Arc 8.26

3.5K 659 6
                                    

Unicode

တစ္ဆေဘုရင်ကဒေါသအရမ်းထွက်ပြီးတော့နဥ်ရှန့်ကိုကိုင်ပေါက်လိုက်တာကြောင့်သူမနံရံနဲ့ရိုက်မိပြီးတော့ရင်ဘတ်အောင့်သွားတယ်

"ကျွန်မ မလုပ်ဘူး ဒါတွေအားလုံးကသူတို့စီစဥ်ထားတဲ့ဟာတွေ, ရှင်သူတို့ကိုယုံလို့မဖြစ်ဘူး''နဥ်ရှန့်ကတစ္ဆေဘုရင်ရဲ့ခြေထောက်ကိုဖက်ထားပြီးတော့အသဲအသန်ငိုကြွေးနေတယ်

"မင်းစကားတွေကိုငါ့နားနဲ့သေသေချာချာကြားခဲ့ရတာ,အဲ့တာကိုများငါ့ကိုထပ်ပြီးလိမ်ချင်သေးတယ်ပေါ့'' တစ္ဆေဘုရင်သူမရဲ့ရင်ဘတ်ကိုခြေထောက်နဲ့ဖိနင်းထားတယ်

"အားးး''

နဥ်ယန်ကတော့ဘာမှမလုပ်နိုင်ဘူး ဖုန်းကျင်းရဲ့အင်းစာရွက်တွေကြောင့်သူ့မှာကြောင်ပြီးတော့,သူ့အမနာကျင်နေတာကိုသာရပ်ကြည့်နေရတယ်

"သူမကိုကြည့်လိုက်ပါဦး,အခြားယောကျာ်းတစ်ယောက်ရှိနေပြီ,နိုးထစမ်းပါ,သူမကရှင့်ကိုကြိုက်တော့မှာမဟုတ်ဘူးဘယ်တော့မှာလည်းကြိုက်မလာနိုင်တော့ဘူး,ဟားဟား''နဥ်ရှန့်ကဖုန်းကျင်းနဲ့ရှီရှန်းတို့ကိုစိုက်ကြည့်ပြီးတော့ပြောတယ်

"အဓိပ္ပါယ်မရှိတာတွေ''တစ္ဆေဘုရင်ကနဥ်ရှန့်ကိုရိုက်ချပစ်လိုက်တယ်

နဥ်ရှန့် ကမြေပြင်ပေါ်မှာဒူးထောက်လျက်သားဖြစ်နေတယ်သူမကလှောင်ပြောင်နေတဲ့ရယ်သံနဲ့ပြောတယ်''အဓိပ္ပါယ်မရှိတာတွေ??အဲ့တာဆိုလည်းရှင်နောက်ကိုလှည့်ပြီးဘာလို့သေချာမကြည့်ရဲရတာလဲ,ဟုတ်တယ်အစကကျွန်မညာပြောတယ်အခုကတော့ညာပြောနေတာမဟုတ်ဘူး''

တစ္ဆေဘုရင်ကဒေါသတွေထွက်လွန်းလို့နဥ်ရှန့်ကိုထပ်ခါထပ်ခါရိုက်ချတယ်ဒါပေမဲ့သူမက ပြန်မခုခံဘဲနဲ့လှောင်ပြောင်တဲ့ရယ်သံနဲ့ပဲအကျယ်ကြီးရယ်တယ်

"ရှင်ကငကြောက်ပဲ'' နဥ်ရှန့်ကအော်ပြောတယ်

"ငါကငကြောက်တဲ့လား...''တစ္ဆေဘုရင်ကဒီစကားလုံးတွေကြောင့်ကြောင်သွားပြီးတော့မေးတယ်

"ငကြောက်မဟုတ်ရင်ဘာဖြစ်ဦးမှာလဲ,အရင်တုန်းကကျွန်မရှင့်ကိုပြောဖူးတယ်မလား,နဥ်ရင်းကအခြားတစ်ယောက်နဲ့ပြေးသွားပြီဆိုတာ,အဲ့တုန်းကအမှန်တရားကိုရှာလေ,သူ့နောက်ကိုရှင်ကလိုက်သွားရမယ့်အစားအိမ်တော်တစ်ခုလုံးကိုသာရှင့်ဒေါသဖြေဖို့သတ်ပစ်တယ်,ရှင်ကငကြောက်မဟုတ်ရင်ဘာလဲ''

ရှီရှန်း  (ရှီရှန်း) Book 2  Arc 5 to Arc 10Where stories live. Discover now