အခန်း (၉၈) ယိယိ အရွယ်ကြီးလာခြင်း

157 25 0
                                    

အလင်းတစ်ချက် လက်သွားကာ ထန်ဂျီက တောင်ကြားအဝတွင် ပြန်ပေါ်လာသည်။ သူက ကျောတွင် အထုပ်ကြီး တစ်ထုပ် လွယ်ထားလေသည်။ သူက ထိုအချိန်တွင် လှောင်ရယ်သံတစ်ခု ကြားလိုက်ရသည်။ အဝင်ဝရှိ ကျောင်းသားများ၏ သူ၏ စုတ်ပြတ်သတ်နေသော ပုံကို ကြည့်၍ သူသည် သားရဲတစ်ကောင်ကြောင့် အတင်းထွက်လာရသည်ဟု ယူဆလိုက်ကြသည်။

သူက အတော်လေး စုတ်ပြတ်နေသော အနေအထားတွင် ရှိလေသည်။ သူ၏ အဝတ်များမှာ မီးလောင်သွားပြီး သူ၏ ခန္တာကိုယ်တွင် ကျားကြောင့် ဒဏ်ရာဒဏ်ချက် များစွာ ရှိနေလေသည်။ သူက မည်မျှ ပြန်ကောင်းနှုန်း ကောင်းသည်ဖြစ်စေ ဤမျှတော့ မမြန်ချေ။

ထန်ဂျီက ထိုသူတို့အား ဂရုမစိုက်ပဲ နံရံတွင် မှီ၍ နားနေလိုက်သည်။

ထိုအချိန်တွင် သူက သူ့အိတ်ပေါ့သွားသည်ကို ခံစားလိုက်ရသည်။ ယိယိက နိုးလာကာ ပတ်ဝန်းကျင်ပြောင်းသွားမှန်း သိသဖြင့် ပန်းအဖြစ် ပြောင်းသွားကြောင်း သူက သိလိုက်သည်။ ထိုအခါမှသာ သူက အထုတ်ကို ဖြေလိုက်သည်။ ဆေးပင်များကြားတွင် နှင်းဆီစိမ်း တစ်ပွင့်က လှပစွာ ရှိနေသည်။ ထန်ဂျီက နှင်းဆီပန်းကို ယူ၍ သိမ်းလိုက်သည်။ ထို့နောက်သူက အိတ်ကို မကာ ရွာသားများဆီ လျှောက်သွား၍ ပစ်ပေးလိုက်သည်။

"ဒါက ဘယ်လောက် ရမလဲ"

ရွာသားက အိတ်ထဲမှ အရာများကို ကြည့်လိုက်သည်။

"မင်းဝတ်ထားတဲ့ ဝံပုလွေသားရည်နဲ့ပါဆိုရင် ဒင်္ဂါး ၁၂၁ ပြားရမယ်"

"ကျွန်တော့်ကို အဝတ်တစ်စုံပေး"

ရွာသားက ချည်ကြမ်းအဝတ်တစ်စုံ ထုတ်ကာ ပစ်ပေးလိုက်သည်။

"ဒါက အသစ်ပဲ။ အလကားပေးလိုက်မယ်"

"ကျေးဇူးပါ"

ထန်ဂျီက အကွယ်တစ်နေရာသို့ သွား၍ အဝတ်လဲကာ ပြန်လာလိုက်သည်။ ရွာသားက ချီဒင်္ဂါးများ သူ့ကို လှမ်းပေးလိုက်သည်။ သူ့ပုခုံးကို ပုတ်၍ ရွာသားက ပြောသည်။

"ပထမဆုံး အကြိမ်မှာ ဒီလောက်ဆိုတာ အတော်လေး ကောင်းတယ်"

"ဒါပေမယ့် အရှုံးပေါ်တာပါပဲ" ထန်ဂျီက ပြောလိုက်သည်။

တောင့်တမျှော်မှန်း အမတလမ်း (Aspiriring to the Immortal Path)Waar verhalen tot leven komen. Ontdek het nu