Arc 7.1

7.1K 844 30
                                    

Unicode

[​နောက်ပိုင်းမှာ ဘာ​တွေဖြစ်လဲ ဆိုတာ ကြည့်ချင်​သေးလား ]

"ဒါ​ပေါ့"
ရှီရှန်းက အံကြိတ်ရင်း​​ပြောလိုက်တယ်
'ဟို​ခွေး​ကောင်​လေး ကျီယန် ဘယ်လိုအဆုံးသတ်သွားတယ်ဆိုတာကိုကြည့်ရမှဖြစ်မယ်..'

သူမ​သေသွားပြီးတဲ့​နောက်မှာ ကျီယန်က သူ့ကိုယ်သူအခန်းထဲမှာ တစ်လလုံးလုံး ပိတ်​လှောင်ထားတယ်
မုန်တိုင်းရှိတဲ့မနက်ခင်းတစ်ခုမှာ​တော့ ကျီယန်က သူ့အခန်းထဲကထွက်လာပြီး သူမရဲ့အ​လောင်းကိုမြှုပ်နှံထားတဲ့ သင်္ချိုင်း ဆီကိုသွားခဲ့တယ်

​သေ​သေချာချာအာရုံစိုက်ကြည့်မယ်ဆိုရင်သဲကြီးမဲကြီးရွာ​နေတဲ့မိုး​ရေထဲမှာ ​ကျီယန်ရဲ့အားပြတ်​နေတဲ့ ခန္ဓာကိုယ်​ကိုမြင်ရလိမ့်မယ်  သူ့မျက်လုံးထဲမှာ အုတ်ဂူရဲ့​ရောင်ပြန်ကိုသာမြင်ရပြီး ဘာခံစားချက်တစ်စုံတစ်ရာမှ ကျန်ရှိမ​နေ​တော့ဘူး
​အသက်ရှင်ဖို့ကိုအရှုံး​ပေးလိုက်သလိုမျိုး.......

ကျီယန်က အသက်ရှင်တဲ့အ​ငွေ့အသက်တစ်ခု​တောင်မရှိ​တော့တဲ့အ​လောင်း​ကောင်လိုမျိုး သူမရဲ့အုတ်ဂူကိုမှီပြီးထိုင်​နေတယ်

မိုးကပိုသည်းလာတာနဲ့အမျှ မြင်ကွင်းကပိုပြီးမှုန်၀ါးလာတယ်  ရှီရှန်းက ကျီယန် သူ့လက်ကို​မြှောက်လိုက်တာကိုပဲ မြင်လိုက်ရတယ်
မိုးတိတ်သွားတဲ့အချိန်မှာ  ကျီယန်ရဲ့နှလုံးခုန်သံ ကင်းမဲ့​နေတဲ့ ခန္ဓာကိုယ်ကိုပဲ​တွေ့ရ​တော့တယ်...

မြင်ကွင်းကဒီမှာပဲရပ်သွားတယ်

[ အဆုံးသတ်မှာ သူမင်းအတွက်​သေသွားတယ်...ဘယ်လိုခံစားရလဲ..]

ရှီရှန်းက ​အေးစက်စွာလဲ​လျောင်း​နေတဲ့​ကောင်​လေးရဲ့အ​လောင်းကို ဗလာဖြစ်​နေတဲ့အကြည့်နဲ့ကြည့်​နေတယ် ၁၀မိနစ်​လောက်ကြည့်​နေတာ​တောင် သူမမှာနားမလည်နိုင်တဲ့​မေးခွန်းရှိ​နေတုန်းပဲ

"သူရူးသွားတာလား.."

[............]
'ဒီ​​လောက်​တောင် heart-touchingဖြစ်​နေတဲ့ စိတ်ထိခိုက်စရာမြင်ကွင်းကို​တောင် သူမကဘယ်လိုတုန့်ပြန်​နေတာလဲ....ဘုရား​ရေ...hostအတွက်ငါ့မှာ​မျှော်လင့်ချက်လုံး၀မရှိ​တော့ဘူး.....'

ရှီရှန်း  (ရှီရှန်း) Book 2  Arc 5 to Arc 10Where stories live. Discover now