Arc 9.24 END

3.8K 545 12
                                    

Unicode

ချန်ချန်ဆိုတာကရှီရှန်းမဟာကန္တာရမှာတွေ့ခဲ့တဲ့မိန်းကလေးပဲ,

ရှီရှန်းက ပြန်မှတ်မိသွားတယ်''မင်းကစကားမပြောတတ်ဘူးမဟုတ်ဘူးလား''

ကျွန်မအဲဒီမြို့မှာတုန်းကလူတစ်ယောက်ကိုတွေ့ခဲ့တယ်သူ့ကိုကျွန်မအစားအစာနည်းနည်းပေးလိုက်တော့သူကကျွန်မကိုဆေးပြန်ကုပေးတယ်

ရှီရှန်းက သက်ပြင်းအရှည်ကြီးချလိုက်ပြီးတော့သူမကြောင့်နှလုံးခုန်ရပ်တော့မယ့်အတိုင်းပဲ''မင်းတော်တော်ကံကောင်းတာပဲ''

ဒါကမဖြစ်နိုင်တဲ့အရာပဲလေ,သူမဒီလိုကန္တာရလိုနေရာမျိုးမှာကယ်တင်ရှင်တွေ့တယ်ဆိုတာက ကံကအရမ်းကောင်းနေမှရတာ

ချန်ချန်ကခေါင်းကိုငုံ့ပြီးတော့လေသံဖျော့ဖျော့လေးနဲ့မေးတယ်''မမ, ဗိုက်ဆာနေပြီလား,ဘာစားချင်လဲဟင်,ကျွန်မလုပ်ပေးမယ်လေ''

သူမကရှီရှန်း ကိုအရမ်းကျေးဇူးတင်နေတယ် သူမကြောင့်သာမဟုတ်ဘူးဆိုရင်, သူမဟာကန္တာရမြို့တော်မှာကတည်းကသေနေပြီ

ရှီရှန်းက လက်ကိုဝှေ့ယမ်းပြလိုက်တယ်''ငါအခုချိန်မှာဘာမှမစားချင်ဘူး,မျက်စိတွေကိုမှိတ်ထားချင်တယ်ခနလောက်အနားယူပါရစေ''

ရှီရှန်းက သုန်းကျင်းရှိနေတဲ့နေရာနဲ့တော်တော်ဝေးဝေးကိုရောက်နေခဲ့တာကြောင့်မို့လို့သူမအမြန်ပြေးလာရတာပင်ပန်းနေပြီ သူမအနားယူဖို့လိုတယ်

"ဟုတ်ပြီလေမမ, ကျွန်မအထဲကိုဝင်ဖို့ကူညီပေးမယ်'' ချန်ချန်ကနာခံတဲ့လေသံနဲ့ပြောတယ်

ရှီရှန်းက အိပ်ရာပေါ်ကိုလှဲချပြီးတော့တစ်ကြိမ်ထပ်ပြောတယ်''မင်းနဲ့သုန်းကျင်းကိုတွေ့ခွင့်မပေးနိုင်ဘူး,မဟုတ်ရင်ငါသေလိမ့်မယ်''

"အမ်..'' ချန်ချန်ကသူမရဲ့မမ ပုံမှန်ဖြစ်မနေဘူးဆိုတာကိုသတိပြုမိတယ် ဒါပေမဲ့သူမနောက်တစ်ကြိမ်ထပ်မေးတော့မယ့်အချိန်မှာရှီရှန်းကအိပ်ပျော်သွားပြီ

နှစ်နှစ်ခြိုက်ခြိုက်ကိုအိပ်ပျော်နေတာ

ချန်ချန်က သူမကိုစောင်လေးနဲ့ဖုံးပေးလိုက်တဲ့အချိန်မှာရှီရှန်းမျက်ခုံးတွန့်သွားတယ်ပြီးတော့မှသူမပုံမှန်ပြန်ဖြစ်သွားတယ် ချန်ချန်က အခန်းထဲကနေဖြည်းဖြည်းလေးထွက်သွားတယ်

ရှီရှန်း  (ရှီရှန်း) Book 2  Arc 5 to Arc 10Where stories live. Discover now