Arc 8.17

3.8K 720 24
                                    

Unicode

ရှီရှန်းအိမ်ကနေထွက်သွားပြီးလမ်းကြိုလမ်းကြားတွေထဲမှာလျှောက်ပျံနေတယ်တစ်ခါတလေသရဲတွေနှင့်​တောင်တွေ့သေးတယ်

လောကကြီးကရန်ငြိုးတွေ ,မတရားအသတ်ခံရတဲ့ဝိညာဥ်တွေနဲ့ပြည့်နေတယ် ရလဒ်အနေနဲ့ကတော့လူတွေကသူတို့သေပြီးရင်လူပြန်ဝင်စားရမယ့်အစားသရဲအဖြစ်နဲ့ဆက်လက်ရှင်သန်နေရတယ်

ရန်ငြိုးတွေအမုန်းတရားတွေမကျေနပ်မှုတွေကြောင့်သူတို့ဟာဒီကမ္ဘာထဲကနေမထွက်နိုင်ဘဲသရဲအဖြစ်နဲ့ဘဲနေကြရတယ်

ရှီရှန်းရဲ့ပုံစံကသူများတွေကိုလှောင်ပြောင်နေတဲ့ပုံပေါက်နေပြီး ဝတ်ကောင်းစားလှနဲ့လူတွေရဲ့ကြားထဲကနေဖြတ်သွားတယ်
'ဒီလူတွေကလက်ဝတ်ရတနာတွေ ဘရန်းဒက်တွေဝတ်ထားရင်တောင်မှသူတို့ရဲ့နှလုံးသားကလဲ့စားချေချင်စိတ်တွေနဲ့ညစ်ပတ်နေတာပဲ'

ဘယ်လောက်ပဲရေမွှေးတွေသုံးသုံးမိတ်ကပ်တွေလိမ်းလိမ်းသူတို့ရဲ့ဟိုးအတွင်းစိတ်ထဲကကောက်ကျစ်ယုတ်မာမှုကိုတော့ဖုံးကွယ်လို့မရဘူး

အမှောင်ထုထဲကမကောင်းဆိုးဝါးစိတ်ကသူတို့ကိုအမှောင်ထုကနေကြီးစိုးနေမှာပဲလက်စားမချေမရမချင်းရပ်မှာမဟုတ်ဘူး

ရှီရှန်းကပျံပြီးရင်းပျံနေတယ် သူမဘယ်ရောက်နေမှန်းလဲသူမသိဘူး ဘေးနားကအ​ဆောက်အအုံတွေကလဲအရင်ကထက်ပိုပုလာတယ်

သူမကြုံရာအဆောက်အအုံတစ်ခုပေါ်ကိုလှမ်းတက်လိုက်တယ် ခေါင်မိုးပေါ်မှာလဲလျောင်းရင်းကြယ်ကလေးတွေကိုမော့နေကြည့်နေတယ် လေရူးတစ်ချက်ဖြူးလိုက်တော့သူမရဲ့အပြာရောင်ဂါဝန်လေးကပျံ့လွင့်နေသလိုသူမဆံပင်တွေလဲအနောက်ကိုလွင့်နေတော့တယ်

အချိန်ကရေ​လေးတွေစီးဆင်းသွားသလိုကုန်ဆုံးသွားပြီးမြို့လေးကလဲအိပ်မောကျနေတော့တယ်

''ကယ်ကြပါဦး''

''ထွက်သွား မလာနဲ့ အားးးးး ''

သူမရုတ်တရက်ရပ်လိုက်ပြီးသူဖြတ်လာခဲ့တဲ့လမ်းကြားလေးထဲကလာတဲ့အသံဆီကိုလှမ်းကြည့်လိုက်တယ်

ရှီရှန်း  (ရှီရှန်း) Book 2  Arc 5 to Arc 10Where stories live. Discover now