Arc 10.9

2.9K 443 0
                                    

Unicode

လျန်ကောနိုးလာတဲ့အခါမှာသူ့ဘေးပတ်ပတ်လည်မှာအလောင်းတွေဝိုင်းနေပြီးသွေးတွေလွှမ်းနေတယ်
ကြောက်ရွံမှုတွေနဲ့ပြည့်နေတဲ့အလောင်းတွေရဲ့မျက်လုံးတွေကပြူးကျယ်နေတယ်
သူမထိတ်လန့်သွားတယ်

သွေးညှီနံတြွေပည့်နေတဲ့လေကတိုက်ခတ်လာတယ်~

သူမအော်မိတော့မလို့ပဲ

ဒါပေမယ့်ကြောက်ရွံမှုကလွှမ်းမိုးသွားတော့သူမအသံတောင်မထွက်လာရှာဘူး သူမခြေချောင်းတွေအေးစက်နေပြီးတော့သွေးတွေခဲသွားတဲ့အတိုင်းပဲ

'ငါမှတ်မိတာဆိုလို့,လူတစ်စုကစီနီယာကိုအခွင့်အရေးသုံးချပြီးခေါ်ဖို့လုပ်နေတာ သူတို့တွေစီနီယာကိုဖမ်းမယ်လို့လဲငါကြားသေးတယ် ပြီးတော့ငါ့ကိုဒီလူတွေဖမ်းပြီးခေါ်ထုတ်သွားတာနေမယ်ငါအရမ်းကြီးဆူဆူညံညံလုပ်မိလို့များလား.....ဒါပေမဲ့ပြီးတော့ဘာဆက်ဖြစ်တာတုန်း,ငါ့ကိုပြန်ပေးဆွဲတဲ့သူတွေသေကုန်ပြီတဲ့လား,စီနီယာရောဘယ်မှာလဲ'

လျန်ကောကအတွေးတွေလွန်လာပြီးမျက်ရည်တွေကသူမပါးပြင်ပေါ်ကိုအဆက်မပြတ်စီးဆင်းလာတယ်
သူမကြောက်ရွံစွာနဲ့ဖုန်းကိုကြည့်မိတယ်
သူမဖုန်းခေါ်ဖို့လုပ်တဲ့အခါမှာဖျော့တော့ရှည်လျားတဲ့လက်တစ်စုံကဖုန်းကိုလာထောက်တယ်

လျန်ကောကစိတ်လွတ်သွားတယ်
သူမခေါင်းထဲဗလာဖြစ်သွားပြီ'တစ်ယောက်ယောက်ရှိနေသေးတာလား,ငါသေရတော့မှာလား'

သူမကြက်သီးတွေထလာတယ်

''အိမ်မက်ဆိုးလို့ပဲတွေးပြီးအကုန်မေ့ပစ်လိုက်''ရင်းနှီးနေတဲ့အသံကိုကြားရတော့နောက်လှည့်ကြည့်မိတယ်

''စီနီယာ!''

ခံစားချက်ကလွှမ်းမိုးလာပြီးလေညှင်းနဲ့အတူသယ်ဆောင်လာတဲ့သစ်ရွက်တို့ရဲ့တစ်ချွတ်ချွတ်မြည်သံကနားထဲဝင်လာတယ်

''ဘန်း~!''

လျန်ကောကနောက်တစ်ကြိမ်ထိတ်လန့်သွားရပြန်တယ်
.........

ပေါက်ကွဲမှုကကျောင်းနောက်မှာရှိတဲ့တောင်မှာကျင်းတစ်ခုဖြစ်သွားစေပြီ Rose Academy စီမံရေးဌာန ကိုခေါင်းစားသွားစေတယ် သူတို့တွေကအဲဒီကိုစုံစမ်းဖို့လူတွေစေလွှတ်ပေမယ့်ဘာမှမသိရဘူး

ရှီရှန်း  (ရှီရှန်း) Book 2  Arc 5 to Arc 10Where stories live. Discover now