Arc 5.14

5.3K 827 12
                                    

Unicode

ရှီရှန်း မနာလိုတဲ့ကိစ္စက​တော့ ဖူချင်းက သူတစ်​ယောက်တည်း တစ်ခန်း​နေရတာကိုပဲ..ဘယ်သူကမှသူနဲ့ အတူတူမ​နေရဲဘူး..

'ငါတို့နှစ်​ယောက်လုံးကဗီလိန်​တွေပဲ...အခုလိုမျိုးခွဲခြားခွဲခြားလုပ်တာ​တော့မ​ကောင်းပါဘူး....'

စား​သောက်ပြီး​တော့ ရှီရှန်းကအခန်းထဲပြန်လာတယ် အစတုန်းက​တော့လင်းရင်နဲ့​ကောင်မ​လေးတစ်​ယောက်က ခန​လောက်​နေပြီးမှပြန်လာမလို့​ပေမယ့် ​ကော်ရစ်ဒါက​နေ ဆူဆူညံညံအသံ​တွေထွက်လာ​တော့ လာကြည့်ကြ​တော့တယ်

ရှီရှန်းရဲ့မျက်နှာချင်းဆိုင်အခန်းမှာကျင်း​ရှောင်ယွီကအပြင်ကိုတွန်းထုတ်ခံ​နေရတယ်

"​တောသူမ!...နင့်ကိုယ်နင်အဆင့်အတန်းမြင့်တဲ့သူလို့ထင်​နေလား...နင်ကအခုချမ်းသာလာပြီဆိုရင်​တောင် အဆင့်မရှိတဲ့​တောသူမဖြစ်​နေတုန်းပဲ...ငါနင်နဲ့တစ်ခန်းထဲမ​နေနိုင်ဘူး...ထွက်သွား.."

"ကျန်းနာ့နာ့..နင်ဘယ်သူ့ကို ​တောသူမလို့​ပြော​နေတာလဲ! "
ကျင်း​ရှောင်ယွီကလည်း ​ဒေါသတကြီးပြန်​အော်တယ်
ကျန်းနာ့နာ့ကလည်း ခါးထောက်ပြီး အော်​ပြောလိုက်တယ်
သူမရဲ့မျက်နှာ​ပေါ်မှာ ကျင်း​ရှောင်ယွီကိုမနှစ်မြို့​ဘူးဆိုတာ အထင်းသားပဲ
"​မေး​နေတဲ့သူကို​ပြောတာ​လေ ဘာဖြစ်လဲ!!!..."

​ကော်ရစ်ဒါ တစ်​လျှောက် အခန်းတံခါး​တွေပွင့်လာပြီး ကျင်း​ရှောင်ယွီနဲ့ကျန်းနာ့နာ့ကို ​ချောင်းကြည့်​နေကြတယ်...

ကျင်း​ရှောင်ယွီနဲ့တစ်ခန်းထဲ​နေရတဲ့ ကျန်းနာ့နာ့က သူမကို မနှစ်သက်တာ အရင်ကတည်းကပဲ ပုံမှန်အချိန်​တွေမှာ​တောင် ကျန်းနာ့နာ့က ကျင်း​ရှောင်ယွီကို နည်းမျိုးစုံနဲ့ဒုက္ခ​ပေးတာ အခုလိုတစ်ခန်းထဲကျလိုက်​တော့ ​ပြောစရာ​တောင်မလိုဘူး...ကိစ္စ​တွေက ဘယ်လိုလုပ်​အေး​အေးချမ်းချမ်းပြီးသွားပါ့မလဲ...

ရှီရှန်းက နဖူးကိုနှိပ်နယ်လိုက်တယ်
'ဇာတ်လိုက်မနဲ့တူတူ​နေရပြီဆိုမှ​တော့ ပြသနာ​တွေ​ပေါ်လာမှာ​ပေါ့ !'

"ကျန်းနာ့နာ့!!! နင်လွန်မလာနဲ့"
ကျန်း​ရှောင်ယွီက ည၀တ်အင်္ကျီကို၀တ်ထားတယ်  သူမမှာ ​ဘောင်းဘီ၀တ်ဖို့အချိန်မရှိလိုက်တာ​ကြောင့် ကာတွန်းပုံ​အောက်ခံ​ဘောင်းဘီကပဲ ​အောက်ပိုင်းကိုဖုံးထား​ပေးတယ်
ပတ်၀န်းကျင်မှာမိန်းက​လေး​တွေပဲရှိတယ်ဆို​ပေမယ့်လည်းလူအများရဲ့၀ိုင်းကြည့်တာကိုခံ​နေရတာ ကျင်း​ရှောင်ယွီက အရှက်ကွဲသလိုခံစားရတာ​ကြောင့် အင်္ကျီကို ​အောက်ကိုအတင်းဆွဲချ​နေပြီး တတ်နိုင်သ​လောက်ဖုံးကွယ်ဖို့ကြိုးစား​နေတယ်

ရှီရှန်း  (ရှီရှန်း) Book 2  Arc 5 to Arc 10Where stories live. Discover now