Arc 5.26

5.2K 761 64
                                    

Unicode

ကိစ္စ​တွေအားလုံးကိုစီစဥ်ပြီး​တော့မှပဲ ရှီရှန်းလည်း ဖူချင်းဆီသွားပြီး နိုင်ငံခြားသွား​ဆေးကုဖို့အတွက်​ဖြောင်းဖြနိုင်တော့တယ်
ရှီရှန်း​ရောက်သွားတဲ့အချိန်မှာ ဖူမိသားစုက သူ့ကိုအဲ့ဒီအ​ကြောင်း​ပြောပြပြီးပုံရတယ်
လူတိုင်းကသတိထား​နေကြပြီး ဖူချင်းရဲ့အခန်းနားကိုဘယ်သူမှမကပ်ရဲကြဘူး

ဦး​လေးကျန်းနဲ့သက်​တော်​စောင့်အ​ဖွဲ့ကလည်း ​လှေကားနားမှာစိတ်ပူ​နေတဲ့အမူအရာ​တွေနဲ့ရပ်​နေကြတယ်

သူတို့ကရှီရှန်းကိုမြင်​တော့ ကယ်တင်ရှင်တစ်ပါးလို၀မ်းသာအားရကြိုဆိုလာကြပြီး ဖူချင်းရဲ့အခန်းဆီကိုအလျင်အမြန်​ခေါ်​ဆောင်သွားကြတယ်

ဖူချင်းရဲ့အခန်းထဲမှာ ​မှောင်မဲ​နေပြီး အမဲ​ရောင်လိုက်ကာစ​တွေက​နေရာအကြားအလပ်မရှိ​အောင်ကွယ်ထားတာ​ကြောင့်​နေ​ရောင်ခြည်တစ်စက်မှမ၀င်နိုင်ဘူး
တစ်ခုတည်း​သောအလင်း​ရောင်က အိပ်ရာ​ပေါ်မှာရှိ​နေတဲ့laptopတစ်လုံးဆီက​နေသာလာတယ်

ဖူချင်းက အိမ်ရာ​ပေါ်မှာထိုင်​နေပြီးlaptopကို နူးညံ့စွာကြည့်​နေတယ်
Laptopမှာ ဗီဒီယိုတစ်ခုကို အသံပိတ်ပြီးဖွင့်ထားတယ် ဖူချင်းရဲ့အခုလို နူးညံ့တဲ့ဘက်ခြမ်းကို သူမတစ်ခါမှမမြင်ဖူးဘူး

ရှီရှန်းကအခန်းတံခါးကိုပိတ်ပြီးဖူချင်းဆီ​ဖြေးညင်းစွာ​လျှောက်သွားတယ် laptop screenကိုသူမ​သေ​သေချာချာမြင်​နေရတယ်

ဗီဒီယိုထဲမှာ အသက် ၄/၅နှစ်အရွယ်​ကောင်​လေးတစ်​ယောက်က ထိုင်ခုံမှာကြိုးနဲ့ချည်ခံထားရပြီး ​ကြောက်လန့်တကြားရှိုက်ငို​နေတယ်
သူ့​ဘေးမှာ​လည်း အမျိုးသမီးတစ်​ယောက်ကထိုင်ခုံမှာချည်ခံထားရတယ် သူမကိုကြည့်ရတာ ​ကောင်​လေးကိုနှစ်သိမ့်​ချော့​မော့ဖို့ တစ်ခုခု​ပြောနေပုံပဲ

မြင်ကွင်းကအနည်းငယ်လှုပ်ရမ်းသွားပြီးအမျိုးသားတစ်​ယောက်ရဲ့ခန္ဓာကိုယ်တစ်ပိုင်းကိုမြင်လိုက်ရတယ် သူ့ရဲ့မျက်နှာကိုမမြင်လိုက်ရ​​ပေမယ့်လည်း အမျိုးသမီးရဲ့​ဒေါသထွက်ပြီးစိတ်ရှုပ်​ထွေး​နေတဲ့ပုံစံအရ သူကတစ်ခုခု​ပြော​နေတဲ့ပုံပဲ

ရှီရှန်း  (ရှီရှန်း) Book 2  Arc 5 to Arc 10Where stories live. Discover now