Arc 9.19

3K 481 4
                                    

Unicode

ယွဲ့ယောင်ကတော့စိတ်ဝေဒနာရှင်ဖြစ်သွားတယ်

ဒါကသူမပေးဆပ်သင့်တဲ့တန်ဖိုးပဲလေ

အဆိပ်တွေကမိန်းကလေးခန္ဓာကိုယ်ကိုပိုပိုပြီးတော့သဘောကျတာကြောင့်လိင်ဆက်ဆံပြီးတဲ့အခါမှာသူတို့တွေကမိန်းကလေးကိုယ်ဆီကိုပဲကူးပြောင်းသွားကြတယ်

ချန်းလန် ကဒီလိုဖြစ်သွားတာနဲ့ပတ်သတ်ပြီးတော့သူ့ရဲ့ခံစားချက်ကိုဘယ်လိုပြောပြရမှန်းမသိဘူး
သူ့နှလုံးသားထဲကနာကျင်ရတာမျိုးတော့မဟုတ်ပေမယ့်တစ်ခုခုလုပ်ပေးသင့်တဲ့ခံစားချက်မျိုးရနေတယ်

"ချန်းလန် ကိုကို'' ယွဲ့ယောင်ကချန်းလန်ရဲ့လက်ကိုကိုင်လိုက်တယ်
'' ယွဲ့ယောင်ကို အနမ်းလေးပေးပါ''

"မင်းရဲ့လက်တွေကိုအရင်ဆေးကြောပါဦး'' ချန်းလန်ကယွဲ့ယောင်ကိုပွေ့ဖို့လုပ်တယ် ဒါပေမဲ့ယွဲ့ယောင်ကမြေပြင်ပေါ်မှာဆောင့်ကြောင့်ထိုင်ချပြီးတော့ထဖို့ကိုငြင်းလိုက်ပြီးတော့သူမရဲ့မျက်နှာပေါ်ကနေမျက်ရည်တွေစီးကျလာတယ်''ဟင်းအင်း, မ လုပ်ချင်ဘူး,ယွဲ့ယောင်အနမ်းပေးတာပဲလိုချင်တာ,ကိုကို ချန်းလန် ကအရင်တုန်းကဆိုယွဲ့ယောင်ကိုအနမ်းတွေအများကြီးပေးခဲ့တာ''

ချန်းလန် ကမျက်မှောင်ကြုတ်လိုက်တယ်''ငါဘယ်တုန်းကသူမကိုနမ်းဖူးတာပါလိမ့်''

"ကျွန်မ,ဆရာကိုသွားရှာမယ်,ဆရာကအနမ်းတွေအများကြီးပေးမှာပဲ''ယွဲ့ယောင်ကအသဲအသန်ထပြီးတော့သူမစကပ်ကိုမပြီးပြေးသွားတယ်

ချန်းလန် ကယွဲ့ယောင်ပြေးထွက်သွားတာကိုရပ်ကြည့်နေတယ်သူကသူမနောက်ကိုပြေးမလိုက်ဘဲသူမပျောက်သွားတာကိုပဲငူပြီးကြည့်နေတယ်

ယွဲ့ယောင်ကသူမဆရာကိုသွားရှာတယ် ဇီဟွမ်ကိုတွေ့တဲ့အချန်မှာသူက သုန်းကျင်းတို့ကိုပြန်တိုက်ဖို့အပူတပြင်းဆွေးနွေးနေတဲ့အုပ်စုရဲ့အလယ်မှာရှိနေတယ် ယွဲ့ယောင်ဝင်လာတာနဲ့ဆွေးနွေးတာကနှောက်ယှက်ခံလိုက်ရတယ်

အဲ့တာကြောင့်ဆွေးနွေးပွဲကိုမရပ်ချင်ဘဲရပ်ထားလိုက်ရတယ်

ဒါမျိုးတွေဖြစ်တာကပထမဦးဆုံးအကြိမ်မဟုတ်ဘူး

ယွဲ့ယောင်ကပိုကောင်းဖို့အတွက်သူမကိုယ်ကိုအနစ်နာခံလိုက်တာရယ်ကျောက်စိမ်းဧကရာဇ်ရဲ့အလေးပေးမှုကိုခံရတာရယ်တွေကြောင့်မဟုတ်ရင်သူမကနှင်ထုတ်ခံရတာကြာနေပြီ

ရှီရှန်း  (ရှီရှန်း) Book 2  Arc 5 to Arc 10Where stories live. Discover now