့ ဆေးတစ်ပုလင်းလုံးကို အလွဲသုံးစား လုပ်လိုက်ခြင်းအတွက် သူ့ကိုယ်သူ ကျေနပ်နေသည်။

ဝေသခင်မက ထန်ဂျီ သက်သာလာသည်ကို ရှီယွန်ကို သူ့အား ခေါ်လာတွေ့ခိုင်းလေသည်။

ယခင်နှင့် မတူညီစွာပဲ ယခု ထန်ဂျီ တွေ့ရသည်မှာ သခင်မ တစ်ယောက်တည်း မဟုတ်ပဲ သခင်ကြီး ဝေတပိုင်နှင့် ဝေကလန်မှ ငှားရမ်းထားသော မသေမျိုးသခင် လုချန်းယန်ပါ ပါလေသည်။

ဝေတပိုင်မှာ ခေါင်းမာတတ်၍ ဆွဲဆောင်လွယ်သောသူ မဟုတ်မှန်း တစ်ချက်ကြည့်ရုံနှင့် သိသာသော ပုံမျိုး ဖြစ်သည်။ သူက လေးထောင့်စပ်စပ် မျက်နှာရှိပြီး အပြုံးအရယ်နည်းကာ တည်ကြည်၍ စီးပွားရေးကို ဇောက်ချလုပ်တတ်သူမျိုး ဖြစ်သည်။

"ထန်ဂျီက သခင် သခင်မနဲ့ ချီဆရာသခင်လုတို့ကို ဂါရဝပြုပါတယ်" အခန်းထဲဝင်ဝင်ချင်းပင် ထန်ဂျီက သုံးယောက်လုပ်အား ဦးညွှတ်လိုက်သည်။

"ထိုင်ပါ" ကျန်းရှုဖန်က ပြုံး၍ ပြောလိုက်သည်။ သူမက ထန်ဂျီအား အလွန်သဘောကျပြီး ကြင်နာစွာ ဆက်ဆံသည်။

"သခင်နဲ့ သခင်မရှေ့မှ ကျွန်တော်မျိုးက မထိုင်ရဲပါဘူး"

"နင့်ဒဏ်ရာတွေက ခုမှ သက်သာလာတာ ဆိုတော့ သိပ်ယဉ်ကျေးနေစရာ မလိုဘူး" သူမက ထိုသို့ပြောရင်း အခြားအစေခံများကို ခွေးခြေခုံတစ်လုံး ယူခိုင်းလိုက်သည်။ ထိုအချိန်မှသာ ထန်ချီက ထိုင်လိုက်လေသည်။

ထန်ဂျီ ထိုင်ပြီးနောက်တွင် သခင်မက ပြောသည်။

"နင်က မမျှမတ ဆက်ဆံခံခဲ့ရတယ်။ နင်လုပ်ခဲ့တာ ကောင်းတယ် ဒါပေမယ့် ချောင်အာက နမော်နမဲ့ နိုင်ခဲ့တာ။ နင့်ကို ခုခေါ်တာက ဆုပေးဖို့ပဲ"

တောင့်တမျှော်မှန်း အမတလမ်း (Aspiriring to the Immortal Path)Where stories live. Discover now