Arc 5.1

13.6K 933 14
                                    

Unicode

"နင်ခုနက သတ္တိ​တွေအရမ်းရှိ​နေတာမဟုတ်ဖူးလား
အခု အဲ့ဒီသတ္တိ​တွေဘယ်​ရောက်သွားပြီလဲ"

"ဘာလဲ ​သေချင်​ယောင်​ဆောင်​​နေတယ်ဟုတ်လား..ဒီ​နေ့ဒီ​နေရာကိုသန့်ရှင်း​ရေးမလုပ်နိုင်ရင် ဘာဆက်ဖြစ်မယ်ဆိုတာ ​စောင့်ကြည့်ထားလိုက်​တော့"

သန့်စင်ခန်းတစ်ခုထဲမှာမိန်းကလေးတစ်စုက ကောင်မလေးတစ်ယောက်ဘေးမှာဝိုင်းနေကြတယ် ကလေးမလေးရဲ့အဝတ်တွေကစိုရွှဲနေပြီးတော့အထဲကအသားကိုတောင်ဖောက်မြင်နေရတယ်အဲ့ဒါကြောင့်အထဲကသူမရဲ့လှပတဲ့ခန္ဓာကိုယ်ကပေါ်လွင်နေတယ်မိန်းကလေးတစ်ယောက်ကသူမကိုခြေထောက်နဲ့ကန်လိုက်ပေမဲ့ဘာတုံ့ပြန်မှုမှပြန်မလာဘူး

"သေချင်ယောင်ဆောင်နေတာရပ်ပြီးထစမ်းပါ,!! ငါနင့်ကိုထခိုင်းနေတယ်လေဟဲ့!!"

ရှီရှန်းကဝမ်းဗိုက်နားကနာကျင်မှုကိုခံစားလိုက်ရတယ် သူမရဲ့မျက်ခွံတွေကလေးလံနေပြီးတော့မျက်လုံးကိုအတော်ကြာမှဖွင့်နိုင်တယ် သူမရဲ့မြင်ကွင်းကမှုန်ဝါးနေပြီးစူးရှတဲ့အလင်းရောင်ကြောင့်မျက်ရည်တွေတောင်ထွက်လာတယ်

"ထစမ်းးး,နင်ကအလုပ်ခံချင်လို့လှဲပြနေတာလား,သူမအဝတ်တွေချွတ်ပစ်လိုက်စမ်း"

'ငါ့အဝတ်အစားကိုချွတ်မယ်ဆိုပဲ,ဘယ်ခွေးမလေးကများချွတ်ရဲတာလဲ'
ရှီရှန်းကခေါင်းကိုက်နေတုန်းပဲပြီးတော့သူမလက်ကိုတစ်ယောက်ယောက်ကချုပ်ထားပြီးတော့အခြားတစ်ယောက်ကအဝတ်တွေချွတ်နေတာကိုခံစားမိလိုက်တယ် သူမကအပေါ်ဝတ်ပဲဝတ်ထားပြီးသူမအတွင်းအဝတ်တွေကအစမြင်နေရပြီ

အဲ့လိုနဲ့ရှီရှန်းကရုတ်တရက်ကြီးထရပ်လိုက်တယ် သူမမြင်ကွင်းကလုံးဝကိုရှင်းလင်းသွားပြီးသူမရဲ့ကြည်လင်တောက်ပတဲ့မျက်လုံးတွေကအေးစက်နေတယ် အဲ့အကြည့်ကိုမြင်လိုက်ရတဲ့အခါမှာသူမအဝတ်တွေချွတ်နေတဲ့တစ်ယောက်ကကြောင်ပြီးရပ်သွားတယ်

"ဆက်ချွတ်လေဘာဖြစ်လို့ရပ်သွားတာလဲ,"
ရှီရှန်းကခပ်ရွဲ့ရွဲ့ပြုံးပြလိုက်တယ်

သူမအသံကငရဲကနေလာတဲ့အတိုင်းအေးစက်နေပြီးတော့ကြားရသူတိုင်းရဲ့နှလုံးသားအထိတုန်လှုပ်သွားစေတယ်

ရှီရှန်း  (ရှီရှန်း) Book 2  Arc 5 to Arc 10Where stories live. Discover now