Arc 5.11

5.4K 835 28
                                    

Unicode

"ဖူချင်း!!!ရှင်တစ်ခုခု​ပြောရင် ​သေသွားမှာမို့လို့လား..."
ရှီရှန်းက စကားမ​ပြောရလို့ ပါးစပ်​ခြောက်ပြီး​သေရ​တော့မယ် ဖူချင်းကအခုထိ အသံတစ်သံမှမထွက်လာ​သေးဘူး
'ဒီလိုလုပ်​နေမယ်ဆိုရင် ငါ့ကိုဘာလို့ မနက်အ​စောကြီးလာနှိပ်စက်တာလဲ..'

ဖူချင်းရဲ့​ခြေလှမ်း​တွေရပ်သွားပြီးသူမကိုလှည့်ကြည့်တယ် သူ့မျက်လုံး​တွေကိုကြည့်ရတာစိတ်မရှည်ဖြစ်​နေပုံ​ပေါ်​ပေမယ့် သူ့ပိုက်ဆံအိပ်ကို ရှီရှန်းဆီလှမ်း​ပေးလိုက်တယ်
အဲ့ဒီအခါမှပဲ ရှီရှန်းလည်း သူ့ကို မနက်စာလှမ်း​ပေးလိုက်​တော့တာပဲ

ရှီရှန်းကသူ့ကို​စောင့်ကြည့်​နေတုန်းမှာ ဖူချင်းက သူ့ရဲ့မနက်စာကိုတစ်ချက်ပဲကြည့်ပြီး​မြေကြီး​ပေါ်သွန်ချပစ်လိုက်တယ်
"မကြိုက်ဖူး.."

ရှီရှန်း"......"
'System..နင်ငါ့ကိုတားဖို့မကြိုးစားနဲ့​တော့!!!....ဒီ​နေ့ ငါသူ့ကို​သေ​အောင်ရိုက်သတ်ပစ်မယ်..သူ့​လောက်ရွံစရာ​ကောင်းတဲ့villainမျိုး ငါတစ်ခါမှမမြင်ဖူးဘူး..ငါ့မှာ​တော့ မြို့တစ်ဖက်ခြမ်းကိုသွားပြီး သူ့အတွက်မနက်စာသွား၀ယ်ထားရတာ သူက​တော့အခုလိုလုပ်ပစ်တယ်!!!!...ဒီလိုလူမျိုးတစ်ခါမှမကြုံဖူးဘူး​ဟေ့!!!!......'

သက်တော်​​စောင့်တွေက  ရှီရှန်းဆီက​နေ ပြင်းထန်တဲ့လူသတ်ချင်စိတ်​တွေထွက်​ပေါ်လာမှန်းသတိထားမိတာ​ကြောင့် သူမဆီအမြန်​ပြေးလာပြီးနှစ်သိမ့်ကြတယ်
"မမလေး​ပေ့...​ကျေးဇူးပြုပြီးစိတ်​လျှော့ပါ...ကျွန်​တော်တို့သခင်​လေးက ဒီ​နေ့တကယ်ကိုစိတ်​ကောင်း၀င်​နေတာပါ..ကျွန်​တော်​ တောင်းပန်ပါတယ်...မမလေး စိတ်​လျှော့ပါ...စိတ်​လျှော့ပါ...."

'စိတ်​လျှော့.......

စိတ်​လျှော့...............

ငါ့ဖင်ကြီးကိုပဲစိတ်​လျှော့လိုက်.......!!!!!

ငါသူ့ကိုဒီ​​နေ့သတ်ပစ်မယ်....ကမ္ဘာကြီးရဲ့ စိတ်ပျက်စရာသတ္တ၀ါကိုရှင်းပစ်မယ်!!!!...'

"မြန်မြန်လုပ်!!!!...သခင်​လေးကို ​ခေါ်သွား.."

"မမလေး​ပေ့...​ကျေးဇူးပြုပြီးစိတ်လိုက်မာန်ပါမလုပ်ပါနဲ့...."

ရှီရှန်း  (ရှီရှန်း) Book 2  Arc 5 to Arc 10Where stories live. Discover now