Arc 10.37

2.8K 456 0
                                    

Unicode

အိုက်ဝေရဲ့အေးစက်တဲ့အကြည့်တွေကစုန့်ကော်စန်းဆီရောက်သွားတယ်

စုန့်ကော်စန်းက သူမကိုကိုင်ပေါက်လိုက်တာကြောင့်အိုက်ဝေကကျောက်တုံးနဲ့ရိုက်မိတယ်

"အဲ့နေ့ကမီးထဲမှာမင်းအသက်ရှင်ခဲ့တာဘာကြောင့်လို့များထင်နေတာလဲ"

မီးထဲရောက်နေတဲ့ခံစားချက်ကသူမမှတ်ညဏ်ထဲမှာပြန်ပေါ်လာတယ် အဲ့အချိန်ကခံစားခဲ့ရတဲ့နာကျင်မှုကအခုချိန်ထိသူမကိုခြောက်လှန့်နေတုန်းပဲ

"ဗန်ပိုင်းယားတွေအကုန်လုံးကမင်းရဲ့သာမန်နောက်ခံနဲ့မင်းကိုဘာလို့အသိအမှတ်ပြုကြတာလဲဆိုတာ ဘာကြောင့်လို့များထင်နေတာလဲ"

"ဖေးချီဆိုတဲ့ကောင်ကရော မင်းကိုဘာလို့အဲ့လောက်ကူညီနေတယ်ထင်နေတာလဲ"

လူသားတစ်ယောက်ဖြစ်နေပြီးဗန်ပိုင်းယားတွေကသူမကိုဘာလို့ကြည်ဖြူနေတာလဲဆိုတာ သူမသံသယတာကြောင့်ဖေးချီကိုမေးကြည့်ဖူးတယ်

ဖေးချီက သူမကကွဲပြားတယ်လို့ပဲပြောတယ်
ဘယ်လိုကွဲပြားတာလဲ?

အိုက်ချန်ကသူမကိုငယ်ငယ်လေးကတည်းကပြုစုစောင့်ရှောက်ခဲ့ပြီးသူမမိဘတွေကသေသွားပြီလို့ပဲပြောပြထားတာကြောင့်အိုက်ဝေကသူမမိဘတွေကိုတစ်ခါမှမတွေ့ဖူးဘူး

'ငါကဘယ်သူလဲ'

"အရင်ကတည်းကငါသူမကိုယ်ဝန်မဆောင်နိုင်အောင်ဆေးကျွေးခဲ့တာပါ ငါထင်မထားတာကသူမကိုယ်ဝန်ရလာပြီးမင်းကိုမွေးခဲ့တာကိုပဲ သူမကိုကျေးဇူးတင်သင့်တယ်
မဟုတ်ရင်မင်းလိုထူးခြားတဲ့သူကိုငါဘယ်ကနေရှာမလဲမသိဘူး"

ဗန်ပိုင်းယားဘုရင်မ မှာယောက်ျားတစ်ယောက်ပဲရှိတာမဟုတ်ဘုး

ပြီးတော့ဗန်ပိုင်းယားတွေအတွက်မျိုးပွားနိုင်ချေကအရမ်းနည်းပါးတယ် အဲ့အချိန်တုန်းကသူကလည်း အဆင့်နိမ့်တဲ့ဗန်ပိုင်းယားတစ်ယောက်သာသာပဲရှိနေတာကြောင့်ကလေးအဖေကသူမဖြစ်နိုင်ဘူး ဖြစ်နိုင်တာက ဘုရင်မဘေးမှာရှိတဲ့သွေးသန့်တွေထဲကတစ်ယောက်ယောက်ပဲ

စုန့်ကော်စန်းကအိုက်ဝေနားကိုတစ်ဖြည်းဖြည်းတိုးသွားတယ် သူ့ပုံစံကကြောက်စရာကောင်းနေတယ်"မင်းအမေရဲ့အပြစ်တွေအတွက်မင်းပေးဆပ်ရလိမ့်မယ်"

ရှီရှန်း  (ရှီရှန်း) Book 2  Arc 5 to Arc 10Where stories live. Discover now