Arc 6.10

3.5K 579 30
                                    

Unicode

Server​တွေ​ပေါင်းစည်းလိုက်တဲ့ရလဒ်အ​နေနဲ့ ဂိမ်းဖိုရမ်မှာ  updateနဲ့ပတ်သက်တဲ့သတင်း​တွေခန့်မှန်းချက်​တွေဆက်တိုက်ဆိုသလိုတက်​နေတယ်

Serverပြန်ပွင့်လာတာနဲ့ ကစားသမား​တွေက အ​ပြေးအလွှားlog in၀င်လာကြပြီးမြင်ကွင်းအသစ်ကိုစူးစမ်း​နေကြတယ် ရှီရှန်းက​တော့ အင်တာနက်လိုင်းသိပ်မ​ကောင်းတဲ့အတွက် log in၀င်ဖို့ မိနစ်၂၀​လောက်​စောင့်လိုက်ရတယ်
ဂိမ်းထဲကို၀င်သွားတာနဲ့ အစိမ်းသက်သက်ဖြစ်​နေတဲ့ပတ်၀န်းကျင်ကသူမကို​စောင့်ကြို​နေတယ်
တစ်ခါမှမမြင်ဖူးတဲ့ဂိုဏ်းနာမည်​တွေကလည်း အများကြီးပဲ...

ရှီရှန်းက ​မြေပုံကိုဖွင့်ကြည့်လိုက်​တော့ ဂိမ်းအပြင်ဆင်ကအ​တော်များများ​ပြောင်းလဲသွားတာကို​တွေ့လိုက်ရတယ်
ဂိမ်းထဲမှာ နတ်ဘုရားနဲ့မ​ကောင်းဆိုး၀ါးဆိုပြီးအဖွဲ့ကြီး၂ဖွဲ့ခွဲထားတယ်
လူသား,နတ်သား/နတ်သမီး​တွေနဲ့ဗုဒ္ဓ မျိုးနွယ်စု​တွေက နတ်ဘုရားအဖွဲ့ကြီးထဲမှာပါ၀င်ပြီး ၀ိညာဥ်,မိစ္ဆာနဲ့သရဲမျိုးနွယ်စုတို့က​တော့ မ​ကောင်းဆိုး၀ါးအဖွဲ့ကြီးထဲကပဲ....

အဖွဲ့ကြီးနှစ်ဖွဲ့ရဲ့ဌာနချုပ်​တွေက မျက်နှာချင်းဆိုင်ရှိ​နေကြတယ်

ဂိမ်းရဲ့updateက ​နေရာအသစ်​တွေကိုဖွင့်​ပေးလိုက်ရုံတင်မကဘူး ​နောက်ဆုံးlevelသတ်မှတ်ချက်ကိုပါ တိုးမြှင့်​လိုက်တယ် အခုချိန်မှာ အမြင့်ဆုံးlevelက level 120ပဲ....

ရှီရှန်းတို့အရင်က​ဆော့​နေကျ နယ်​မြေရဲ့နာမည်က *တို​တောင်း​သောအိပ်မက်* ဖြစ်တယ်
အခု *တို​တောင်း​သောဘ၀*နဲ့ serverချင်း ​ပေါင်းလိုက်တဲ့အတွက် လူသစ်​တွေကို​တွေ့လာရတာ မထူးဆန်းဘူး
ရှီရှန်းက *တို​တောင်း​သောဘ၀*ထဲကိုတစ်ခါမှမ​ရောက်ဖူး​ပေမယ့် အချို့ကစားသမား​တွေက​တော့ ​ရောက်ဖူးကြတယ် အဲ့ဒါ​ကြောင့် ဂိမ်းဖိုရမ်ထဲမှာ ဒီအ​ကြောင်းကို ​လေ့လာသုံးသပ်ထားတဲ့ post​တွေရှိတယ်
[Serverနယ်​မြေနှစ်ခု​ပေါင်းစပ်သွားမှသာ ​မြေပုံအပြည့်အစုံကိုရပါလိမ့်မယ်...တကယ်ပါပဲ...ဂိမ်းတီထွင်သူကို​လေးစားလိုက်တာ....
မိမိတို့serverမှာရှိတဲ့*ကြယ်စင်ခုနစ်သိန်းတာ၀ါ*ကိုရှင်းလင်းပြီးသွားတဲ့  နယ်​မြေနှစ်ခုကသာ နတ်ဘုရားနှင့်မ​ကောင်းဆိုး၀ါးဌာနချုပ်ကိုဖွင့်နိုင်လိမ့်မယ်...

ရှီရှန်း  (ရှီရှန်း) Book 2  Arc 5 to Arc 10Where stories live. Discover now